ဘဂ၀ါ ဂုဏ်တော်
8:15 PM | Author: sankooo

buddha



ဘဂ၀ါ ဂုဏ်တော် (ကျက်မှတ်ပွားများရန်)

  1. ဘုန်းကံကြီးမားတော်မူသော မြတ်စွာဘုရား

  2. ကိုယ်တော်ကို အဏုမြူမှုန့်မျှ အလွန်ငယ်အောင် ဖန်ဆင်းနိုင်သော “အဏိမာ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

  3. ကိုယ်တော်ကို ပေါ့ပါးလျင်မြန်အောင် ဖန်ဆင်းနိုင်သော “လဃိမာ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

  4. ကိုယ်တော်ကို ပကတိ အနေထက် ကြီးမားအောင် ဖန်ဆင်းနိုင်သော “မဟိမာ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

  5. ကြွတော်မူလိုရာ အရပ်သို့ ဆီးတားကွယ်ကာခြင်း မရှိ တစ်ခဏချင်း ကြွရောက်နိုင်သော “ပတ္တိ” ဘုန်းတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

  6. အဆင်းအမျိုးမျိုး၊ ပုံသဏ္ဌာန် အမျိုးမျိုးကို ဖန်ဆင်းနိုင်သော “ပါကမ္မ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

  7. စိတ်တော်ကိုလည်းကောင်း၊ များစွာသော သတ္တ၀ါတို့ကို လည်းကောင်း အုပ်စိုးနိုင်သော “ဤသိတာ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

  8. ဈာန်သမာပတ် အဘိညာဉ်ကို တစ်ခဏချင်း ၀င်စားနိုင်သော “၀သိတာ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

  9. ဈာန်ဝင်စားခြင်း၊ ကောင်းကင်ပျံကြွခြင်း စသော ကိစ္စတစ်စုံတစ်ခုကို ပြုတော်မူစဉ် အလိုရှိရာ ခဏ၌ ပြီးစေနိုင်သော “ယတ္တကာမာဝသာယိတာ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

  10. “ဣဿရိယ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

  11. တစ်ထောင့်ငါးရာ ကိလေသာ တို့ကို ပယ်ရှားသုတ်သင်နိုင်သော “ဓမ္မ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

  12. စကြ၀ဠာ တစ်သောင်းတိုင်အောင် ဂုဏ်သတင်း ပျံ့နှံ့ ကျော်စောနိုင်သော “ယသ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

  13. လွန်စွာ သပ္ပာယ် ကျက်သရေရှိသည်ဟူသော “သိရီ” ဘုန်းတော်နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား

  14. လူမင်း နတ်မင်း ဗြဟ္မာမင်းတို့ထက် ကျက်သရေ သာလွန် တင့်တယ်တော်မူပါပေသော မြတ်စွာဘုရား

  15. ရှု၍ မငြီးအောင် ထူးထူးခြားခြား ကျက်သရေ ဖြင့် တင့်တယ်တော်မူပါပေသော မြတ်စွာဘုရား

  16. အစဉ်မပျက် ဖူးမြော် အာရုံပြုထိုက်သော ကျက်သရေတော် အရှင် ဗုဒ္ဓ မြတ်စွာဘုရား

  17. အလိုတော် ရှိလေသမျှ လုံးဝဥဿုံ ပြီးစီးနိုင်သော “ကာမ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

  18. လုံ့လ ၀ီရိယအား ကောင်းသော “ပယတ္တ” ဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

