အခု ကျွန်တော် ရေးမှာလည်းပဲ သီတဂူဆရာတော် တရားကို နာပြီး ရေးချင်တာ ရလာလို့ ချရေးလိုက်ပါတယ်.
ထေရ၀ါဒမှာ
ဘာမှ ထပ်ဖြည့်ခြင်း မလုပ်သင့်ဘူး
ဘာမှ နုတ်ပယ်ခြင်း မလုပ်သင့်ဘူး
ဘာမှ ပြင်ဆင်ခြင်း မလုပ်သင့်ဘူး ဆိုတာတွေကို အထောက်အထားတခုနဲ့ ပြောချင်ပါတယ်..
အဲလို ဘာမှ
ထပ်ဖြည့်
နုတ်ပယ်
တည်းဖြတ်ခြင်း မရှိတဲ့ ဘာသာကိုမှ ထေရ၀ါဒလို့ ခေါ်တွင်ခြင်း မည်ပါတယ်..
အဲတော့ အဲဒီ သုံးချက် လုပ်ထားလို့ကတော့ ထေရ၀ါဒ မမည်ဘူး မခေါ်တွင်နိုင်ပါဘူး.
ဘာလို့ ဒီလို ပြောလဲ ဆိုတော့ ..ဒီနေ့ ဆရာတော်ကြီးတရားကို နာလိုက်တာ မှတ်စရာတခု ရလာပြန်တယ်..
အဲဒါက..
မြတ်စွာဘုရားဟောထားခဲ့ တဲ့
ရဟန်း နဲ့ သာသနာ ကြီးပွားကြောင်း မပျက်စီးကြောင်း တရား ပါပဲ..
(၇)ချက် ရှိပါတယ်.

  • မပြတ်မပြတ် စည်းဝေးတိုင်ပင် ၍ စုပေါင်းဆောင်ရွက်ကြရမယ်
    (မကြာခဏ အကြိမ်များများ အစည်းအဝေးပြုလုပ်ကြရမယ်)

  • တပြိုင်နက်တည်း တညီတညွတ်တည်း စည်းဝေးကြရမယ်
    (ကိုယ်စိတ်နှစ်ရပ် ညီညွတ်စွာ ဆောင်ရွက်ကြရမယ်)

  • ကြီးသူကို ရိုသေကြရမယ်
    (သံဃာ အကြီးအကဲ မထေရ်ကြီးတို့ကို အရိုအသေအလေးအမြတ် ရှိရမယ်)

  • ရှေးမူ မပျက်ထားရမယ်
    မပညတ် ထားတာတွေကို အသစ်ထပ်ထည့်ခြင်း မပြုလုပ်ရ
    ပညတ်ထား ပြီးသားတွေကိုလည်း နုတ်ပယ်ခြင်း ပြင်ဆင်ခြင်း မပြုလုပ်ရ

  • ဆိတ်ငြိမ်မှုကို ပျော်ပိုက်ရမယ် မြတ်နိုးရမယ်

  • ဒုဏ္ခအမျိုးမျိုး ဖြစ်စေတဲ့ တဏှာကို အလိုမလိုက်ရ

  • သာသနာ ကို မြတ်နိုးတဲ့သူတွေကို ဖိတ်ခေါ်ရမယ်
    သာသနာ ကို မြတ်နိုးတဲ့သူတွေကို ပျော်အောင် ထားရမယ် စိတ်ညစ်အောင်မလုပ်ရ

ဒါဘုရားရှင် ဟောထားခဲ့တဲ့ သတိပေးခဲ့တဲ့ တရားပါပဲ.
ဘုရားရှင် ပရိနိဗ္ဗာန်မပြုမီ တနှစ်အလိုလေးမှာ မှာထားခဲ့တဲ့ တရားပါ.
အဓိကကတော့ ရဟန်းတွေကို ဟောခဲ့တာပါ.
ခေါင်းစဉ်ကိုက သာသနာတော် ကြီးပွားကြောင်းဆိုတော့..
အဲဒီ့ တရား (၇) ပါးအတိုင်း လိုက်နာ ကြမယ်ဆိုရင် သာသနာတော်ဟာ အစဉ်အမြဲ ခိုင်မြဲ နေမှာပါပဲ တိုးပွားနေမှာ ပါပဲလို့ အဓိပ္ပါယ်ရပါတယ်

