ဂုဏ်တော်ပွားတဲ့အခါ ထိရောက်အောင် ပွားတတ်စေရန်အတွက် ရေးသားခြင်းပါ..ဂုဏ်တော်ပွားတာဟာ ဘာကိုရည်ရွယ်တာလည်းဆိုတာသိနေဖို့ပါပဲ..ဒါမှ ကိုယ့်ရဲ့ ဂုဏ်တော်ပွားခြင်းဟာထိရောက်လာမှာပါ။
ဥပမာ ကျွန်တော်တို့ အရဟံ ဂုဏ်တော်ပွားတယ်ဆိုပါစို့..
အရဟံဆိုပြီး ရွတ်တော့ရွတ်တာပါပဲ ဒါပေမယ့် ရွတ်နေခိုက်မှာ ဂုဏ်တော်အပေါ်အာရုံမရောက်ပဲ တခြားအာရုံထားနေမယ်ဆိုရင် ထိရောက်မှုအားနည်းပါလိမ့်မယ်..ဘုရားရှင်ကို ကြည်ညိုအား နည်းနေပါလိမ့်မယ်
ဒါကြောင့် အနက်အဓိပ္ပါယ် လေးနဲ့ ရွတ်လိုက်မယ်ဆိုရင် အများကြီး ထိရောက်မှုတွေရှိပါတယ်..ဘုရားရှင်ကိုလည်း ဆက်တိုက်ဆက်တိုက် ကြည်ညိုယုံကြည်မှုတွေ တိုးပွားနေမှာပါ.
အရဟံ ဂုဏ်တော်ရဲ့ အနက်က..

ကိလေသာတို့မှ ဝေးကွာတော်မူ၏.
လှူဒါန်းပူဇော်သမျှကို ခံယူတော်မူထိုက်၏ လို့ အဓိပ္ပါယ်ရပါတယ်…(အရှင်ဇနကာဘိဝံသ- ရတနာ့ဂုဏ်ရည်)

စိတ်မှာ အမြဲတမ်းလိုလို လိုချင်မှုတွေချည်းပြည့်နှက်နေပါတယ်..ဥပမာ
အ၀တ်လိုချင်တယ်..ကွန်ပျူတာလိုချင်တယ်..ဖိနပ်လိုချင်တယ်..လှပချင်တယ်..စသည်အားဖြင့် အမျိုးမျိုးပေါ့ဗျာ..ရှုပ်ရှုက်ခက်အောင် ဖြစ်နေရင် တော်တော်လေးကို စိတ်ရှုပ်ဖို့ကောင်းပါတယ်..ပူလောင်ပါတယ်..ဖိစီးပါတယ်..
ဒီလို စိတ်တွေဖြစ်နေတဲ့အချိန်မှာ ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ အရဟံဂုဏ်တော်လေးကို မြန်မာလို ဖြည်းဖြည်းခြင်း ပွားလိုက်ရင်..လိုချင်တဲ့ကိလေသာတွေ တဖြည်းဖြည်းခြင်း လျော့ပါးသွားပါလိမ့်မယ်..
ဂုဏ်တော်ပွားရမယ့် စာသားလေးက..

  • လိုချင်မှုကင်းစင်တော်မူသော မြတ်စွာဘုရား

  • ကိလေသာတို့မှ ကင်းဝေးတော်မူသော မြတ်စွာဘုရား

  • စွဲလမ်းမှု ကင်းဝေးတော်မူသော မြတ်စွာဘုရား

(အရှင်ဆန္ဒာဓိက- နှလုံးသားမိတ္တူ)
စသဖြင့်..မြန်မာလို သိထားသလောက် မှန်ကန်သော အသုံးအနှုံးများနဲ့ ပွားများရင် ဘုရားရှင်ကို ကြည်ညိုခြင်း ထိရောက်သလို..ကိုယ့်စိတ်မှာလည်း ဘုရားရှင်ရဲ့ စိတ်တော်အတိုင်း သန့်ရှင်း ချင်လာမယ် အဲဒေါ့ ကိုယ့်ဘာသာကိုယ် လိုချင်မှုတွေကို နည်းအောင်လုပ်မိလာပါလိမ့်မယ်..
ဒါဟာ ဂုဏ်တော်ပွားခြင်းရဲ့ အဓိက ရည်ရွယ်မှုပါပဲ..
ပုတီးစိပ်ဂုဏ်တော်ပွားတဲ့အခါ ကိုယ်နားလည်သလို မြန်မာလို ပွားလိုက်ရင် သိပ်ကိုအကျိုးကြီးမားပါတယ်.
အရှင်ဆန္ဒာဓိကဆရာတော်က..

ဂုဏ်တော်ပွားတယ်ဆိုတာဟာ..ဘုရားအကြောင်းစဉ်းစားတာပါ
ကိုယ်သိထားသလို ရိုးရိုးလေးစဉ်းစားရင် ဘုရားရှင်ကို ပိုကြည်ညိုတတ်သလို ကိုယ့်စိတ်ကိုလည်း ကိုယ်တိုင် ပြုပြင်ပြောင်းလဲပြီးသား ဖြစ်ပါတယ်

