အပိုင်း (၁) (အဆက်)
သာသနာ့ချိန်ခွင်ကြီး ၄ လတ်- ၀၆
သာသနာ့ချိန်ခွင်ကြီး ၄ လတ်- ၀၇
သာသနာ့ချိန်ခွင်ကြီး ၄ လတ်- ၀၈
သာသနာ့ချိန်ခွင်ကြီး ၄ လတ်- ၀၉
သာသနာ့ချိန်ခွင်ကြီး ၄ လတ်- ၁၀
သာသနာ့ချိန်ခွင်ကြီး ၄ လတ်- ၁၁
သာသနာ့ချိန်ခွင်ကြီး ၄ လတ်- ၁၂
ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး ဟောတော်မူသော
သာသနာ့ချိန်ခွင်ကြီး ၄လတ် MP3 တရားတော်များကို တင်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီတရားတော်များကို တခြား web site တွေမှာ မတွေ့သေးတာရယ်၊ ကျွန်တော်မှာလည်း အဆင့်သင့်ရှိနေတာရယ်ကြောင့်..
တရားတော်များ နာယူနိုင်အောင် တင်ပေးသွားမှာပါ။
Download အဆင်ပြေအောင် MediaFire Link နဲ့ တင်ပေးထားပါတယ်။
သာသနာ့ချိန်ခွင်ကြီး ၄ လတ် တရားတော် - ကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဘုရားကြီး
အပိုင်း (၁)
Download Links [Mediafire]
သာသနာ့ချိန်ခွင်ကြီး ၄ လတ်- ၀၁
သာသနာ့ချိန်ခွင်ကြီး ၄ လတ်- ၀၂
သာသနာ့ချိန်ခွင်ကြီး ၄ လတ်- ၀၃
သာသနာ့ချိန်ခွင်ကြီး ၄ လတ်- ၀၄
သာသနာ့ချိန်ခွင်ကြီး ၄ လတ်- ၀၅
ဗုဒ္ဓါနုဿတိ လင်္ကာ
3:59 PM | Author: sankooo
လက္ခဏာတော် ကြီးငယ် အသွယ်သွယ်ဖြင့်၊ သပ္ပါယ်လှစွာ ကိုယ်အင်္ဂါဝယ်၊
ပါရမီတော်အဟုန် ကိုယ်လုံးခြုံ၍၊ မွှမ်းထုံသင်းကြူ…...
သယမ္ဘူဟု ဥာဏ်တူကင်းလတ် အရဟတ်ဖြင့်၊
သတ်ဖြတ်ခပင်း ကိလေရှင်းသား…..
ဥာဏ်ရင်းမဟာ ကရုဏာနှင့် သမ္မာသမ္ဗောဓိ အစရှိလတ်၊
ဥာဏ်တော်မြတ်၏ ကိန်းဝပ်စံပျော်၊ ခန္ဓာပေါ်ဝယ်၊
ဘွဲ့တော် “ဗုဒ္ဓ” တင်ပါရသည်…...လောကထွဋ်ထား မြတ်ဘုရား။
[စာမျက်နှာ-၃၊ အရှင်ဇနကာဘိဝံသ-ဗုဒ္ဓါနုဿတိဘာဝနာ]
အကျဉ်းချုပ်အဓိပ္ပါယ်
  • လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် အသပ္ပါယ်ဆုံးလည်းဖြစ်ခြင်း။
  • ကိုယ်အင်္ဂါအစိတ်အပိုင်းတိုင်း၌ ကောင်းမှုပါရမီတော်တို့က လွှမ်းခြုံ၍ မွှမ်းထုံထားခြင်း။
  • ရာဂ၊ ဒေါသ၊ မောဟ စသော ကိလေသာတို့ကို သတ်ဖြတ်နိုင်သော အရဟတ္တမဂ်ဥာဏ်တော်ကို ရခြင်း။
  • သတ္တ၀ါတို့၏ အပေါ်၌ သနား ကြင်နာကရုဏာကြီးမားခြင်း။
  • အလုံးစုံကို အကုန်သိနိုင်သော သဗ္ဗညုတဥာဏ်တော်ကို ရခြင်း။
