မဟာသက္ကရာဇ်
12:32 AM | Author: sankooo
မဟာသက္ကရာဇ်အကြောင်းလေးကို နည်းနည်းလေး ရေးချင်ပါတယ်။ သီတဂူဆရာတော်ဘုရားကြီး တရားကို နာဖြစ်ရင်း.မဟာသက္ကရာဇ်အကြာင်းလေးကို နာဖြစ်လိုက်လို့ ရှယ်လိုက်တာပါ။
တရားတော်အမည်......ကဆုန်လပြည့်နေ့တရား
အချိန်....................၁၃၆၂ ခုနှစ်၊ ကဆုန်လဆန်း (၁၃)
နေရာ....................ရန်ကုန်
Download Location:Dhamma web

သက္ကရာဇ်... ဆိုသည်မှာ....သက္က မင်းတို့ရေတွက်သောနှစ် ဖြစ်ပါတယ်။
သက္ကရာဇ် = သက္က + ရာဇာ(မင်း)
သက္က ရာဇာ ဆိုသည်မှာ ဘုရားရှင်၏ အမျိုးများကို ခေါ်ဝေါ်ပါတယ်။ (ဘုရားရှင် ကိုယ်တော်မြတ်၏ အမေမျိုး အဖေမျိုးတွေ အားလုံးပါဝင်ပါတယ်)
ကမ္ဘာဦးနှစ်ကို စပြီးရေတွက်သူကတော့ မဟာသမ္မတ မင်းကြီးဖြစ်ပါတယ်..
ကောလိယတိုင်း ဒေ၀ဒဟမြို့မှာ နန်းစိုက်သော အဉ္ဇနမင်းကြီးက..သူနန်းတက်တဲ့အခါ.. ကမ္ဘာဦးနှစ်တို့ကို ဖြိုလိုက်ပြီး....မဟာသက္ကရာဇ်ကို စတင်ရေတွက်လာခဲ့ပါတယ်။
အဆိုပါ အဉ္ဇနမင်းကြီးကတော့ ...
ဘုရားရှင်၏ မယ်တော် .....မဟာမယာဒေ၀ီ ရဲ့ အဖေ ပဲ ဖြစ်ပါတယ်။
ဘုရားရှင်၏ ဖခမည်းတော်..သုဒ္ဓေါဒန မင်းကြီးရဲ့ အဖေက..သီဟဟနု မင်းကြီးဖြစ်ပါတယ်။
အဲတော့ ဘုရားရှင်ရဲ့ အမေဘက်က..အဘိုးဖြစ်သူ...အဉ္ဇန မင်းကြီးကနေ.မဟာသက္ကရာဇ် ကို စတင် ရေတွက်ခဲ့ပါတယ်။

ဆရာတော်ကြီးတရားနာလိုက်မှပဲ သက္ကရာဇ်မှာလည်း... သူ့အဓိပ္ပါယ်နဲ့ သူ ရှိတယ်ဆိုတာ သိတော့တယ်။
သက္ကရာဇ်ရဲ့ အဓိပ္ပါယ်ဟာ တော်တော်ကို အရေးကြီးတာပဲ။
သက္ကရာဇ်ကို ခရစ်နှစ်နဲ့ မရောသင့်ကြောင်း ဆရာတော်ကြီးတရားထဲမှာ ဟောထားပါသေးတယ်။
သက္ကရာဇ် (၂၀၁၀) ဆိုရင်...(မှားပါတယ်)
၂၀၁၀ ဆိုတာ ခရစ်နှစ် ဖြစ်တဲ့အတွက် ခရစ်နှစ်လို့ပဲ ရှင်းရှင်းလင်းလင်းသုံးသင့်ပါတယ်..မရောသင့်ပါဘူး...

ဆရာတော်ကြီးရဲ့ တရားကို အောက်မှာ ကျွန်တော် တင်လိုက်ပါတယ်။ (တရားတပုဒ်လုံးက အရှည်ကြီးဖြစ်လို့ မဟာသက္ကရာဇ်အကြောင်းပြောတဲ့ အပိုင်းလေးကို ဖြတ်ဆက်ပြီး တင်ပေးလိုက်ပါတယ်)
နာဖြစ်အောင် နာကြည့်ကြပါခင်ဗျား............