ဒီ (၇) ရပ်တိုင်းမလိုက်နာခဲ့ရင် သာသနာတော် ခိုင်မြဲမှာ မဟုတ်ပါ ကိုးကွယ်သူ လျော့နည်း သွားမှာပါပဲ.
အဲတော့ ဒီတရား (၇) ပါးကို ကြည့် ခြင်းဖြင့် ကျွန်တော်တို့လည်းပဲ ထေရ၀ါဒ စစ်စစ်ကို ဘာမှ အပိုအလို မထည့်ပဲ ကိုးကွယ်သင့် ပါတယ်လို့ ဆိုချင်ပါတယ်.
ကျွန်တော် အရှေ့က ပိုစ့်မှာ ရေးထားခဲ့ တဲ့ အတိုင်းပဲ.
ထေရ၀ါဒဗုဒ္ဓဘာသာ ဆိုတာ ဗုဒ္ဓ၀ါဒ ဓမ္မ၀ါဒ အစစ်ပါ.
ဘုရားရှင် ရှိတုန်းကတော့ ဗုဒ္ဓ၀ါဒပေါ့ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နောက်ပိုင်းမှသာ ထေရ၀ါဒလို့ ခေါ်တွင်ခဲ့ပါတယ်.
ဘာလို့ ထေရ၀ါဒဟာ ဗုဒ္ဓရဲ့ ၀ါဒ အမှန်လည်း ဆိုတာတော့ ကျွန်တော် ပြောခဲ့ပြီးပါပြီ..သင်္ဂါယနာတင်တဲ့သမိုင်းပါပဲ
ဒီတော့ ဗုဒ္ဓဘာသာ အစစ်ဆိုတာ ထေရ၀ါဒ ပါပဲ
ထေရ၀ါဒ ဖြစ်ပြီဆိုရင်လည်း ဘာမှ အသစ် ထပ်ဖြည့်ခြင်း၊ နုတ်ပယ်ခြင်း၊ ပြင်ဆင်ခြင်းတွေမပြုသင့်ဘူးဆိုတာ ထင်ရှားပါတယ်.
ထေရ၀ါဒမှာ မပါတဲ့ အရာတို့ ကို အထူးရှောင်ရှားသင့်ပါကြောင်း ကျွန်တော် ပြောချင်ပါတယ်
ဘယ်အရာတွေက ထေရ၀ါဒမှာ မပါဝင်ဘူးဆိုတာတွေကို တော့ ဆရာတော်များရဲ့ တရားတွေနာယူပြီး ကိုယ်ရဲ့ ကိုးကွယ်မှုကို စစ်မှန်အောင် တိကျအောင် သန့်ရှင်းစေချင်ပါတယ်ဗျာ..
အဲဒါ ကျွန်တော့်  ဘလော့ဘ်ရဲ့ ရည်ရွယ်ချက် ပါပဲ.
ဒါကြောင့် အရှင်ကောသလ္လရဲ့ တရားတော်ထဲက အတိုင်း..ပြောရမယ်ဆိုရင်
သင်္ဂါယနာမှာ မပါတဲ့ ကိုးကွယ်မှု ယူဆမှုတွေကို ဖယ်ရှားသင့်ပါပြီ..ဘယ်လိုဟာမျိုးတွေလဲ

-ရှင်ဥပဂုတ္တ ကိုးကွယ်မှု
-နတ် တွေ ၀ိဇ္ဇာတွေကို အိမ်မှာ ပုံတွေ ရုပ်ထုတွေထားပြီး ကိုးကွယ်မှု
-သက်သက်လွတ်စားသုံးခြင်း..

