ဒီနေ့က ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ဖြစ်ပါတယ်။ ကျွန်တော် ရှစ်ပါးသီလ ယူပြီး တရားတွေနာဖြစ်ပါတယ်။
သီတဂူဆရာတော်ဘုရားကြီးရဲ့ ဗုဒ္ဓရတနာ့ဂုဏ်ရည် တရားကို နာဖြစ်ပါတယ်။
အခု ကျွန်တော် ရေးချင်တာလေးကတော့ ..
ပရိတ်ကြီး (၁၁) သုတ် ထဲက ရတနာ့သုတ်ကို ရွတ်ဖတ်နေကြတဲ့သူများအတွက် အထူးသတိထားဖွယ်
အပိုင်းလေးပါ။ ဒါကို ဗုဒ္ဓရတနာ့ဂုဏ်ရည် တရားတော်ထဲမှာ (၁၉ မိနစ်လောက်မှာ) သီတဂူဆရာတော်ဘုရားကြီးက သေချာလေး မှာထားပါတယ်။
ကျွန်တော်လည်း ဟိုတလောက ရတနာ့သုတ်ရွတ်ဖတ်ချင်တာနဲ့ အဆင်ပြေရာ မြန်မာပြန် ရွတ်ဖတ်နည်းပါတဲ့စာအုပ်လေး ဒေါင်းလုပ်လုပ်ပြီး ဖတ်ခဲ့ဖူးပါသေးတယ်။ ကျွန်တော် ဒေါင်းလုပ်လုပ်လိုက်တဲ့စာအုပ်ကတော့...

ပရိတ်ကြီး ၁၁ သုတ်
ပါဠိ၊ အနက်၊ အသံထွက် (ထင်လတ်ပူဇော်သည်) ဆိုတဲ့စာအုပ်လေးပါ..ပဲ
အဲဒီ့ စာအုပ်ရဲ့ အောက်က.စာပိုဒ်လေးမှာ ဂရုပြု ဖတ်ရမဲ့ ပါဠိစာသားရှိပါတယ်..

paritta2



အပေါ်က..စာပိုဒ်လေးရဲ့..

“ ပဓာနစရိယံ ဗောဓိ ပလ္လင်္ကေ
မာရ၀ိဇယံ သဗ္ဗညုတညာဏပ္ပဋိဝေဓံ ”

ဒီပါဠိစာသားလေးပါပဲ...
အဲဒီ့မှာ.တခုစီရဲ့ .အဓိပ္ပါယ်တွေက..
ပဓာနစရိယံ = ဒုက္ကရစရိယာအကျင့် ကျင့်ခြင်း
ဗောဓိ ပလ္လင်္ကေ = ဗောဓိပင်ရင်းမှာ
မာရ၀ိဇယံ = မာရ်ငါးပါးကို အောင်မြင်ခြင်း

ဒီ ပါဠိ ပုဒ် သုံးခုကို သေချာဂရုပြု ဖတ်ရမှာပါ..
စာအုပ်ထဲမှာလည်း ပဲ “ပဓာနစရိယံ” နဲ့ “ဗောဓိ ပလ္လင်္ကေ” ပုဒ် နှစ်ခုကို သွားတွဲ ရေးထားပြီးတော့
“မာရ၀ိဇယံ” ကို အောက်မှာ သွားရေးထားတော့..
ဖတ်တဲ့သူတွေက..“ပဓာနစရိယံ ဗောဓိ ပလ္လင်္ကေ” လို့ တွဲ ဆိုတော့တာပေါ့..
“မာရ၀ိဇယံ” ကို လည်း “ဗောဓိပလ္လင်္ကေ” ဆိုတဲ့ပုဒ်နဲ့ ခွဲပြီး ဆိုတော့တာပေါ့..
ကျွန်တော်လည်း စာအုပ်ကြည့် ရွတ်ဆိုတော့ ပါဠိကလည်း နားမလည်တော့..အဲလို အမှားကြီးဆိုမိနေပါတယ်..
အမှန်က..အခုလို ဖြစ်ရမှာပါ..