ဤဂုဏ်တော်တို့၏ ကိန်းဝပ်စံပျော်ရာ ခန္ဓာကိုယ်ပေါ်၌သာ “ဗုဒ္ဓ” ဟု ဘွဲ့နာမည်တော်ကို တင်ထိုက်ပါသည်။
ထို့သို့ “ဗုဒ္ဓ” ဘွဲ့နာမည်တော် တင်ထိုက်သော ယောကျာ်းမြတ်သည်သာ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့၏ အထွဋ်အထိပ်ထားရသော မြတ်ဘုရား ဖြစ်၏။
[ဤအဓိပ္ပါယ်ကို ဖတ်မှတ်၍ပြီးသောအခါ..တလောကလုံး၏ ကျေးဇူးတော်ရှင် ဗုဒ္ဓမြတ်စွာကို မှန်းဆ အာရုံပြု၍ လက်အုပ်ချီကာ ဖော်ပြခဲ့ပြီးသော လင်္ကာကို ရွတ်ဖတ်၍ ဂုဏ်တော်ပွားလိုက်လျင် အားရဖွယ်ကောင်း အရသာပို၍ ရှိပါလိမ့်မည်။]
ဒီလင်္ကာလေးက..ဗုဒ္ဓါနုဿတိဘာဝနာ (အရှင်ဇနကာဘိဝံသ) စာအုပ်လေးထဲက..ကျွန်တော် ဖတ်မှတ်ထားတာဖြစ်ပါတယ်။
ကျွန်တော် ဂုဏ်တော်ပွားတဲ့အခါ..ဒီလင်္ကာလေးကို ရွတ်ဖတ်ပြီး ဗုဒ္ဓမြတ်စွာကို အာရုံပြုပါတယ်။
ပြီးတော့မှ...
ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊
ဗြဟ္မာ နတ် လူတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
မဟာကာရုဏိကော- သနားခြင်းကြီးစွာ မဟာကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၊
ဘုန်းတော် ၆ စုံ၊ ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၊
သစ္စာ ၄ပါး၊ တရားအလုံးစုံကို ကိုယ်တော်တိုင် မှန်ကန်စွာ သိမြင်တော်မူသော မြတ်စွာဘုရား၊.....
စသဖြင့်ပေါ့....ကိုယ်သိထား၊ မှတ်ထားတဲ့..ဗုဒ္ဓ ဂုဏ်တော်တွေကို မြန်မာလိုလေး ပွားများပါတယ်။
ဒီလိုလေး ပွားများလိုက်ရင်..ဗုဒ္ဓမြတ်စွာကို ကြည်ညိုသဒ္ဓါစိတ်တွေ အရင်ထက် ပိုအားကောင်းလာမယ်..
ပြီးတော့ ဘယ်လိုဦးတည်ချက်နဲ့ ဘုရားကို ကိုးကွယ်နေရတာလည်းဆိုတာ ပိုသိလာမယ်..လို့ ကျွန်တော်ယုံကြည်တယ်။
မြတ်စွာဘုရားကို ကိုးကွယ် ပူဇော်နေရခြင်း အကြောင်းဟာ..လောကီ စည်းစိမ် ရာထူးတွေ...အတွက် ဆုတောင်းဖို့ရာ...မဟုတ်ဘူး။
ကျွန်တော်တို့အတွက် သစ္စာ ၄ ပါးတရားတော်တွေကို ဟောပြောပေးထားခဲ့တဲ့ ကျေးဇူးတော်ကို အောက်မေ့ သတိရခြင်းနဲ့..
ကိုးကွယ် ပူဇော်နေရတာပါပဲ။
ကိုယ်ကံကောင်းဖို့ရာအတွက်ပဲ ဘုရားကို ပူဇော်နေခြင်းဟာ..ကိုယ့်အတွက် သာသနာပ ဆန်သွားမယ်၊
အဲလိုမဟုတ်ပဲ...တလောကလုံးအား.. သစ္စာတရားတွေ သိစေတဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားအဖြစ် ပူဇော်လိုက်မယ်ဆိုရင်..