- ဒါယေဘူယျ.အားဖြင့် မကျင့်သုံးသင့်သော ထေရ၀ါဒမဟုတ်သော လက်ခံယုံကြည်မှုတချို့ပါပဲ
ကျွန်တော်ပြောတာတွေမယုံရင် အရှင်ကောသလ္လ ရဲ့ တရားကို သေချာ အာရုံစိုက်နာလိုက်ပါ..
တရားတိုင်း နာဗျာ..အရှင်ကောသလ္လဆိုတာ အားလုံးသိတဲ့အတိုင်းပဲ သာသနာ ကို တိုးတက်အောင်ကြီးပွားအောင် ဆောင်ရွက်နေတဲ့ သာသနာ့အာဇာနည် တွေထဲက ရဟန်းမြတ် တပါးပဲ..
အဲဒီ့ မပညတ်ထားတာတွေ အကွန့် တက်ပြီး ကိုးကွယ်ယုံကြည်မှုမျိုး လက်ခံနေတဲ့စိတ်ထားမျိုး ရှိနေမယ်ဆိုတာဟာ သံသယပါပဲ..ဘယ်အပေါ်မှာ ဖြစ်သွားတဲ့သံသယလဲ ဆိုတော့ ဗုဒ္ဓဘာသာအပေါ်မှာလေ..
ဒါလေး ထပ်ဆောင်းကိုးကွယ် ယုံကြည်လိုက်မှ လုံခြုံသွားမယ်အားကိုးစရာဖြစ်သွားမယ်လို့ ယုံကြည်လိုက်တဲ့သံသယပါပဲ..
အဲဒီ့သံသယလေးဟာ အယူမှားခြင်း ရဲ့ အစပါပဲ..
ကိုယ်လုပ်နေတာကို အယူမှန်ခြင်ရင် ဘုရားဟောတာကို အတိအကျလေး လိုက်နာဖို့ ကောင်းတယ်..ဒါဆိုရင် ကိုယ့်ရဲ့ ဘ၀သံသရာကြီး ဟာ အယူမှန်ခြင်းကို ဦးတည်နိုင်သွားဖို့ အကူအညီ အထောက်အပံ့ဖြစ်သွားမှာ သေချာတယ်..

ထေရ၀ါဒမည်အောင် ကိုးကိုယ်ကြပါ..ထေရ၀ါဒ မမည်ရင်လည်း (အမှန်တရား) ဗုဒ္ဓ၀ါဒ အမှန်မဟုတ်တော့ပါ။

Buddhism is Universal
4:31 AM | Author: sankooo
ဒီနေ့ သီတဂူဆရာတော် တရားကို နာယူပြီး မှတ်သားလိုက်ရတာလေးက..အားလုံးသိထားသင့်တာလေးပါ..
ကျွန်တော် ရေးလိုက်တာကို ဖတ်သင့်သလို ဆရာတော်ကြီးတရားကို လည်းနာဖြစ်အောင်နာသင့်ပါတယ်..

English Poem လေးတပိုဒ်ရဲ့ ပထမ အပုဒ်ကို စရေးချင်ပါတယ်..အဲဒါက..
James Shirley (1596-1666) က ရေးသွားတာပါ..အဲ သူ့ရဲကဗျာက..

Death the Leveller

"THE glories of our blood and state
Are shadows, not substantial things;
There is no armour against Fate;
Death lays his icy hand on kings:
Sceptre and Crown
Must tumble down,
And in the dust be equal made
With the poor crooked scythe and spade."

ကဗျာလေးက ကောင်းပါတယ်..
ကဗျာလေး ခေါင်းစဉ်ရဲ့သဘောကိုက သေခြင်းတရားသာပဲ အားလုံးကို ညှိပေးနိုင်ပါတယ်တဲ့..
ပထမ အပုဒ်လေးပါပဲ အကုန်မဟုတ်သေးပါဘူး..အကုန်လိုချင်ရင်တော့ Google မှာ ရိုက်ရှာပါတော့.
အကြမ်းပြင်း ဘာသာပြန်ကြည့်မယ်ဆိုရင်
ကျွန်တော်တို့ရဲ့ အောင်မြင်ကျော်ကြားမှုတွေဟာ အတုအယောင်တွေပါပဲ
တကယ်တော့ အရေးကြီးတဲ့ အရာတွေ မဟုတ်ပါ.
သေခြင်း ပျက်စီးခြင်း တို့အတွက် အကာအကွယ်တွေ ဖြစ်လာမှာမဟုတ်ပါဘူး..
အာဏာနှင်တံ ဒါမှမဟုတ် သရဖူကို ဆောင်းထားတဲ့ ဘုရင် ဘုရင်မဖြစ်ဖြစ်..
တံစဉ် ဂေါ်ပြား ကိုပဲ ကိုင်ဆောင်ထားတဲ့ ဆင်းရဲသားလေးပဲ ဖြစ်ဖြစ်..
သေခြင်းတရားဟာ အတူတူပါပဲ.