“ပဓာနစရိယံ ၊
ဗောဓိ ပလ္လင်္ကေ မာရ၀ိဇယံ”

“ဗောဓိ ပလ္လင်္ကေ” နဲ့ “မာရ၀ိဇယံ” တို့ကို တွဲကို ဆိုရမှာပါ..
ဒါမှ ဗောဓိပင်ရင်းမှာ မာရ်ငါးပါးအောင်တယ်လို့ အဓိပ္ပါယ်အမှန် ထွက်မှာ..
အဲလိုမဟုတ်ပဲ “ပဓာနစရိယံ ဗောဓိ ပလ္လင်္ကေ” ဆိုပြီး တွဲဆိုလိုက်တော့..ဗောဓိပင်ရင်းမှာ ဒုက္ကရစရိယာကျင့်တယ်လို့ အဓိပ္ပါယ်အမှားကြီး ထွက်သွားတယ်..
တကယ်တော့ မြတ်ဗုဒ္ဓက ဗောဓိပင်ရင်းမှာ ဒုက္ကရစရိယာ အကျင့် ကို ကျင့်တာမဟုတ်ပါဘူး...
ဗောဓိပင်ရင်းရောက်တော့ မြတ်ဗုဒ္ဓက..မဇ္စိျိမပဋိပဒါ လမ်းစဉ် (Majjhima Patipada- Middle Path) ဆိုတဲ့ အကျင့်မြတ်ကို ကျင့်နေပါပြီ..အကျင့်မှားတွေ လုံးဝ မရှိတော့ပါဘူး..ဒုက္ကရ စရိယာကျင့်တဲ့နေရာက..တစ်နေရာသက်သက်ပါ..
မာရ်ငါးပါးအောင်တာက..ဗောဓိပင်ရင်းမှာပါ..ဒါကြောင့်..
“ပဓာနစရိယံ” ဆိုပြီးရင် ခဏနားထားပြီး.မှ.
“ဗောဓိ ပလ္လင်္ကေ မာရ၀ိဇယံ” ဆိုပြီး..တွဲဆိုရမှာပါ..“ပဓာနစရိယံ” နဲ့ “ဗောဓိ ပလ္လင်္ကေ” ကို ပုဒ်ဖြတ်ဆိုဖို့နဲ့..
“ဗောဓိ ပလ္လင်္ကေ” နဲ့ “မာရ၀ိဇယံ” ကို ပုဒ်စပ်ဆိုဖို့ပါပဲ...ဒါဆို အမှန်ထွက်သွားပါပြီ..

ပဓာနစရိယံ = ဒုက္ကရစရိယာအကျင့် ကျင့်ခြင်း
ဗောဓိ ပလ္လင်္ကေ မာရ၀ိဇယံ = ဗောဓိပင်ရင်းမှာ မာရ်ငါးပါးကို အောင်မြင်ခြင်း

တဆက်တည်း မြတ်ဗုဒ္ဓ ရတော်မူတဲ့ မာရ်ငါးပါးဆိုတာတွေကတော့...
ကဆုန်လပြည့်နေ့ ညနေခင်း နေမ၀င်မီ မှာ အပြင်မာရ်ကို အောင်ပါတယ်
၁) ဒေ၀ပုတ္တမာရ် (မာရ်နတ်သားကို အောင်မြင်ခြင်း)
ကဆုန်လပြည့်ကျော် နောက်တရက်မကူးမီ အရုဏ် မတက်မီမှာတော့..နောက်ထပ် အတွင်းမာရ် (၄)ပါးကိုဆက်လက် အောင်မြင်တော်မူပါတယ်..
၂) ကိလေသမာရ် (၁၅၀၀ ကိလေသာတို့ကို အကြွင်းမဲ့ အောင်မြင်ခြင်း)
၃) အဘိသင်္ခါရမာရ် (ဘ၀အသစ်ကို စီမံဖြစ်စေတဲ့ ကံကို အောင်မြင်ခြင်း)
၎) ခန္ဓမာရ် (ကိလေသာနှင့်ယှဉ်သောကံမရှိတော့သဖြင့် နောက်ထပ်ခန္ဓာငါးပါး၊ ဘ၀ကို မရတော့ခြင်း)
၅) မစ္စုမာရ် (နောက်တဖန်သေရခြင်းကို အောင်မြင်တော်မူခြင်း)
စာ-၁၃၄၊ သုတေသနသရုပ်ပြအဘိဓာန်၊ ဖျာပုံတိုက်သစ်ဆရာတော်ဘုရားကြီး