ကိုယ်ဟာ.သာသနာတွင်းလူ ဖြစ်နေမှာပဲ။
ကိုယ့်အတွက် သာသနာတွင်း ဖြစ်ဖို့ရန်၊
မြတ်စွာဘုရားကို ပူဇော်နေခြင်းဟာ..အရင်ထက် ဦးတည်ချက်မှန်ကန်အောင် ဒီ ဗုဒ္ဓါနုဿတိဘာဝနာ လင်္ကာလေးကို ဖော်ပြလိုက်ပါတယ်။
The End
အပိုင်း (၉)
အပိုင်း (၈)
အပိုင်း (၇)
[youtube]http://www.youtube.com/watch?v=7t6cCFiZ5uo[/youtube]
အပိုင်း (၇)
[youtube]http://www.youtube.com/watch?v=7t6cCFiZ5uo[/youtube]
အပိုင်းး(၆)
[youtube]http://www.youtube.com/watch?v=9Q_C4w3MfLI[/youtube]
အပိုင်း (၅)
[youtube]http://www.youtube.com/watch?v=4kxOUcTiuxI[/youtube]
အပိုင်း(၄)
[youtube]http://www.youtube.com/watch?v=vF4iakSSjBM[/youtube]
အပိုင်း (၃)
[youtube]http://www.youtube.com/watch?v=iY8gwQddxbk[/youtube]
အပိုင်း (၂)
[youtube]http://www.youtube.com/watch?v=CpwIWvHq_hY[/youtube]
အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ) ၏ သီလစောင့်မှအူမတောင့်မယ် တရားတော် တရားတော်ကို အပိုင်းလိုက်စီ တင်သွားပေးပါမယ်။
အပိုင်း (၁)
[youtube]http://www.youtube.com/watch?v=HBPpa21E53E[/youtube]
ပါကဋ္ဌာနစတုက္က
12:11 PM | Author: sankooo
ကမ္မစတုက္ကပိုင်းကို အရင်က..ခေါင်းစဉ် ၃ ခုနဲ့ ရေးပြီးခဲ့ပါတယ်..
ကိစ္စစတုက္က္က(လုပ်ငန်းဆောင်ရွက်ပုံနှင့် စပ်သော ကံ ၄-ပါး)၊
ပါကဒါနပရိယာယစတုက္က (အကျိုးပေးပုံ အလှည့်အကြိမ် နှင့်စပ်သော ကံ ၄-ပါး)၊
ပါကကာလစတုက္က (အကျိုးပေးရာ အချိန်ကာလ နှင့်စပ်သော ကံ ၄- ပါး)..ဟူ၍ ရေးသား ဖော်ပြခဲ့ပါတယ်။
အခုတော့..ကျန်ရှိနေတဲ့ ပါကဋ္ဌာနစတုက္က ကို ရေးလိုက်ပါတယ်.
ကမ္မစတုက္ကပိုင်းများကို ..ဓမ္မဗျူဟာ- ဒေါ်ခင်လှတင် (မဟာသဒ္ဓမ္မဇောတိကဓဇ)ရဲ့ အဘိဓမ္မာသင်တန်း အသံဖိုင်များကို နားထောင်ပြီး ရေသားထားပါတယ်။
အဲဒီ့ဖိုင်များကိုတော့ DhammaDownload.com မှ Download ဆွဲပြီး နားထောင်နိုင်ပါတယ်။
ပါက=အကျိုး + ဋ္ဌာန=ဘုံဋ္ဌာန
ပါကဋ္ဌာနစတုက္က ဆိုသည်မှာ အကျိုးပေးရာဘုံဋ္ဌာန နှင့်စပ်သော ကံ ၄-ပါး ဖြစ်သည်။
အကျိုးပေးရာဘုံဋ္ဌာနနှင့်စပ်သော ကံ ၄-ပါး တို့မှာ...
  1. အကုသိုလ်ကံ
  2. ကာမာဝစရကုသိုလ်ကံ (ကာမကုသိုလ်ကံ)
  3. ရူပါဝစရကုသိုလ်ကံ (ရူပကုသိုလ်ကံ)
  4. အရူပါဝစရာကုသိုလ်ကံ (အရူပကုသိုလ်ကံ)
အကုသိုလ်ကံ ... ၁၂ ပါး ရှိသည်။
ကာမာဝစရကုသိုလ်ကံ... ၈ ပါး ရှိသည်။
ရူပါဝစရကုသိုလ်ကံ... ၅ ပါး ရှိသည်။
အရူပါဝစရာကုသိုလ်ကံ.... ၄ ပါး ရှိသည်။
ဆိုင်ရာ အကျိုးပေးရာ ဘုံဋ္ဌာန တို့မှာ..