ဒါ ကျွန်တော် ဘာသာပြန်ကြည့်လိုက်တာပါ..လိုအပ်ချက် ရှိကောင်းရှိမယ်..
မိတ်ဆွေတို့ လည်း စိတ်ပါရင် ကဗျာ အစအဆုံးရှာပြီး ဘာသာပြန်ကြည့်ကြပေါ့.
အဓိက ကျွန်တော် ပြောချင်တာက..ဒီကဗျာလေးရဲ့ သဘော အရမ်းကောင်းပါတယ်..ဒါပေမယ့် ချီးကျူးမစောနဲ့ဦး..
အဲဒီ့ သဘောကို သူတို့ ဘယ်က ယူချပြီး ရေးထားသလဲ..ဆိုတာ စဉ်းစားစရာပါ..
ဘာလို့ လည်း ထေရ၀ါဒ သဘောနဲ့ တူနေတယ်လေ..
ထင်တဲ့အတိုင်းပါပဲ..
သီတဂူဆရာတော် ဟောထားတဲ့ တရားထဲမှာ ဗုဒ္ဓ က ဒီသဘောကို အရင်တည်းက ဟောထားပြီးသားပါ တဲ့
ဆရာတော်က တော့ ပါဠိ လိုလေး ရွတ်လိုက်တယ်ဗျ..ကျွန်တော်က ချမရေးတတ်လို့ အသံဖိုင်လေး တင်လိုက်တယ်.
နားထောင်ကြည့်ပါ..
(အောက်က player လေး ဖွင့်ရင် IDM ရှိနေရင် ဒေါင်းလုပ်ပဲ လုပ်ခိုင်းပါလိမ့်မယ်..အွန်လိုင်းနားထောင်ဖို့အတွက် တော့ IDM မရှိရင် ပိုအဆင်ပြေတယ်)

[audio:http://www.fileden.com/files/2009/6/5/2466828/dhamma.mp3|autostart=no]

ဒီဖိုင်လေးကို ဆရာတော်ကြီးရဲ့ တရားထဲက ပိုင်းဖြတ်ပြီး တင်ပေးလိုက်တာပါ..
ဗုဒ္ဓ ဟောတဲ့ ပါဠိရဲ့ အနက် မြန်မာ ပြန် အကျဉ်းချုပ်လေးကလည်း ..ဒီသဘောကိုပဲ ဟောထားခဲ့ပြီးသားပါ.

ငယ်တဲ့သူပဲဖြစ်စေ ကြီးတဲ့သူပဲဖြစ်စေ သေခြင်းတရားဟာအတူတူပါပဲ
လူမိုက်ဖြစ်စေ သူတော်ကောင်းဖြစ်စေ သေခြင်းတရားဟာအတူတူပါပဲ

အဲတော့ ဗုဒ္ဓဟောထားတာများကို သူတို့ တွေ ဘယ်လို ခိုးချ အသုံးချ အတုယူ ရေးထားတယ်ဆိုတာ သိနိုင်ပါတယ်..
အဲလိုပါပဲ ဆရာတော် တရားထဲမှာ
ဗုဒ္ဓတရားများကို ခရစ်ယာန်တွေ ယူသုံးထားတဲ့ ဥပမာ တခုက..
Donelson Christian Academy, Nashville State, U.S.A.
အဲဒီ့ အမေရိကန်ခရစ်ယာန်ကျောင်းက ချမှတ်ထားတဲ့ ခရစ်ယာန် ဘုန်းကြီးတွေအတွက် စည်းကမ်းအားလုံးကလည်းပဲ..
ဗုဒ္ဓရဲ့ ရဟန်းတော်များ စောင့်ထိန်းနေတဲ့ (၂၂၇) သိဏ္ခာပုဒ် တွေထဲက ၀ိနည်းတွေကို ယူသုံးထားတယ်လို့ ဆရာတော်ကြီး အတွေ့အကြုံရ ဟောထားပါသေးတယ်.
(ဆရာတော်က အဲဒီ့ ကျောင်းမှာ စာသင်ပေးခဲ့ဖူးပါတယ်)
သူတို့ ချမှတ်ထားတဲ့ စည်းကမ်းအချက်တွေက ၀ိနည်းတွေနဲ့လာတူနေပါတယ်

ဒါဟာ ထေရ၀ါဒရဲ့ တန်ဖိုးရှိတဲ့ ၀ိနည်းတွေကို အခွင့်မရှိ ယူသုံးခြင်းတွေပါပဲ..Reference မရှိပဲ ကိုယ်တိုင်ပဲ သိသလိုလိုနဲ့ ယူသုံးထားတာ သိနိုင်ပါတယ်..
အော်..ဗဟုသုတ ရစရာ လေး ထပ်ပြောလိုက်ဦးမယ်..