[audio:http://www.fileden.com/files/2009/6/5/2466828/UNyanissara.mp3|autostart=no]

ဗောဓိညောင်ပင်အောက်မှာ..မြတ်ဗုဒ္ဓအလောင်းတော်မြတ်ရဲ့ “သမ္မာသမ္ဗုဒ္ဓအဖြစ်ကို ရအောင်ယူမည်” ဟု ခိုင်ခိုင်မြဲမြဲ ဆုံးဖြတ်တော်မူစဉ်က. အဓိဋ္ဌာန်တော်ကြီးကို english လိုစာသားလေးအဖြစ်နဲ့ ကြည်ညိုကြည့်ပါဦး..English နဲ့ Myanmar တွဲဖက်လိုက်တော့ ဗဟုသုတတွေတိုးပြီး မြတ်ဗုဒ္ဓကို အထူးပင်ထပ်၍ထပ်၍ ကြည်ညိုရအောင် ရေးသားလိုက်ပါသည်။ မြတ်ဗုဒ္ဓအကြောင်းလေးတွေ ပြန်ပြောင်းစဉ်းစားနေတာ ဗုဒ္ဓါနုဿတိ ပါပဲ။ လောကသုံးဘုံလုံးရဲ့ ကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓကို လေးစားကြည်ညိုနေခြင်းက ရိုးအီ၍မသွားဘဲ အမြဲပဲ တိုးပွားနေပါတော့မယ်။.......
မြန်မာစာသား

ညောင်ပင်ရင်း၌ ထိုင်တော်မူကာ..အခုလို ဓိဋ္ဌာန်တော်မူပါသည်.


“အရိုးအကြောအရေမျှသာကျန်၍ အသားအသွေးတွေ ခြောက်သွားတန်လျှင် သွားပေစေတော့၊ ဗုဒ္ဓအဖြစ် မရောက်သမျှ ဤထိုင်နေခြင်းမှ မထတော့အံ့”


ဟု အဓိဋ္ဌာန်တော်မူလေသည်။(စာမျက်နှာ ၁၀၁၊ အနာဂတ်သာသနာရေး အရှင်ဇနကာဘိဝံသ)

In English

Crosslegged ascetic Gotama sat under a tree, which later became known as the Bodhi Tree, the "Tree of Enlightenment" or "Tree of Wisdom", on the bank of the river Nerañjarā, at Gayā (now known as Buddhagayā), making the final effort with the inflexible resolution:


"Though only my skin, sinews, and bones remain, and my blood and flesh dry up and wither away, yet will I never stir from this seat until I have attained full enlightenment (sammā-sambodhi)."


Page-17, The Buddha, His Life and Teachings By Ven. Piyadassi, Thera (Sri Lanka)

Some Glossaries


  1. ascetic (adj.) characterized by the practice of severe self-discipline. [oxford]

  2. inflexible (adj.) unwilling to change; not able to be changed or adapted. [oxford]

  3. resolution (n.) a firm decision (အဓိဋ္ဌာန်) [oxford]

  4. sinew (n.) a strong band of tissue in the body that joins a muscle to a bone. [oxford]

  5. wither away (v.) to become less or weaker, especially before disappering completely: [oxford]

  6. Enlightenment (n.) ဗောဓိ (သမ္မာသမ္ဗောဓိ) [Eng-Pali-Myan Dict.]

ashinnyanissara-pilgrimagetogandharaorpakistan-214x3001
ပါကစ္စတန်နိုင်ငံ၊ ပက်ရှဝါပြတိုက်ရှိ ဗုဒ္ဓဆင်းတုတော်
[pic source: စာမျက်နှာ ၄၁၊ အရှင်ဥာဏိဿရ-ဂန္ဓာရသို့ခရီးတစ်ခေါက်]

ဥရုဝေဠတော၌ ဘုရားလောင်းတော်သည် ဒုက္ကရစရိယာအကျင့် (superhuman effort) ကို ခြောက်နှစ်နီးနီးကျင့်ခဲ့သည်။ ထိုစဉ်က ကျင့်ခဲ့သော အကျင့်ကိုပင် အနသန၀တ္တ အကျင့်ဟုခေါ်သည်။
(အန်=မ ၊ အသန=မစားခြင်း ၊ ၀တ္တ=အကျင့်) (ဦးရွှေအောင်-ဗုဒ္ဓသို့အနှိုင်းမဲ့ စာ-၁၆)
သို့ပေမယ့် တရားထူးကို မရသေးပေ။ အလွန်အင်မတန်လည်း ပင်ပန်းဆင်းရဲခဲ့ပြီ။ (လောကတွင် မည်သူပဲဖြစ်ဖြစ် ဇွဲကြီးသည် ဆန္ဒပြင်းပြသည် ပြင်းထန်စွာ ကြိုးစားသည်ဆိုဦးတော့ ဘုရားအလောင်းတော်၏ ကြိုးစားအားထုတ်မှု လုံ့လ ၀ီရိယတို့ကိုကား တစ်ဦးတစ်ယောက်တစ်ပါးလေမျှ မယှဉ်နိုင်ပေ။) ဒုက္ကရစရိယာကျင့်စဉ်အတွင်း ဘုရားအလောင်းတော်သည် သဗ္ဗညုတဥာဏ်တော်ကြီးနှင့်ဝေးနေခဲ့သည်။ ထို့ကြောင့် ဘုရားအလောင်းတော် သည် အောက်ပါအတိုင်း ဆင်ခြင်သုံးသပ်တော်မူခဲ့သည်။