ဒါက မြတ်ဗုဒ္ဓ ဗောဓိပင်ရင်းမှာ အောင်မြင်တော်မူခဲ့သော.. မာရ်ငါးပါးဖြစ်ပါတယ်..
ဒီ post မှာ ကျွန်တော် ပြောချင်တာကတော့ ရတနာ့သုတ်မှာ ပုဒ်စပ် ပုဒ်ဖြတ် မှန်မှန်နဲ့ ဆိုသင့်တဲ့ နေရာလေးကိုပဲပြောချင်တာပါ..
ဒါကို သီတဂူဆရာတော်ဘုရားကြီး..က..ပုဒ်စပ် ပုဒ်ဖြတ်မှန်ဖို့ အလွန်အရေးကြီးကြောင်းဟောထားပါတယ်။..
ပါဠိပုဒ်စပ် ပုဒ်ဖြတ်မှန်မှသာလျင် ကိုယ်ဆိုတဲ့ပရိတ်က ပိုပြီး သတ္တိကောင်းပါတယ်လို့ သေချာဟောထားပါတယ်။..
ဆရာတော်ဘုရားရဲ့ ဗုဒ္ဓရတနာ့ဂုဏ်ရည်တရားတော် အပိုင်း (၂) ၁၉ မိနစ် လောက်မှာ ဒါကို ဟောထားတာပါ။.
အဲတရားတော်လေးကို နာကြည့်စေချင်ပါတယ်..dhammadownload.com ကနေ ဒေါင်းလုပ် ယူနိုင်ပါတယ်။
ပုထုဇဉ်ရဟန်းလေးတပါး ကိုရင်လေး တစ်ပါး ဆိုရင် တချို့သောသူများက အထင်သေးတတ်ကြပါတယ်။ ပုထုဇဉ်ကိုရင် ရဟန်းလေးတွေက ဆွမ်းခံရင်း စာပဲသင်ရုံရှိသေးတာပဲ..တရားမှမဟောပြောနိုင်သေးတာ..ဘွဲ့ကြီးတွေမှ မရသေးတာပဲဆိုပြီး...တန်ဖိုးမထားတတ်ကြပါဘူး။ တကယ်တော့ ဒီကိုရင်လေး..ရဟန်းတော်လေး ဘ၀ကနေပဲ..သီလ သမာဓိ ပညာနဲ့ ပြည့်စုံတဲ့ ရဟန်းတော်ကြီးများ ဘ၀ကို ရောက်သွားရတာပါပဲ။ ဒီကိုရင် ရဟန်းလေးများဟာလည်း..သာသနာအဆက်အနွယ်ကို ထိန်းသိမ်းထားတာပါ။ သာသနာ့အဆက်အနွယ်ကို ထိန်းထားတယ်ဆိုတာ ဓမ္မအစစ်တွေကို သင်ယူရင်း ထိန်းသိမ်းထားတာပါ။ ဓမ္မအမှန်တရားတွေကို မပျောက်အောင် ထိန်းသိမ်းနေတယ်ဆိုတာဟာ..အများအကျိုးကို ဆောင်ရွက်နေခြင်းပါပဲ။
ဒီကိုရင် ရဟန်းလေးများဟာ ဘယ်လောက် မြင့်မြတ်သလဲ တန်ဖိုးကြီးမားဆိုတာကို ပေါ်လွင်အောင် ကျွန်တော် သီတဂူဆရာတော်ဘုရားကြီးရဲ့ ရဟန်းတပါး၏ တန်ဖိုး တရားတော်ထဲက အချက်များနဲ့ ကောက်နုတ်ဖော်ပြလိုက်ပါတယ်.

အိမ်နေသူ လူပုဂ္ဂိုလ်တစ်ယောက်ဟာ အရိယာအဆင့် သောတပန် သကဒါကမ် မပြောနဲ့ အနာဂါမ်ထိပဲဖြစ်နေပါစေ..ဒီကိုရင်အသစ်ကလေး..ရဟန်းအသစ်ကလေးတွေကို ရှိခိုးရပါတယ်။ သောတပန်အဆင့်ကိုတောင် မဖြစ်သေးတဲ့သူအတွက်တော့ ထည့်ပြောစရာတောင် မလိုတော့ပါဘူး။ လူပုဂ္ဂိုလ်ဘ၀မှာဆိုရင် အနာဂါမ်အဆင့်ဟာ အမြင့်ဆုံးပါပဲ ရဟန္တာအဖြစ်ကိုရောက်ခဲ့ရင်လည်း ရဟန်းဘ၀ကို ပြောင်းကို ပြောင်းရပါတယ်။ ဒါကြောင့် အိမ်နေသူဟာ ရဟန္တာအဖြစ်နဲ့ ရပ်တည်လို့မရပါဘူး။
ပုထုဇဉ်ရဟန်းတော်လေးတွေ ဘာတွေအားသာချက်တွေရှိသလဲဆိုတော့ ..