ဦးကောသလ္လဟောထားတဲ့တရားထဲကပါ..
Jesus Christ သည် ဗုဒ္ဓ နောက် နှစ်ပေါင်း ၆၂၃ နောက်ကျပြီးမှ ပေါ်လာတာပါ..

ဆရာတော်ကြီးဟောလိုက်တဲ့အချက် သိပ်ကောင်းတယ်..

Buddhism is universal
ဗုဒ္ဓ၀ါဒသည် အလွန်ကျယ်ပြန့်ပြီး ကမ္ဘာကုန် လူသားအားလုံးအတွက် ဖြစ်ပါသည်။

Reference:
သာသနာတော် ကြီးပွားတိုးတက်ကြောင်းတရားတော် - သီတဂူဆရာတော်ဘုရားကြီး
http://www.daypoems.net (The DayPoems Poetry Collection)

ဘယ်အလုပ်မဆို ကိုးကားစရာ အားထားစရာ ရှိမှ ယုံစရာကောင်းပါတယ်..

ကိုးကားစရာ မရှိရင် မခိုင်မာဘူးလို့ ပြောလို့ရတယ်.

ဥပမာ- paper တစ်စောင် ရေးတဲ့အခါ references or bibliography ဆိုတာ ရှိကိုရှိရမယ်..

ဒါမှ ဒီလုပ်ရပ် ခိုင်မာတယ် လို့ ယုံကြည်လို့ ရတယ်..

ထေရ၀ါဒမှာ အားကိုးစရာ ကိုးကားစရာတွေ အများကြီးပဲ..

သမိုင်းကြောင်း ကြည့်မလား

ကျင့်စဉ်တွေကြည့်မလား

စည်းကမ်းတွေကြည့်မလား

အဲဒါတွေနဲ့ ပက်သက်တဲ့ အထောက်အထား တွေ ပြည့်စုံအောင် ရှိတယ်..

အခု ဗမာတွေ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာ ဟာ တကယ် ဗုဒ္ဓရဲ့ အယူဝါဒဘာဆိုတာ ဘယ်လိုသက်သေပြမလဲ..

အဲဒီ့အတွက် အဖြေရှိတယ်…

ဘယ်မှာမှ မရှိတဲ့ သင်္ဂါယနာ တင်တာ ထေရ၀ါဒမှာ အစဉ်အဆက်ရှိခဲ့တယ်..အဲဒါ အခိုင်အမာပဲ..

သင်္ဂါယနာနေရာခုနှစ်
ပထမရာဇဂြိုဟ်ပြည်B.C 543
ဒုတိယဝေသာလီပြည်B.C 443
တတိယပါဋလိပုတ်ပြည်B.C 309
စတုတ္ထသီဟိုဠ်ကျွန်းB.C 94
ပဉ္စမမန္တလေး၊ မြန်မာကောဇာ-၁၂၂၂-၁၂၃၃
ဆဋ္ဌမရန်ကုန်၊ မြန်မာကောဇာ-၁၃၁၆

သံဃာတော် အရှင်သူမြတ်တွေ စုပေါင်းရွတ်ဆိုပြီး ထေရ၀ါဒကို ထိန်းသိမ်းခဲ့ကြတာ အဲလို မှတ်တမ်းတွေ
အခိုင်အမာရှိတယ်ဗျာ
..သိပ်အားရစရာကောင်းတယ်..
ဗုဒ္ဓ ပရိနိဗ္ဗာန်မပြုမီ ဗုဒ္ဓရှိနေဆဲ ကာလရဲ့အယူဝါဒကို ဗုဒ္ဓ၀ါဒ (သို့) ဗုဒ္ဓဓမ္မ လို့ ခေါ်တယ်..
ထေရ၀ါဒ ဆိုတာက ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီး အချိန်ကနေ စပြီး ဖြစ်ပေါ်လာတာပါ..
ဒါ ကြောင့် B.C (543) ကနေ ထေရ၀ါဒ ကို စပြီး ရေတွက်နိုင်ပါတယ်..
အဲဒီ့ နှစ်တွေကို သာသနာ နှစ်လို့ ခေါ်ဆိုပါတယ်..
အခုဆိုရင် သာသနာနှစ်ဟာ ၅၄၃ + ၂၀၀၉ = ၂၅၅၂ ရှိပါပြီ။

အဲလို ကြာရှည်တဲ့နှစ်တွေမှာ ဗုဒ္ဓရဲ့ ၀ါဒကို ထိန်းသိမ်းပေးခဲ့တာ ရဟန်းတွေပါပဲ..သိပ်ကို ကျေးဇူးတင်စရာကောင်းတယ်ဗျာ..