  1. အပါယ် - ၄-ပုံ (ဒုဂ္ဂတိဘုံ)
    1. ငရဲ
    2. တိရစ္ဆာန်
    3. ပြိတ္တာ
    4. အသူရကာယ်
  2. ကာမသုဂတိ - ၇-ဘုံ (လူ့ဘုံ + နတ်ပြည် ၆-ထပ်) (သုဂတိဘုံ)
    1. လူ့ဘုံ
    2. စတုမဟာရာဇ်ဘုံ
    3. တာဝတိံသာဘုံ
    4. ယာမာဘုံ
    5. တုသိတာဘုံ
    6. နိမ္မာနရတိဘုံ
    7. ပရနိမ္မိတ၀သ၀တ္တိဘုံ
  3. ရူပ - ၁၆-ဘုံ
    1. ပထမဈာန် ၃-ဘုံ (ဗြဟ္မပါရိသဇ္ဇာဘုံ၊ ဗြဟ္မပုရောဟိတာဘုံ၊ မဟာဗြဟ္မာဘုံ)
    2. ဒုတိယဈာန် ၃-ဘုံ (ပရိတ္တာဘာဘုံ၊ အပ္ပမာဏာဘာဘုံ၊ အာဘဿရာဘုံ)
    3. တတိယဈာန် ၃-ဘုံ (ပရိတ္တာသုဘာဘုံ၊ အပ္ပမာဏာသုဘာဘုံ၊ သုဘကိဏှာဘုံ)
    4. စတုတ္ထဈာန် ၇-ဘုံ (ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံ၊ သုဒ္ဓါဝါသ ၅-ဘုံ)
    စုစုပေါင်း ၁၆ ဘုံတို့ ဖြစ်သည်။
    (သုဒ္ဓါဝါသ ၅ ဘုံမှာ..အ၀ိဟာဘုံ၊ အတပ္ပါဘုံ၊ သုဒဿာဘုံ နှင့် သုဒဿီဘုံ တို့ဖြစ်သည်။)
  4. အရူပ - ၄-ဘုံ မှာ..
    1. အာကာသာနဉ္စာယတနဘုံ
    2. ၀ိညာဏဉ္စာယတနဘုံ
    3. အာကိဉ္စညာယတနဘုံ
    4. နေ၀သညာ နာသညာယတနဘုံ
(စုစုပေါင်း ၃၁ ဘုံ ဖြစ်သည်။)
(ဘုံပိုင်းဆိုင်ရာကို .. အဘိဓမ္မာ - ဘူမိစတုက္က ပိုင်းတွင် လေ့လာနိုင်ပါသည်။)
(စာမျက်နှာ ၆၀၊ ဒေါ်ခင်လှတင် - အခြေခံ အဘိဓမ္မာသင်တန်းမှတ်စု ဒုတိယအဆင့်)
အပါယ် ၄-ဘုံ၊ ကာမသုဂတိ ၇-ဘုံ၊--- ပေါင်း ၁၁-ဘုံ တို့ကို ကာမာဝစရ (ကာမ) ဘုံ ဟုလည်းခေါ်သည်။
ထိုကာမဘုံ ၁၁ ဘုံတွင် ဒုဂ္ဂတိ ၄-ဘုံ နှင့် သုဂတိ ၇-ဘုံ တို့ အထက်ပါအတိုင်း...ပါဝင်သည်။
အကုသိုလ်ကံ (၁၂-ပါး)ကို ပြုလျင် .... အပယ် ၄-ဘုံ သို့ အကျိုးပေးမည်။
ကာမကုသိုလ်ကံ (၈-ပါး)ကို ပြုလျင်...... ကာမသုဂတိ ၇-ဘုံ သို့ အကျိုးပေးမည်။
[ကာမဘုံသို့ ရောက်အောင် အကျိုးပေးမည့် ကံတို့ကို ကာမကံ ဟုခေါ်သည်။ ထိုကြောင့် ကာမကံ ၂၀-ပါး ဖြစ်သည်။
ကာမကံပေါင်း ၂၀ ပါးတွင်.. အကုသိုလ်ကံ ၁၂ ပါး နှင့် ကုသိုလ်ကံ ၈ ပါး ပါဝင်သည်။]