  1. ဖန်ရည်ဆိုးသော အ၀တ် (သင်္ကန်း)ကို ၀တ်ရုံထားခြင်း

  2. ဆံပင်/မုတ်ဆိတ် ကြင်စွယ်တို့ကို ရိတ်ထားခြင်း
    ဒီနှစ်ချက်ကို ပဲ အသွင်အပြင်နဲ့ပက်သက်ပြီး အားသာချက်လို့ခေါ်ပါတယ်။
    ဒီလိုအသွင်အပြင်ပြောင်းလိုက်ရုံနဲ့ကိုပဲ ရှိခိုးထိုက်သွားပါတယ်။ ဘုရားရှင် မြတ်ဗုဒ္ဓရဲ့ အလိုတော်မှာလည်း တည်သွားပါတယ်။ မြတ်ဗုဒ္ဓဖြစ်စေချင်တာဟာ..ဒီလိုအသွင်အပြင်ပါပဲ။ အဲတော့ မြတ်ဗုဒ္ဓအလိုတော်မှာတည်နေတဲ့သူကို မတည်နိုင်သေးတဲ့သူက ရှိခိုးရပါတယ် တန်ဖိုးထားရပါတယ်ဆိုတာ သဘာဝကျပါတယ်။

  3. ထိုပုထုဇဉ်ရဟန်းလေးဟာ ရဟန္တာကြီးများနဲ့ အသွင်အပြင် အားဖြင့် တူခြင်း (အတူတတန်းထဲ နေရာယူနိုင်ခြင်း၊ ဆွမ်းအတူဘုန်းပေးနိုင်ခြင်း)

  4. မွန်မြတ်သော အဖွဲ့အစည်း အစည်းအဝေးထဲသို့ ၀င်ရောက်ခွင့်ရှိခြင်း။ (ရဟန္တာကြီးများ သိမ်တက်နေရင်သော်လည်းကောင်း၊ အစည်းအဝေးလုပ်နေရင်သော်လည်းကောင်း ပုထုဇဉ်ရဟန်းလေး ဖြစ်နေပါစေ သူဟာ ၀င်ရောက်ခွင့်ရှိပါတယ်)

  5. ပုထုဇဉ်ရဟန်းတို့သည် အာဏာပါတိမောက် ရွတ်ဆိုနေခြင်းကို နာယူခွင့်ရှိခြင်း (အိမ်နေသူဟာ အရိယာကြီးဖြစ်နေပါစေ ဒီလိုအခါမျိုးမှာ ၀င်ရောက် မနာယူနိုင်ပါဘူး)

  6. လူပုဂ္ဂိုလ်စောင့်ထိန်းနိုင်တာထက် သိသိသာသာ များပြားလှသော သီလ သိက္ခာပုဒ်များကို စောင့်ထိန်းထားရခြင်း။

  7. ပုထုဇဉ်ရဟန်းလေးပဲဖြစ်နေပါစေ အခြားသူများကို ရှင်ပြုပေးနိုင်ခြင်း ရဟန်းခံပေးနိုင်ခြင်း၊ သိမ်သမုတ်ပေးနိုင်ခြင်း။ ဒီလို သူတပါးကို ရှင်သာမဏေပြုပေးနိုင်တဲ့ အခွင်အရေးအာဏာဟာ သာသနာကို တိုးပွားစေတာပါပဲ။


ရဟန်းတစ်ပါး၏တန်းဖိုး - သီတဂူဆရာတော်ဘုရားကြီး
ဒါက သီတဂူဆရာတော်ဘုရားကြီးတရားတော်ထဲက..ဆရာတော်ကြီး အကျဉ်းချုပ် ဟောသွားတဲ့ ရဟန်းတို့ရဲ့တန်ဖိုး (၇)ချက်ပါပဲ။
ဆရာတော်ဘုရားကြီးကတော့ အချိန်ကိုငှဲ့ကွက်ပြီး (၇)ချက်ပဲ ဟောသွားတာပါ။ တကယ်တော့ အိမ်နေသူ အရိယာကြီးထက် ပုထုဇဉ်ရဟန်းလေးရဲ့ အားသာချက်ပေါင်း (၂၂)ချက် ရှိပါတယ်။
အသွင်အပြင် အားဖြင့် (၂)ချက် နဲ့ ကျင့်ဝတ်အားဖြင် (၂၀) ရှိပါတယ်။ အသွင်အားဖြင့် နှစ်ချက်ကိုတော့ ဖော်ပြထားပြီးပြီဖြင့်လို့ ကျင့်ဝတ်နှစ်ဆယ်အားသာချက်တွေကို ဖော်ပြလိုက်ပါတယ်။