ကြားဖြတ် ထင်မြင်ချက်..
(အဲလို ကျေးဇူးကြီးတဲ့ ရဟန်းတွေကို အမြဲ လေးစားနေရမှာ မွေးရာပါ တာဝန်ပဲ..အပြင်မှာ ရဟန်းတချို့ ညစာ စားမိတာ တွေ့ ကောင်းတွေ့မိမယ်..
ဗီဒီယို ကြည့်တာတွေ တွေ့မိကောင်းတွေ့မိမယ်…လက်ဖက်ရည်ဆိုင်တွေမှာ တွေ့မိကောင်းတွေ့မိမယ်..
ဒါကို လူတွေက ဝေဖန်မိရင် ဝေဖန်တဲ့သူ ဟာ အပြစ် ရှိမှာပဲ..လူတွေအနေနဲ့ ရဟန်းတွေ အပေါ်မှာ ဘာမှ အပြစ် တင်စရာ စွမ်းအားမရှိဘူး..ပြောမိတဲ့သူ အပြစ် ကျမှာပဲ..ရဟန်းမှာ သီလ တွေ လူထက်စောင့်ထိန်းထားရတာ အများကြီး..လူတွေနဲ့ အကွာကြီးရယ်..
ဒါကြောင့် ရဟန်းကို စော်ကားရင် ဘယ်သူပဲ ဖြစ်ဖြစ် အပြစ်ကြီးမှာပဲ..)