ရူပကုသိုလ် ၅-ပါးကို ပြုလျင်....ရူပ ၁၆-ဘုံ သို့ အကျိုးပေးမည်။
အရူပကုသိုလ် ၄-ပါးကို ပြုလျင် ...အရူပ ၄-ဘုံ သို့ အကျိုးပေးမည်။
[ရူပကုသိုလ် နှင့် အရူပကုသိုလ် တို့ကို မဟဂ္ဂုတ်ကုသိုလ်များ ဟုလည်းခေါ်သည်။ ထို့ကြောင့် မဟဂ္ဂုတ်ကုသိုလ် ၉-ပါး ရှိပေမည်။
မဟဂ္ဂုတ်ကုသိုလ် ၉ ပါး တွင်... အကုသိုလ်ကံ မရှိပေ။ မဟဂ္ဂုတ်ကုသိုလ်ကံ ၉ ပါး ပြုလျင်..ဗြဟ္မာ့ဘုံ-၂၀ (ရူပ ၁၆-ဘုံ + အရူပ ၄-ဘုံ) သို့ အကျိုးပေးပေမည်။ ] -
ဗြဟ္မာဘုံတွေရောက်ဖို့ရန်အတွက်....ရူပကုသိုလ်၊ အရူပကုသိုလ်များ လုပ်မှဖြစ်ပေမည်။ ထိုကုသိုလ်တို့မှာ. ရိုးရိုးကုသိုလ်များမဟုတ်ဘူး၊ ဈာန်ကုသိုလ်များဖြစ်လေသည်။...
ရိုးရိုးပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း၊ သီလတွေဆောက်တည်ခြင်း တို့မှာ....ဈာန်ကုသိုလ် မဟုတ်သေးပေ။
ဈာန်ကုသိုလ်ဖြစ်ဖို့ရန်မှာ.. သမထ ဘာဝနာ ပွားရမည်။ သမထဘာဝနာ ပွားလျင်.. ဈာန်ရမယ်။ ဈာန်ရလျင် ဗြဟ္မာဘုံရောက်မည်။
ဘာဝနာမှာ ၂ မျိုးရှိသည်။..သမထဘာဝနာ နှင့် ၀ိပဿနာဘာဝနာ တို့ဖြစ်သည်။
သမထဘာဝနာ ၏ လမ်းဆုံးသည်.....ဈာန် ဖြစ်သည်။....-ဈာန်ရလျင် ဗြဟ္မာ့ဘုံ သို့ အကျိုးပေးမည်။
ဝိပဿနာဘာဝနာ ၏ လမ်းဆုံးသည်..မဂ် ဖြစ်သည်။ မဂ် ရလျင် မဂ်ရဲ့ အကျိုး ဖိုလ်ရမည်။ ၀ိပဿနာဘာဝနာ ကား...ဘုံဋ္ဌာနကို အကျိုးမပေးပေ။
မြတ်ဗုဒ္ဓ တိုင်း၏ အကျဉ်းချုပ် ဆုံးမစကားမှာ...
မကောင်းမှုအကုသိုလ်ကို ရှောင်
ကောင်းမှုကုသိုလ်ကို ဆောင်
စိတ်ကို စင်အောင်ထား ... ဖြစ်ပေသည်။
မကောင်းမှု အကုသိုလ် တို့ကို ရှောင်ကျဉ်ခြင်းသည်....ကုသိုလ်ပြုခြင်းဖြစ်သည်။ ၎င်းကို ရှောင်ကုသိုလ် ဟုခေါ်သည်။
ကောင်းမှုကုသိုလ် တို့ကို ဆောင်ယူ၊ ထိန်းသိမ်းခြင်းသည်လည်း ကုသိုလ်ပြုခြင်းပင် ဖြစ်သည်။ ၎င်းကို ဆောင်ကုသိုလ် ဟုခေါ်သည်။
စိတ်ကို စင်အောင်ထားဖို့ရာ၌...
၁) စိတ်ကို ညစ်အောင် ပြုလေ့ရှိသော.ကိလေသာတို့မှ...ဝေးကွာအောင်..ဖယ်ခွါခြင်း နှင့်..