  1. တရားဘာဝနာ၌ မွေ့လျော်ခြင်း

  2. တစ်လ နှစ်ကြိမ် ဥပုသ်ပြုခြင်း

  3. ဆွမ်းခံခြင်း

  4. ကောင်းမွန်စွာ ၀တ်ရုံနေထိုင်ခြင်း

  5. စက္ခု စသောဣနြေ္ဒကို စောင့်စည်းခြင်း

  6. ကိုယ်နှုတ်နှလုံးကို စောင့်စည်းခြင်း

  7. အချမ်းအပူစသည်ကို သည်းခံခြင်း

  8. ကောင်းသော အကျင့်၌ မွေ့လျော်ခြင်း

  9. တစ်ပါးတည်း တရားကျင့်ခြင်း

  10. တစ်ပါးတည်း မွေ့လျော်ခြင်း

  11. တစ်ပါးတည်း ကိန်းအောင်းခြင်း

  12. မကောင်းမှုမှ ရှက်ခြင်း

  13. မကောင်းမှုကို ကြောက်ခြင်း

  14. ကောင်းမှုကို ပြုစုအားထုတ်ခြင်း

  15. ကုသိုလ်ကောင်းမှု ၌ မမေ့မလျော့ မပေါ့ဆခြင်း

  16. သိက္ခာပုဒ်ကို ကောင်းစွာခံယူခြင်း

  17. ဘုရားဟော ပါဠိတော်ကို သင်ယူခြင်း

  18. အဋ္ဌကထာကို သင်ယူခြင်း

  19. သီလစသော သိက္ခာသုံးပါး၌ မွေ့လျော်ခြင်း

  20. တပ်မက်မောမှု ကင်းလွတ်ခြင်း


စာမျက်နှာ ၁၆၃၊ မိလိန္ဒပဥှာ (မိလိန္ဒမင်းကြီး နှင် အရှင်နာဂသိန် အမေးအဖြေ)

ဒီလိုအချက်များကြောင့် လူပုဂ္ဂိုလ်အရိယာကြီးများဟာ ရဟန်းတော်လေးများကို ရှိခိုး တန်ဖိုးထားရခြင်းဖြစ်ပါတယ်။ လူပုဂ္ဂိုလ်အရိယာတောင်မှ ရှိခိုးရတာဆိုတော့ အရိယာအကျင့်မကျင့်သေးနိုင်တဲ့သူဟာ ရှင်ဘုရင်ပဲဖြစ်ဖြစ် လူချမ်းသာကြီးပဲဖြစ်ဖြစ် ဘာကြီးပဲဖြစ်နေဖြစ်နေ..ဘယ်သူမဆို...ရဟန်းတော်လေးတွေကို တန်ဖိုးထားရမယ်ဆိုတာ သိသာထင်ရှားသွားပါပြီ။

သာသနာ(၃)ရပ်ကို အဆက်ဆက် ဆင့်ကာဆင့်ကာ သယ်ဆောင်ပေးခဲ့တာ ထိုရဟန်းများပဲ မဟုတ်ပါလား....ခင်ဗျား...
သာသနာတော်အစဉ်မပြတ် တည်တံ့နေပါစေ............
Comparison between Religion & Buddhism
1:19 AM | Author: sankooo
သီတဂူဆရာတော်ဘုရားကြီးရဲ့ စင်ကာပူမှာ ဟောတဲ့ အစွန်းမရောက်စေနဲ့ တရားလေး နာဖြစ်ပါတယ်။ အဲဒီ့တရားတော်ထဲက..ဘာသာရေးဆိုတာနဲ့ ဗုဒ္ဓ၀ါဒဆိုတာ ဘယ်လိုကွာသလဲ ဟောထားတာလေးက..မှတ်သားစရာကောင်းတဲ့အတွက် ကျွန်တော်မှတ်ထားလိုက်တာလေးကို ဖော်ပြလိုက်ပါတယ်။
ဗုဒ္ဓဘာသာဆိုတာကို အများနားလည်အောင် ဘာသာရေးလို့ ဆိုချင်လည်းဆိုပါစေ.တော့.
ဒါပေမယ့် အများနားလည်ယုံကြည်ကြတဲ့ ဘာသာရေးဆိုတာက..အခြေခံအားဖြင့်
ယုံကြည်လိုက်၊ ကိုးကွယ်လိုက်၊ ဆုတောင်းလိုက်..
မယုံရင်လည်း အပြစ်ပေးလိမ့်မယ်..မကိုးကွယ်ရင်လည်း အပြစ်လာဦးမယ်..ပြီးတော့လိုချင်တာမှန်သမျှကို အမြဲ ဆုတောင်းနေရမယ်..
ဗုဒ္ဓ၀ါဒဆိုတာက..အဲလို ဘာသာရေးမဟုတ်ပါဘူး..
ကိုယ်ကျင့်သီလ + သမာဓိ + ပညာ ဒီလို သိက္ခာကြီးသုံးရပ်နဲ့ ပေါင်းစပ်ထားတဲ့..အမှန်တရားအစစ်သာ ဖြစ်ပါတယ်..
ဆရာတော်ကြီး တရားထဲမှာ ဒါကို အကျဉ်းချုပ်လေး..နားလည်အောင် ဟောထားတာကို. နာဖြစ်ခဲ့ပါတယ်။..ကျွန်တော်က..ဇယားလေးနဲ့.
အခုလို ဖော်ပြလိုက်ပါတယ်။



