  19. ဘုန်းတော် ခြောက်ပါးနှင့် ပြီးပြည့်စုံတော်မူသော မြတ်စွာဘုရား



ဘုန်းတော် ခြောက်ပါး

  1. ဣဿရိယ ဘုန်းတော်

    1. အဏိမာ ဘုန်းတော်

    2. လဃိမာ ဘုန်းတော်

    3. မဟိမာ ဘုန်းတော်

    4. ပတ္တိ ဘုန်းတော်

    5. ပါကမ္မ ဘုန်းတော်

    6. ဤသိတာ ဘုန်းတော်

    7. ၀သိတာ ဘုန်းတော်

    8. ယတ္တကာမာဝသာယိတာ ဘုန်းတော်



  2. ဓမ္မ ဘုန်းတော်

  3. ယသ ဘုန်းတော်

  4. သိရီ ဘုန်းတော်

  5. ကာမ ဘုန်းတော်

  6. ပယတ္တ ဘုန်းတော်


(အရှင်ဇနကာဘိဝံသ- ရတနာ့ဂုဏ်ရည် စာ-၆၈ မှ ပွားများထားသည်။)
ဗုဒ္ဓဂုဏ်တော်
3:57 PM | Author: sankooo

buddha



ဗုဒ္ဓဂုဏ်တော် (ကျက်မှတ်ပွားများရန်)

  1. ကိုယ်တော်တိုင်သိတော်မူ၍ သူတစ်ပါးကိုလည်းသိစေတော်မူနိုင်သော မြတ်စွာဘုရား

  2. သစ္စာလေးပါးကို ကိုယ်တော်တိုင် သိမြင်တော်မူသလို သူတစ်ပါးကိုလည်း သိစေတော်မူနိုင်သော မြတ်စွာဘုရား

  3. သစ္စာလေးပါး တရားတော်များဖြင့် ဟောပြောဆုံးမပေးသော မြတ်စွာဘုရား

  4. သတ္တ၀ါအပေါင်းတို့အား အကျင့်ကောင်းအကျင့်မြတ်များကို သိကြဖို့ရာ ညွှန်ပြဆုံးမပေးနိုင်သော မြတ်စွာဘုရား

  5. မဂ္ဂင်လမ်းကြောင်းမှန်ကို ညွှန်ပြ ပေးတော်မူနိုင်သော မြတ်စွာဘုရား

  6. သတ္တ၀ါအပေါင်းတို့အား သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြောင်း တရားမြတ်များကို ဟောပြဆုံးမပေးတော်မူသော မြတ်စွာဘုရား

  7. နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်ကိုသတ္တ၀ါအပေါင်းတို့အား သိကြဖို့ရာ ညွှန်ပြပေးတော်မူသော မြတ်စွာဘုရား

  8. သစ္စာလေးပါးကို သတ္တ၀ါတို့အား ကိုယ်တော်ကဲ့သို့ သိကြဖို့ရာ ဟောပြတော်မူသော မြတ်စွာဘုရား



(အရှင်ဇနကာဘိဝံသ- ရတနာ့ဂုဏ်ရည် စာ-၅၃ မှ ပွားများထားသည်။)

buddha



သတ္တာဒေ၀မနုဿာနံ ဂုဏ်တော် (ကျက်မှတ်ပွားများရန်)

  1. လူ နတ် ဗြဟ္မာ တို့၏ ရှေ့ဆောင်ဦးစီး ဖြစ်တော်မူသော မြတ်စွာဘုရား

  2. သတ္တ၀ါအများကို ကြမ်းတမ်းသော သံသရာခရီးမှ ကယ်တင်ရာ၌ အကြီးအမှူးဖြစ်တော်မူသော မြတ်စွာဘုရား

  3. သတ္တ၀ါအများကို ဇာတိ ဇရာ မရဏ ဟူသော ဘေးကြီးတို့မှ ကယ်တင်တော်မူသော မြတ်စွာဘုရား

  4. သတ္တ၀ါအများကို ပင်ပန်းဆင်းရဲ ဘေးဒုက္ခအမျိုးမျိုးတို့မှ ကယ်တင်တော်မူသော မြတ်စွာဘုရား

  5. သတ္တ၀ါအများကို အေးမြချမ်းသာသော နိဗ္ဗာန်ပြည် သို့ ပို့ဆောင်ပေးတော်မူသော မြတ်စွာဘုရား



(အရှင်ဇနကာဘိဝံသ- ရတနာ့ဂုဏ်ရည် စာ-၅၀ မှ ပွားများထားသည်။)

buddha



အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော် (ကျက်မှတ်ပွားများရန်)