၂) ထိုကိလေသာ အညစ်အကြေးတို့ ထပ်မဖြစ်လေအောင် ပယ်သတ်ပစ်ခြင်း ဟူ၍ (၂)မျိုး ရှိပေမည်။
ကိလေသာ တို့မှ...ဝေးကွာအောင် ဖယ်ခွါပြုခြင်းသည်လည်း...ကုသိုလ်ပြုခြင်းဖြစ်သည်။ ၎င်းကို ပယ်ခွါတဲ့ ကုသိုလ် ဟု ခေါ်သည်။
ကိလေသာ အညစ်အကြေး တို့ ထပ်မဖြစ်ရလေအောင် ပယ်သတ်ခြင်းသည်လည်း ကုသိုလ်ပြုခြင်းပဲဖြစ်သည်။ ၎င်းကို ပယ်သတ်တဲ့ ကုသိုလ် ဟု ခေါ်သည်။
ပို၍ တိတိကျကျ ပြောလျင်..
ရှောင်ကုသိုလ် မှာ.. မကောင်းမှု ဒုစရိုက်တွေကို ရှောင်သော.... သုစရိုက် ၁၀ ပါးဖြစ်သည်။ (-ကာမကုသိုလ်)
ဆောင်ကုသိုလ် မှာ ဒါန၊ သီလ၊ ဘာဝနာ စသော...ပုညကြိယာဝတ္ထု ၁၀ ပါးပဲ။ (-ကာမကုသိုလ်)
ပယ်ခွါတဲ့ကုသိုလ် မှာ.. ဈာန်ကုသိုလ် ဖြစ်သည်။(-မဟဂ္ဂုတ်ကုသိုလ်)
ပယ်သတ်တဲ့ကုသိုလ် - မဂ်ကုသိုလ် ဖြစ်သည်။ (-လောကုတ္တရာကုသိုလ်)
ပါကဋ္ဌာနစတုက္က ဆိုသည်မှာ..
အကုသိုလ်ကံ ၁၂ ပါး (အကုသိုလ်)
ကာမကုသိုလ်ကံ ၈ ပါး (ကုသိုလ်) (ကာမကုသိုလ်) (ရှောင်ကုသိုလ်၊ ဆောင်ကုသိုလ်) (မဂ်မရသေးခင် ၀ိပဿနာ နှင့် ဈာန်မရသေးခင် သမထ ပြုခြင်းတို့သည် ကာမကုသိုလ် တွေပဲဖြစ်သည်။)
ရူပကုသိုလ်ကံ ၅ ပါး (ကုသိုလ်) (မဟဂ္ဂုတ်ကုသိုလ်)
အရူပကုသိုလ်ကံ ၄ ပါး (ကုသိုလ်) (မဟဂ္ဂုတ်ကုသိုလ်)
.....တို့ ဖြစ်ပါသည်။
အောက်ပါ အသံဖိုင်မှ ရေးသား ဖော်ပြထားသည်။
အပိုင်း ၀၅၄၊ ၀၅၅ ၊ အဘိဓမ္မာသင်တန်း အသံဖိုင် - ဒေါ်ခင်လှတင် (ဓမ္မဗျူဟာ)
ဩကာသ
11:26 AM | Author: sankooo
ကျေးဇူးတော်ရှင် ဒေါက်သီလာနန္ဒာဘိဝံသ ဆရာတော်ဘုရား၏ ဗုဒ္ဓဘာသာ အခြေခံတရားတော်များကို နားထောင်ခဲ့ဖူးပါတယ်။
ဆရာတော်ဘုရားက..ထိုတရားတော်များထဲမှာ ဩကာသ ကန်တော့ခန်းကို မှန်ကန်အောင် ပို့ချသင်ပြပေးထားပါတယ်။
ဆရာတော်ဘုရား ပို့ချသင်ပြထားသော ဩကာသ ကတော့...ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ၏ စနစ်တကျ ပြင်ဆင်ထားသော ဩကာသ ပဲဖြစ်ပါတယ်။
ဆရာတော်ဘုရားက မဟာစည်ဆရာတော်ဘုရားကြီး ရေးသားပြင်ဆင်ထားသော ဩကာသသည် သဒ္ဒါနည်းကျ မှန်ကန် တိကျတယ်လို့ ဖော်ပြ ညွှန်းဆိုထားပါတယ်။