ReligionBuddhism
1Believe in unknown GodDiscipline or Morality (to control the physical & verbal actions)-သီလ
2Worship in unknown GodMental Concentration (to control mental activities)-သမာဓိ
3Pray to unknown GodWisdom (to purify the mind)-ပညာ
4Theocentric-ထာဝရဘုရားသခင်ကိုပဓာနထားသည်Homocentric-လူကိုပဓာနထားသည်

ဆရာတော်ကြီးတရားတော်ကို dhammadownload.com မှာ ဒေါင်းလုပ်ချနာယူနိုင်ပါတယ်။
ကဆုန်လပြည့်နေ့
8:10 PM | Author: sankooo
မကြာမီတွင် ကဆုန်လပြည့်နေ့သို့ရောက်ရှိတော့မည်ဖြစ်၍ ကျွန်တော်အခုတလောအတွင်း သီတဂူဆရာတော်ဘုရားကြီး ရဲ့ ကဆုန်လပြည့်နေ့တရားကိုပဲ ထပ်ခါထပ်ခါ နာနေမိပါတယ်။
ကဆုန် ဆိုတာ ရေပြတ်သောလလို့ အဓိပ္ပါယ်ရပါတယ်။ ထိုလရဲ့ လပြည့်နေ့မှာပဲ မြတ်ဗုဒ္ဓနဲ့ပက်သက်တဲ့ ထူးခြားမှုကြီး (၅)ခုဖြစ်ခဲ့ပါတယ်။
ထို(၅)ခုကို သိသာထင်ရှားအောင် အောက်ပါအတိုင်းဇယားလေးနဲ့ ဖော်ပြလိုက်ပါတယ်။
































ဒီပင်္ကရာဘုရားရှင်ထံတွင် နိယတဗျာဒိတ်ကို ခံယူခဲ့ပါသည်ဘဒ္ဒကမ္ဘာမှ လွန်ခဲ့သောလေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်အမရ၀တီနေပြည်တော်
ဘုရားအလောင်းတော် ဖွားတော်မူခဲ့ပါသည်မဟာသက္ကရာဇ် (၆၈) [BC. 623]လုမ္ဗိနီဥယျာဉ် (Lumbini Grove) (ကပိလ၀တ် နှင့် ဒေ၀ဒဟအကြား)
သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်အဖြစ်ကို ရတော်မူသည်မဟာသက္ကရာဇ် (၁၀၃) [BC. 588]မဟာဗောဓိပင်၊ ဥရုဝေလဠတော၊ ဂါယာမြို့ မဂဓတိုင်း
မဟာဗုဒ္ဓ၀င်တရားကို ဟောတော်မူခဲ့ပါသည်မဟာသက္ကရာဇ် (၁၀၄)ကပိလ၀တ်မြို့အနီး နိဂြောဓာရုံကျောင်းတိုက်
ခန္ဓပရိနိဗ္ဗာန် စံတော်မူခဲ့ပါသည်မဟာသက္ကရာဇ် (၁၄၈)မလ္လာမင်းတို့အင်ကြင်းဥယျာဉ်၊ ကုဿိန္နာရုံပြည်

သီတဂူဆရာတော်ဘုရားကြီး၏ ကဆုန်လပြည့်နေ့တရားတော်မှ...