ဒီသာသနာမှာ တကယ်လုပ်ပြီး နိဗ္ဗာန်ကို စံဝင်သွားတဲ့ ရဟန်းတော်တွေလည်း သက်သေ သာဓက အနေနဲ့လည်း ရှိတယ်ဗျာ..
အဲတော့ ပန်းတိုင် လည်းရှိတယ်..သမိုင်း လည်းရှိတယ်..ကျမ်းတွေလည်း ခိုင်ခိုင်မာမာရှိတယ်..ပြီးတော့ ဒီကျမ်းတွေဟာလည်း ထင်သလို ပြောင်းလဲ ထားတာမရှိဘူး..ဘယ်အချိန်မဆို မူရင်းအတိုင်းပဲ..
ဒါဟာ စစ်မှန်ကြောင်းပြတဲ့ သက်သေ အထောက်ထားတွေပဲ..
အဲလို သာသနာကို ကိုးကွယ်ရတာ သိပ်ဂုဏ်ယူစရာကောင်းတယ်..
အရှင်ကောသလ္လတရားထဲမှာ ပရိတ်သတ်ကို မေးထားတဲ့ မေးခွန်းရှိတယ်..ဘာလဲဆိုတော့..
ဒီလို ခိုင်မာတဲ့ ဗုဒ္ဓတရားဟာ ဘာလို့ ကိုးကွယ်တဲ့ဦးရေ ကမ္ဘာမှာ လျော့နည်းနေတာလဲ တဲ့..
ဒါကို ကျွန်တော် စမ်းဖြေကြည့်မယ်..
ဗုဒ္ဓဘာသာကို တန်ဖိုးထားရကောင်းမှန်း ဂုဏ်ယူရကောင်းမှန်းမသိတဲ့ သူတွေကြောင့်ပဲ..
လူငယ်ပိုင်းက ကြည့်မယ်ဆိုရင်..(ဗုဒ္ဓဘာသာဝင်ဖြစ်ပြီးသားပြောတာပါ)
အခုခေတ် လည်ပင်းမှာ Cross တွေ ချိတ်ဆွဲလာတာ များလာတယ်..
အဆိုတော်တွေက ချိတ်..တော့ ခေတ်မီတယ်ထင်လို့လားတော့ မသိဘူး ဒါကို ချိတ်ဆွဲလာတယ်..ကိုယ်ကိုယ်တိုင်က တော့ ဗုဒ္ဓဘာသာပါဆိုပြီး လည်ပင်းမှာတော့ cross ကိုဆွဲတယ်..အဲဒါ အပျော်လုပ်တာဆိုပေမယ့် ကိုယ့်ရဲ့ ဘာသာကို ယုံကြည်စိတ်နည်းသွားစေတာပဲ..ယုံကြည်စိတ်နည်းသွားလို့လဲ..ဒီလို Cross တွေ ဆွဲတာပဲလေ..ကိုယ့်ဘာသာကို တန်ဖိုးထားရကောင်းမှန်းသိတဲ့သူ ဗဟုသုတ ရှိတဲ့သူ ဘယ်တော့မှ ဒါမျိုးမဆွဲဘူး..အဆိုတော် သရုပ်ဆောင် တယောက်က ဆွဲတော့ ပရိတ်သတ်က လိုက်ဆွဲတယ်..
ကျွန်တော် ထင်တယ်..ဒါဟာ ထေရ၀ါဒကို ကိုးကွယ်သူတွေရဲ့ ယုံကြည်မှု ညှိုးနွမ်းလာတာပဲလေ..အဲလိုညှိုးနွမ်းလေတော့ အစစ်သမားတွေ နည်းနည်းလာတယ်..ဒါခန့်မှန်းကြည့်တာ..
ဘာလို့လဲ ဆိုတော့ အဲလိုယုံကြည်မှုအားနည်းတဲ့ သူတွေက တခြားဘာသာက ဆွယ်တဲ့ ဘက် ကို ရောက်လွယ်တယ်..အမှန်တိုင်းပြောရင် ခရစ်ယာန်ဘာသာက လည်း အဆွယ်က ကောင်း ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ သူတွေကလည်း ဗဟုသုတတွေ နည်းလေတော့ ပါသွားပါလေရော..
အဲတော့ ကိုးကွယ်တဲ့သူ နည်းပါးလာတာပဲ လို့ ထင်တယ်..
လူကြီးတွေပိုင်းက ကြည့်ရင် လည်း..
နတ်တွေ ၀ိဇ္ဇာတွေကို လာဘ်လိုချင်လို့ ကိုးကွယ်တယ်..
အဲတော့ အမှန်တရားထဲမှာ အတုအယောင်တွေ ၀င်လာရော..အဲလိုလူတွေက..အစစ်တွေ လုပ်ဖို့ မေ့နေပြီး..အတုယောင်တွေချည်း ငွေလိုချင်တာနဲ့ လုပ်လေတော့ ထေရ၀ါဒရဲ့ အမှန်တွေ မသိတဲ့သူ များများလာမှာပဲ..ဒါလည်း အမှန်တွေနည်းပြီး အမှားတွေ တိုးလာခြင်းရဲ့ အကြောင်းပဲ..
ကျွန်တော် ပြောချင်တာ ဒီပိုစ့်မှာ ထေရ၀ါဒမှာ အားကိုးစရာတွေ ရှိတယ်ဆိုတာ ရယ်..
ဒါတွေကို တန်းဖိုးထားစေချင်တာပါပဲ..
reference:
အရှင်ကောသလ္လတရား
သင်္ဂါယနာ သမိုင်းစုံ
ဒီပိုစ့်မှာ ကျွန်တော် ရေးထားတာ ကိုးကားစရာ ဒေတာ တချို့ နဲ့ ကျွန်တော်ယူဆချက်တွေ ကို ရေးထားတာပါ.
စာအုပ်ကောင်းတခု မျှလိုက်ပါတယ်..http://www.encyclodict.blogspot.com/ အဲဒီ့ ဘလောဘ့်မှာ တွေ့လို ပြန်တင်ပေးလိုက်ပါတယ်..
အဲဒီစာအုပ်ကတော့ သင်္ဂါယနာ သမိုင်းစုံ စာအုပ်ပါ..