ထို့ကြောင့် ကျွန်တော်လည်း အားရ နှစ်သက်ပြီး ထိုအချိန်ကစ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ သဒ္ဒါနည်းစနစ်ကျသော ဩကာသကန်တော့ကို ပဲ ရွတ်ဆိုဖြစ်ပါတော့တယ်။
ဩကာသ ကန်တော့ခန်း
ဩကာသ - ဩကာသ - ဩကာသ ကာယကံ၊ ၀စီကံ၊ မနောကံတည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍
အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှာ
ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာတည်းဟူသော ရတနာမြတ်သုံးပါး တို့ကို အရိုအသေ လက်အုပ်မိုး၍
ရှိခိုးပူဇော် ဖူးမျှော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော ဤကောင်းမှုကံ စေတနာတို့ကြောင့်
အပါယ် ၄-ပါး၊ ကပ် ၃-ပါး၊ ရပ်ပြစ် ၈-ပါး၊ ရန်သူမျိုး ၅-ပါး၊
ဝိပတ္တိတရား ၄-ပါး၊ ဗျသနတရား ၅-ပါး၊ အနာမျိုး ၉၆-ပါး၊
မိစ္ဆာဒိဋ္ဌိ ၆၂-ပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်သာဖြစ်၍
မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။
(စာမျက်နှာ-၉၊ မဟာစည်ဩကာသအဖွင့်)
အပါယ် ၄-ပါး
  1. ငရဲ
  2. တိရိစ္ဆာန်
  3. ပြိတ္တာ
  4. အသူရကာယ်
(စာ-၁၄၊ သာသနာ့အခြေခံ- ဦးသက်စိန်)
ကပ် ၃-ပါး
  1. ဒုဗ္ဘိက္ခန္တရကပ် - အစာငတ်မွတ်ခေါင်းပါးခြင်းကြောင့် သေကြေပျက်စီးခြင်း
  2. သတ္တန္တရကပ် - သေစေတတ်သောဓား၊ လှံ၊ သေနတ်စသော လက်နက်တို့ဖြင့် တိုက်ခိုက်၍ သေကြေပျက်စီးခြင်း
  3. ရောဂန္တရကပ် - ကူးစက်တတ်သော အနာရောပါများ ကြောင့် သေကြေပျက်စီးခြင်း။
(စာ-၁၅၊ သာသနာ့အခြေခံ- ဦးသက်စိန်)
ရပ်ပြစ် ၈-ပါး
  1. ငရဲ၌ ဖြစ်ရခြင်း
  2. တိရိစ္ဆာန်ဘုံ၌ ဖြစ်ရခြင်း
  3. ပြိတ္တာ၊ အသူရကာယ်ဘုံ၌ ဖြစ်ရခြင်း
  4. ဘုရားပွင့်နေဆဲအခါတွင် လွန်စွာ အသက်ရှည်၍ ဘုရားရှင်ကို မဖူးတွေ့နိုင်သော အရူပဗြဟ္မာဘုံ နှင့် အသညသတ် ဗြဟ္မာဘုံတို့၌ ဖြစ်ရခြင်း
  5. ဘုရားအမှူးပြုသော သံဃာတော်များမရောက်သော၊ သာသနာမရှိသော ပစ္စန္တရစ်အရပ်၌ ဖြစ်ရခြင်း။ (ရတနာသုံးပါး မတည်၍ ရိုင်းစိုင်းသူတို့အရပ်၊ သာသနာမရှိသောအရပ်)