သုမေဓာရှင်ရသေ့
pic source: ဗုဒ္ဓသာသနာဝင် - ပန်းချီဦးဘကြည်

မြတ်ဗုဒ္ဓအလောင်းတော် သုမေဓာရှင်ရသေ့ဟာ ဒီပင်္ကရာဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ. ဘုရားဆုကို ပန်ခဲ့ပါတယ်။ သုမေဓာရှင်ရသေ့ဟာ..ထိုဘ၀မှာပင် ဘုရားရှင်နဲ့ ဖူးတွေ့ခဲ့ရပြီး သူ၏ ဥာဏ်ပါရမီ၊ ၀ီရိယအား ဆန္ဒအားဖြင့် ကြိုးစားအားထုတ်ပါက..မဂ်ဥာဏ် ဖိုလ်ဥာဏ် ရပြီး…ရဟန္တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သတ္တ၀ါအများအပေါ်မှာ ကရုဏာစိတ်ကြီးမားတာကြောင့် ကိုယ်တော်တိုင် ရဟန္တာ ဖြစ်နိုင်တဲ့အခွင့်အရေးကို စွန့်လွတ်ပြီး ဘုရားဆုကို ပန်ဆင်ခဲ့တာပါ။ တနည်းအားဖြင့် သာဝကဗောဓိဖြစ်နိုင်တဲ့အခွင့်အရေးကို စွန့်ပြီး သမ္မာသမ္ဗောဓိဆုကို ဒီပင်္ကရာဘုရားရှင်ထံမှာ ပန်ခဲ့ပါတယ်။ ဒါဟာ အဲဒီ့ဘ၀မှာပင်လျင် ကိုယ်တော်တိုင် သံသရာဝဋ်ဆင်းရဲကို အပြီးတိုင်လွတ်မြောက်အောင်. လုပ်နိုင်ပါလျက်နဲ့ သတ္တ၀ါအပေါင်းကိုလည်း ဒီသံသရာဝဋ်ဆင်းရဲက..လွတ်မြောက်စေလိုတဲ့ ကယ်တင်ချင်တဲ့..ဆန္ဒတော်ကြီးဟာ အထူးပင် ထင်ရှားနေပါတယ်။ မြတ်ဗုဒ္ဓအလောင်းတော် သုမေဓာရှင်ရသေ့ ရဲ့ ထိုစဉ်အခါတည်းက ထားရှိခဲ့တဲ့ ရည်ရွယ်ချက်တွေကို ဖော်ပြလိုက်ပါတယ်။ ဘုရားလောင်းတော်ဟာ ဒီလိုကောင်းမြတ်သော သူတပါးအကျိုးစီးပွားကို ဆောင်ရွက်မယ်ဆိုတဲ့..ရည်ရွယ်ချက်ကြီးတွေနဲ့ ဖြောင့်ဖြောင့်မှန်မှန် ကြိုးစားအားထုတ်ခဲ့ပြီး..ဗုဒ္ဓရှင်တော်အဖြစ်ကိုရ..ဗုဒ္ဓရှင်တော်အဖြစ်ကို ရပြီးတော့လည်းပဲ အားလပ်ခွင့်မရှိဘဲ ကျွန်ုပ်တို့သတ္တ၀ါအများရဲ့ အကျိုးစီးပွားကို အကောင်းဆုံး ဆောင်ကြဉ်းပေးခဲ့ပါတယ်။ ဒီလို ဆောင်ရွက်ပေးခဲ့မှုများကြောင့် ကျွန်တော်တို့ဟာ. ဘုရားရှင်အား .စိတ်ထဲက လှိုက်လှိုက်လှဲလှဲ လေးစားကြည်ညိုပြီး.ဗုဒ္ဓရှင်တော်ရဲ့ဂုဏ်တော်တွေကို ရွတ်ဖတ်ပူဇော်နေကြခြင်း ဖြစ်ပါတယ်။

သုမေဓာရှင်ရသေ့ဘ၀ ကတည်းက.ခိုင်ခိုင်မာမာ.ထားရှိခဲ့တဲ့..ရည်ရွယ်ချက် (၈)ပါး

  1. ငါကိုယ်တိုင် ဘ၀သံသရာခရီးခဲကို ကူးမြောက်နိုင်လျင် သတ္တ၀ါအပေါင်းတို့ကိုလည်း ကူးမြောက်စေမယ်။

  2. ငါကိုယ်တိုင် ကိလေသာအနှောင်အဖွဲ့ အချုပ်အချယ်မှ လွတ်မြောက်နိုင်လျင် သတ္တ၀ါအပေါင်းတို့ကိုလည်း လွတ်မြောက်စေမယ်။

  3. ငါကိုယ်တိုင် ကိုယ်၊ နှုတ်၊ စိတ် ယဉ်ကျေးခဲ့ပြီးလျင် သတ္တ၀ါအပေါင်းတို့ကိုလည်း ယဉ်ကျေးအောင်ဆုံးမမယ်။။

  4. ငါကိုယ်တိုင် ငြိမ်းချမ်းပြီးရင် သတ္တ၀ါအပေါင်းတို့ကိုလည်း ငြိမ်းချမ်းအောင် ဆောင်ရွက်မယ်။

  5. ငါကိုယ်တိုင် သက်သာရာရပြီးလျင် သတ္တ၀ါအပေါင်းတို့ကိုလည်း သက်သာရာရအောင် ဆောင်ရွက်မယ်။

  6. ငါကိုယ်တိုင် ကိလေသာ အညစ်ကြေးတွေ သန့်ရှင်းပြီးလျင် သတ္တ၀ါအပေါင်းကိုလည်း သန့်ရှင်းအောင် ငါဆောင်ရွက်မယ်။