  1. ဆုံးမထိုက်သော သတ္တ၀ါများကို ယဉ်ကျေးအောင်ဆုံးမမှု၌ အတုမရှိ စွမ်းနိုင်ပါပေသော မြတ်စွာဘုရား

  2. သတ္တ၀ါတို့ကို သင့်တော်သောတရားဖြင့် ယဉ်ကျေးအောင် ဆုံးမ နိုင်သော မြတ်စွာဘုရား

  3. သီလဂုဏ် နှင့် ဈာန်မဂ်ဖိုလ်ဂုဏ်များကို စုံလင်အောင် သင်ပေးပြီး စောင့်ရှောက်တော်မူသော မြတ်စွာဘုရား




(အရှင်ဇနကာဘိဝံသ- ရတနာ့ဂုဏ်ရည် စာ-၄၇ မှ ပွားများထားသည်။)

buddha


လောက + ၀ိဒူ = ကမ္ဘာလောကကြီးကို + သိတော်မူနိုင်သည်
လောက၀ိဒူဂုဏ်တော် (ကျက်မှတ်ပွားများရန်)

  1. လောက အားလုံးသိမြင်တော်မူသော မြတ်စွာဘုရား

  2. သတ္တ၀ါတို့၏ စရိုက်၊ အနုသယ၊ ဣနြေ္ဒ အခြေအနေအားလုံးကို ကွဲကွဲပြာပြား သိမြင်တော်မူသော မြတ်စွာဘုရား

  3. သတ္တ၀ါတို့၏ ပင်ကိုစရိုက် အနုသယနှင့် ဣနြေ္ဒ အနုအရင့်ကို နှိုင်းချင့်တော်မူနိုင်သော မြတ်စွာဘုရား

  4. စကြာဝဠာ လောကဓာတ်ကြီးများ အကြောင်းကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား

  5. ရုပ်နာမ်တရား တို့ ဖြစ်ခြင်း၏ အကြောင်းနှင့်တကွ လက္ခဏ ကိစ္စတို့ကိုပါ အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား

  6. သတ္တလောက ဩကာသလောက သင်္ခါရလောက တို့ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား

  7. လောက သုံးပါးကို အလုံးစုံ သိမြင်တော်မူသော မြတ်စွာဘုရား



(အရှင်ဇနကာဘိဝံသ- ရတနာ့ဂုဏ်ရည် စာ-၄၀ မှ ပွားများထားသည်။)
သုဂတဂုဏ်တော်
10:50 PM | Author: sankooo

buddha



သုဂတဂုဏ်တော် (ကျက်မှတ်ပွားများရန်)

  1. သတ္တ၀ါအများ၏ စီးပွားချမ်းသာ အလို့ငှာ ပါရမီဆယ်ပါးကို အစုံအညီ ဖြည့်ကျင့်တော်မူခဲ့သော မြတ်စွာဘုရား

  2. မိုက်မှားသော အယူဆိုးကြီးများ တစိုးတစိမျှ မကပ်ငြိစေဘဲ ပါရမီဆယ်ပါးကို ဖြည့်ကျင့်တော်မူခဲ့သော မြတ်စွာဘုရား

  3. သတိ “သမ္ပဇဉ်” ဟုခေါ်သော ပညာတရားကို လက်ကိုင်ထား၍ ပါရမီဆယ်ပါးကို ဖြည့်ကျင့်တော်မူခဲ့သော မြတ်စွာဘုရား

  4. သဗ္ဗညုတဥာဏ်တော်သခင် ဘုရားရှင် အဖြစ်သို့ ရောက်ဖို့ရန်သာ ဖြောင့်ဖြောင့်မှန်မှန် ကျင့်ကြံတော်မူခဲ့သော မြတ်စွာဘုရား

  5. သတိတရားကြီးစွာထားပြီး အမှားမရှိရလေအောင် ပါရမီတော်များကို ဖြည့်ကာ ကောင်းစွာကြွတော်မူခဲ့သော မြတ်စွာဘုရား



ရတနာ့ဂုဏ်ရည် စာမျက်နှာ (၃၈)မှ ပွားများထားသည်။