dukkaracariya
[ pic source: စာမျက်နှာ ၆၁၊ ဂန္ဓာရသို့ခရီးတစ်ခေါက် - ဒေါက်တာအရှင်ဥာဏိဿရ ]
(အထက်ပါ ကျောက်ဆစ်ဆင်းတုတော်မှာ အထင်ရှားဆုံး ဘုရားအလောင်းတော်မြတ်၏ ဒုက္ကရစရိယာကျင့်တော်မူခြင်း ပုံတော်ဖြစ်သည်။ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်တွင် တည်ရှိသည်။ )

အရှင်ဇနကာဘိဝံသ ၏ ဘာသာသွေး စာအုပ်လေးမှ ဘုရားအလောင်းတော်မြတ်ရဲ့ ဒုက္ကရစရိယာကျင့်တော်မူခြင်း ကို ဖတ်ပြီး မြတ်ဗုဒ္ဓအား ပို၍ပို၍ ပင် ကြည်ညိုရပါသည်။ သဒ္ဓါတရား ယုံကြည်မှုများ ကျွန်တော် တိုးပွားမိပါသည်။ မိတ်ဆွေအပေါင်းတို့လည်း ဗုဒ္ဓရှင်တော်ရဲ့..ကြိုးစားအားထုတ်ခဲ့မှုများကို အမှတ်ရပြီး ကြည်ညိုနိုင်အောင် ကျွန်တော် ဒီပို့စ်လေးကို ရေးဖြစ်ခဲ့ပါသည်။ ထို ဒုက္ကရစရိယာကျင့်တော်မူခြင်းကိုဖတ်ခြင်းဖြင့်.. မြတ်ဗုဒ္ဓရဲ့ ကျွန်တော်တို့ အပေါ်၌ထားရှိခဲ့သော..စေတနာများကို ထင်ရှားစွာ သိနိုင်ပါသည်။ အမှန်တရားသစ္စာတရားမြတ်များကို ဟောပြောလိုသော.. သတ္တ၀ါဝေနေယျတို့အား.သိစေချင်သော..ဆန္ဒကြီးများသည် အလွန်ပင်ကြည်ညိုလေးစားဖွယ်ကောင်းပါတယ်။

သစ္စာလေးပါး = သနန္တရ (ထာဝစဉ်တည်ရှိနေသော ဓမ္မ)



[ဆရာကြီးဦးရွှေအောင် ဗုဒ္ဓ၀ါဒပေါ်ထွန်းခြင်း စာ-၁၁]
သစ္စာလေးပါးမြတ်တရားများသည် ဘုရားမပွင့်သော်လည်းပဲ အစကတည်းက ရှိပြီးသားဖြစ်ပါသည်။ မြတ်ဗုဒ္ဓအလောင်းတော်မြတ် ထိုကဲ့သို့ ကြိုးစားအားမထုတ်ခဲ့လျှင် ကျွန်တော်တို့သည် ထိုတရားမြတ်များကို ဘယ်လိုမှမသိနိုင်ပေ အဘယ်သူမှ သင်မပြနိုင်ပါ ။ ထိုတရားမြတ်များ လုံးဝပင်မရှိဘူးဟု မှတ်ယူထားကြပါလိမ့်သည်။ မြတ်ဗုဒ္ဓသည် ထိုရှိနေပြီးသား အမှန်တရားမြတ်များကို သိသာအောင် ဖော်ဆောင်ပေးခဲ့သည်။ ဆရာကြီးဦးရွှေအောင်အဆိုပါစာအုပ်ထဲ၌ပင် မြတ်ဗုဒ္ဓဆိုသည်မှာ ၀ါဒအဟောင်းကို ဖော်ထုတ်သူ ဟုဖော်ပြထားသည်။ ထိုသစ္စာလေးပါးတရားများကို သတ္တ၀ါဝေနေယျတို့အား သိရှိစေရန် နာကြားခွင့်ရစေရန် ကျင့်သုံးခွင့်ရစေရန် အမှန်ပင်အေးမျှသောနိဗ္ဗာန်ပြည်သို့မျက်မောက်ပြုနိုင်ကြရန်…ဆောင်ကြဉ်းပေးနိုင်သော ပုဂ္ဂိုလ်ဟာ မြတ်ဗုဒ္ဓသာလျှင်ဖြစ်ပေသည်။ ထိုကဲ့သို့ ဆောင်ကြဉ်းပေးနိုင်ရန် ဘုရားအလောင်းတော်သည်..အပင်ပန်းခံ အဆင်းရဲခံပြီး အောက်ပါအတိုင်း..ဒုက္ကရစရိယာကျင့်တော်မူခဲ့သည်။