  7. ငါကိုယ်တိုင် ဗောဓိဥာဏ်ကို ရပြီးလျင် သတ္တ၀ါအပေါင်းတို့အား ငါရတဲ့ဗောဓိဥာဏ်ကို ဝေငှမယ်။

  8. ငါကိုယ်တိုင် နိဗ္ဗာန်ကိုစံဝင်ပြီးလျင် သတ္တ၀ါအပေါင်းတို့ကိုလည်း နိဗ္ဗာန်ကို စံဝင်နိုင်အောင် ဆောင်ရွက်ပေးမယ်။


သီတဂူဆရာတော်ဘုရားကြီး၏ ကဆုန်လပြည့်နေ့တရားတော် မှ ဖော်ပြထားသည်။

အဲဒီ့ရည်ရွယ်ချက်တွေကို ကြည့်ခြင်းအားဖြင့် မြတ်ဗုဒ္ဓဟာ လောကတ္ထစရိယ ဆိုတဲ့ အများအကျိုးစီးပွား ဆောင်ရွက်ခြင်းအကျင့်ကို ဦးစားပေး ဆောင်ရွက်တော်မူခဲ့တယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒါကိုက..အလွန်ပဲကြည်ညိုစရာကောင်းပါတယ်။ နောက်တခုက..မိမိရရှိမယ့် ဗောဓိဥာဏ်ကို ကိုယ်တစ်ယောက်တည်း monopolize - လက်ဝါးကြီးအုပ် မထားပဲ..သူတစ်ပါးကို share -ဝေမျှပေးမယ်ဆိုတဲ့ စိတ်ထား နဲ့ ရည်ရွယ်ချက်ဟာလည်း တကယ်ပဲ လေးစားကြည်ညိုဖွယ်ကောင်းပါတယ်။ မြတ်ဗုဒ္ဓဟာ ဒီရည်ရွယ်ချက်တွေကို ဘုရားဆုပန်စဉ်အချိန်လေးအတွင်းမှာပဲ ထားရှိခဲ့တာမဟုတ်ဘဲ ..သူ ပါရမီအလုပ်တွေကို ပြုလုပ်နေစဉ်တလျောက် နဲ့ ဘုရားစင်စစ်ဧကန်ဖြစ်အောင် ကြိုးစားနေခဲ့စဉ်တလျောက်လုံးမှာ ဒီရည်ရွယ်ချက်ကြီးတွေကို မလစ်ဟင်းစေဘဲ မယိမ်းမယိုင်ဘဲ ဆောင်ရွက်ခဲ့ခြင်းဟာ..ကောင်းစွာကြွတော်မူခဲ့ခြင်းဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ သုဂတောဂုဏ်တော်တစ်ခုပါပဲ။
အရှင်ဇနကာဘိဝံသရဲ့ ဘာသာသွေးစာအုပ် အချီနိဒါန်းမှ မြန်မာပြန်စာပိုဒ်လေးက.. မြတ်ဗုဒ္ဓ၏ မဟာကရုဏာကြီးမားပုံကို ပေါ်လွင်စေပါတယ်။
ငါ၏ကိုးကွယ် ငါ့ကို ကယ်၍ ငါ့နှယ်မခြား လူနတ်များ၏ ကိုးစားရာသခင် ဘုရားရှင်ကိုယ်တော်မြတ်သည် သတ္တ၀ါခပင်း ဆင်းရဲခြင်းကြောင့် ပြင်းပြလှစွာ မဟာကရုဏာတော်သည် မရှောင်သာအောင် ခါခါထပ်ထပ် နှိုးဆော်အပ်သည်ဖြစ်၍၊ လက်လှမ်းမှီလောက် အနီးရောက်လျက် မျက်မှောက်ပြုရန် မြတ်နိဗ္ဗာန်ကို အလွယ်တကူ လှမ်းမယူဘဲ ဗိုလ်လူတွက်တာ စွန့်လွှတ်ခွာ၍ သာမန်လူများ မကြံအားအောင် ထူးခြားလွန်ကဲ ပြုနိုင်ခဲသော ပါရမီဖြည့်မှုကို လေးသင်္ချေကိန်း ကပ်တစ်သိန်းမျှ ထိန်းသိမ်း ဆင့်ဆင့် ပြုကျင့်တော်မူလျက် လူနတ်အများ ချမ်းသာပွားဖို့ တရားဖြင့်အေး ကြီးပွားရေးကို ကိုယ်ဆင်းရဲမှု လျစ်လျူရှု၍ အမှုပါအောင် ဆောင်တော်မူခဲ့ပါသတည်း။
(အရှင်ဇနကာဘိဝံသ- ဘာသာသွေး)