ထေရ၀ါဒ ဗုဒ္ဓဘာသာ
4:01 AM | Author: sankooo
ထေရ၀ါဒ ၏ အဓိပ္ပါယ်
(၁) ရှင်မဟာကဿပ အစရှိသော မထေရ်အရှင်မြတ်ကြီးများ၏ အယူဝါဒ
(၂) သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာ ဟူသော သိက္ခာ သုံးရပ်တို့ဖြင့် ခိုင်မြဲသော အယူဝါဒ
(၃) ပရိယတ္တိသာသနာ (ပါဠိတော် နှင့် အဋ္ဌကတာကျမ်းစာများ)
ပဋိပတ္တိသာသနာ (တရားတော်အတိုင်းကျင့်ကြံအားထုတ်မှု)
ပဋိဝေဓသာသနာ(မဂ် ဖိုလ် နိဗ္ဗာန် တရားကို သိကြ ရကြမှု)
ဟူသော သာသနာသုံးရပ်တို့ဖြင့်ခိုင်မြဲသော အယူဝါဒ
(၄) ပိဋက သုံးပုံ (၀ိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မပိဋက) နှင့် တုတ်နှောင်ထားသော ခိုင်မြဲနေသော အယူဝါဒ
ထိုလေးချက်ဖြင့် ညီညွတ်သော အယူဝါဒသည် ထေရ၀ါဒ ဖြစ်ပါသည်။
ထိုအချက် လေးချက်ဖြင့် မကိုက်ညီသော ကိုးကွယ်မှု ယုံကြည်နေမှုသည် ထေရ၀ါဒ မမှန်ပါ။

ထေရ၀ါဒနှင့်မကိုက်ညီသော ကိုးကွယ်မှု
ဥပမာ (၁)-
အများ ယုံကြည် နေသော အရှင် ဥပဂုတ္တ မထေရ်သည် ထေရ၀ါဒ ကျမ်းဂန်များတွင် မပါရှိဟု- အရှင် ကောသလ္လ သည် သူ့၏ တရားထဲတွင် အခိုင်အမာ အတည်ပြုထားပါသည်။
(ထိုတရားကို ကျွန်တော့် ဘလောဘ့် ၏ sidebar ရဲ့ mp3 player တွင် နာယူနိုင်ပါသည်-တရားတော်အမည် ထေရ၀ါဒမိတ်ဆက်)
ထိုကြောင့် အရှင် ဥပဂုတ္တကို ကိုးကွယ်နေခြင်းသည် ထေရ၀ါဒ ကိုးကွယ်ခြင်းမမည်ပါ..
သူ့၏ သမိုင်းသည် မဟာယာန ဘာသာ တွင်သာ ပါပါသည်..
(ထေရ၀ါဒကို သန့်ရှင်းစေရန် ထည့်ရေးခြင်းဖြစ်ပါသည်။)

ဥပမာ (၂)

arahan arahan
arahan arahan

ထိုဥပမာများကို ကြည့်ခြင်းအားဖြင့် ထေရ၀ါဒတွင် ဖြည့်စွက်ထပ်ဖြည့်မှုများ ရှိနေခြင်းတွေ့ရသည်။
ထေရ၀ါဒ ဗုဒ္ဓဘာသာ ၏ ထူးခြားသော အချက်များမှာ..
(၁) လွတ်လပ်မှုရှိသည် (လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်) (Freedom)
(၂) ကြောက်ရွံ့မှုကင်းသည် (Fearless)
(၃) မျှတမှုရှိသည် (Fairness)

ထို့အပြင် ဗုဒ္ဓဘာသာသည်
(၁) ပြုပြင်ပြောင်းလဲခြင်းမရှိ (no change & modify)
(၂) ထပ်ဖြည့်ခြင်းမရှိ (no added)
(၃) နုတ်ပယ်ခြင်းမရှိ (no omitted)
ထိုအချက်များကို ထောက်ခြင်းဖြင့် ဗုဒ္ဓဘာသာတိုင်း ထေရ၀ါဒ စစ်စစ်ဖြင့် အစဉ်အမြဲ ကိုးကွယ်သင့်ပါသည်။
တရားတော်များကို ပုံမှန်နာကြားပြီး ထေရ၀ါဒ စစ်စစ်ကို ကိုးကွယ်သင့်ပါသည်
ပြီးနောက် ထိုအမှန်တရားများကို ဖြန့်ဝေသင့်ပါသည်။
အခြား ကိုးကွယ်မှုအတုအယောင်များ ရောနှောလာလျှင် ထေရ၀ါဒစစ်စစ်များ မှေးမှိန်နိုင်ပါသောကြောင့် ဒီပို့စ်ကိုရေးလိုက်ပါသည်..

ထို စာသားများသည် အရှင်ကောသလ္လတရားမှ နာယူပြီး ကူးယူရေးသားလိုက်ပါသည်။
ထိုတရားကို ကျွန်တော်၏ ဘလောဘ့် sidebar တွင် နာယူနိုင်ပါသည်။