လို့ နှလုံးသားမိတ္တူစာအုပ်မှာ ရေးသားထားပါတယ်..
ဂုဏ်တော်ပွားခြင်းဟာ ဗုဒ္ဓါနုဿတိ ကိုရည်ရွယ်ပါတယ်..
ဗုဒ္ဓ=ဘုရားကို + အနု=အဖန်ဖန် အထပ်ထပ် + သတိ=အမှတ်ရနေခြင်း (အရှင်ဇနကာဘိဝံသ-ရတနာ့ဂုဏ်ရည်)
အဲဒီ့ရည်ရွယ်ချက် ပျောက်မသွားသင့်ပါကြောင်း အကြံပြုလိုပါတယ်..
အရဟံ..အရဟံလို့ ခဏ ခဏ ရွတ်နေရင်းနဲ့ ဟိုရောက်ဒီရောက်အတွေးများဝင်နေရင် စိတ်က သန့်ရှင်းလာမှာမဟုတ်သလို ဂုဏ်တော်ပွားခြင်းရဲ့ ရည်ရွယ်ချက်ပျောက်နေပါလိမ့်မယ်..
တခုခု လိုချင်လို့ ပွားနေရင် ကိုယ့်ရဲ့ ဂုဏ်တော်ပွားခြင်းလမ်းမှန်ပေါ်မရောက်နိုင်ပါ..
တကယ်တော့ ဂုဏ်တော်ပွားတယ်ဆိုတာ
ဘုရားရှင်ကို ကြည်ညိုတတ်ဖို့
ကိုယ့်ဆီမှာလည်း လိုချင်မှု ၊ စိတ်ဆင်းရဲမှုတွေ ..ကင်းဝေးစေဖို့ ပါ..

အကြံအောင်မြင်ချင်မှု လာဒ်ပေါများချင်မှု စီးပွားတတ်ချင်မှု ဆိုတဲ့ လိုချင်မှုများနဲ့ ဂုဏ်တော်ပွားနေရင် ဘုရားဂုဏ်တော်ကို ပွားရာမရောက်ပဲ ကိုယ့်ရဲ့ လိုချင်မှု တွေကို ပွားနေသလို ဖြစ်နေပါလိမ့်မယ်..

အဲလိုမဖြစ်ရလေအောင်..ပွားနေစဉ်မှာ ဘုရားဆီအာရုံရောက်အောင် ပါဠိအစား မြန်မာလိုလေး ပွားလိုက်ဖို့ အကြံပြုလိုပါတယ်..
ဒါကြောင့် အရှင်ဆန္ဒာဓိက ရဲ့ စကားကို နာယူခြင်းအားဖြင့် ဂုဏ်တော်ပွားတဲ့အခါ မြန်မာလို ရွတ်ဆိုကြပါစို့..

  • စိတ်ဆင်းရဲခြင်း ကင်းတော်မူသော မြတ်စွာဘုရား

  • အမြဲတမ်း စိတ်အေးချမ်းတော်မူသော မြတ်စွာဘုရား..

  • အနှောင်အဖွဲ့ အားလုံးမှ လွတ်မြောက်တော်မူသော မြတ်စွာဘုရား

  • သောက ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား.

  • ကိုယ်တော်တိုင် သောက အားလုံး ငြိမ်းတော်မူသလို သတ္တ၀ါတို့ရဲ့ သောကကိုလည်း ငြိမ်းအောင် လုပ်ပေးတော်မူသော မြတ်စွာဘုရား

  • ကိုယ်တော်တိုင် သောက အားလုံး ငြိမ်းတော်မူသလို သတ္တ၀ါဝေနေယျတွေရဲ့ သောက ဆူးငြောင့်ကို ပယ်နုတ်ပေးတော်မူသော မြတ်စွာဘုရား

  • ကိုယ်တော်တိုင် သောက အားလုံး ငြိမ်းတော်မူသလို သောက ငြိမ်းအေးကြောင်းတရားတော်များကို ဟောကြားပေးတော်မူသော မြတ်စွာဘုရား

  • သံယောဇဉ်ကင်းစင်တော်မူသော မြတ်စွာဘုရား

  • သိစရာအားလုံး သိတော်မူသော မြတ်စွာဘုရား

  • မေတ္တာ ကြီးမားတော်မူသော မြတ်စွာဘုရား

  • မှန်ကန်၍ အကျိုးရှိသော စကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား

....
စသဖြင့် ပေါ့လေ…အများကြီး ကိုယ်တတ်သလို ပွားလို့ရပါတယ်..
အခေါက်ရေ နည်းချင်နည်းသွားပါစေ ရွတ်ဖတ်ပွားများလိုက်တိုင်းမှာ ဘုရားဆီအာရုံပြုနေဖို့က အဓိကပါ..
စိတ်ဓာတ်ကျ အားငယ်နေတဲ့အချိန်ပဲဖြစ်ဖြစ် လိုချင်မှုတွေနဲ့ ပြည့်နှက်နေတဲ့အချိန်ဖြစ်ဖြစ်..ဒေါသဖြစ်နေတဲ့အချိန်ပဲဖြစ်ဖြစ်..ဂုဏ်တော်ကို မြန်မာလို ရွတ်ဆိုလိုက်ရင် ပူလောင်မှုတွေ ကင်းဝေးသွားပါလိမ့်မယ်..
(အရှင်ဆန္ဒာဓိက စာအုပ်ကို မှီပြီးရေးပါတယ်)

heartcopy

ဒေါင်းလုပ်

လယ်တီဆရာတော်ဘုရားကြီးmogok sayardaw
shinjanarbiwunthaမင်းကွန်းဆရာတော်ဘုရားကြီး
မဟာစည်ဆရာတော်ဘုရားကြီးnandamalabhivamsa1
sitagu sayardawukawthita
ashinsaykaindaashinkawthanla
ashinsandardika

စသဖြင့်......