  6. ဘုရားပွင့်ဆဲ့အခါ၊ သာသနာရှိသောအခါဖြစ်သော်လည်း ပဋိသန္ဓေအားဖြင့် ကျိုး၊ ကန်း၊ ဆွံ့၊ အ ၍ တရားတော်ကို နားလည်နိုင်လောက်သောဉာဏ် မရှိသောသူဖြစ်ရခြင်း။
  7. ဘုရားပွင့်ဆဲအခါ၊ သာသနာရှိသောအခါဖြစ်သော်လည်း မိစ္ဆာဒိဋ္ဌိ မှားသောအယူကို ယူသောသူ ဖြစ်ရခြင်း
  8. တတ်သိနားလည်လောက်သောဉာဏ်နှင့် တိဟိတ်ပဋိသန္ဓေစိတ်ရှိသော်ငြားလည်း ဘုရားသာသနာ မရှိသောအခါ၌ လူဖြစ်ရခြင်း။
(စာ-၁၆၊ သာသနာ့အခြေခံ- ဦးသက်စိန်)
ရန်သူမျိုး ၅-ပါး
  1. မီး
  2. ရေ
  3. မင်းဆိုး
  4. ခိုးသူ
  5. မချစ်မနှစ်သက်သောသူ (အမွေခံသားဆိုး၊ သမီးဆိုး)
(စာ-၁၇၊ သာသနာ့အခြေခံ- ဦးသက်စိန်)
ဝိပ္ပတ္တိတရား ၄-ပါး
  1. ကာလ၀ိပ္ပတ္တိ - မကောင်းသောမင်း၊ မကောင်းသော လူတို့၏လက်ထက်ဟု ဆိုအပ်သော ကာလ
  2. ဂတိဝိပ္ပတ္တိ - အပါယ်လေးဘုံ၌ ဖြစ်ရခြင်း
  3. ဥပဓိဝိပ္ပတ္တိ - ယုတ်ညံ့သောအတ္တဘောကိုရခြင်၊ အဆင်းမလှခြင်း၊ ကိုယ်အင်္ဂါချို့ယွင်းခြင်း
  4. ပယောဂ၀ိပ္ပတ္တိ - အသိအလိမ္မာမရှိ၊ မကောင်းသော ဒုစရိုက်များကို ပြုလုပ်မှု၊ မကောင်းသော အားထုတ်မှု ရှိခြင်း
(စာ-၁၇၊ သာသနာ့အခြေခံ- ဦးသက်စိန်)
ဗျသနတရား ၅-ပါး
  1. ဉာတိဗျသန - အဆွေအမျိုးတို့ ပျက်စီးခြင်း
  2. ဘောဂဗျသန - စည်းစိမ်ဥစ္စာများ ပျက်စီးခြင်း
  3. ရောဂါဗျသန - ရောဂါကြောင့် ပျက်စီးခြင်း
  4. သီလဗျသန - အကျင့်သီလ ပျက်စီးခြင်း
  5. ဒိဋ္ဌိဗျသန - မိစ္ဆာအယူကို ယူခြင်း
(စာ-၁၇၊ သာသနာ့အခြေခံ- ဦးသက်စိန်)
အနာမျိုး ၉၆-ပါး
  1. သည်းခြေကြောင့်ဖြစ်သော ရောဂါ (၃၂)ပါး၊
  2. လေကြောင့်ဖြစ်သော ရောဂါ (၃၂)ပါး နှင့်
  3. သလိပ်ကြောင့် ဖြစ်သော ရောဂါ (၃၂)ပါး၊
    စုစုပေါင်း (၉၆)ပါး ဖြစ်သည်။
(စာ-၁၈၊ သာသနာ့အခြေခံ- ဦးသက်စိန်)
မိစ္ဆာဒိဋ္ဌိ ၆၂-ပါး
သဿတ ဒိဋ္ဌိဝါဒ (၄)ပါး
ဧကစ္စ သဿတ ဒိဋ္ဌိဝါဒ (၄)ပါး
အန္တာနန္တ ဒိဋ္ဌိဝါဒ (၄)ပါး
အမရာ ၀ိက္ခေပ ဒိဋ္ဌိဝါဒ (၄)ပါး
အဓိစ္စသမုပ္ပန္န ဒိဋ္ဌိဝါဒ (၂)ပါး
ဥဒ္ဒမာဃာတနသညီ ဒိဋ္ဌိဝါဒ (၁၆)ပါး
ဥဒ္ဓမာဃာတနအသညီ ဒိဋ္ဌိဝါဒ (၈)ပါး
ဥဒ္ဓမာဃာတနနေ၀သညီနာသညီ ဒိဋ္ဌိဝါဒ (၈)ပါး
ဥစ္ဆေဒ ဒိဋ္ဌိဝါဒ (၇)ပါး
ဒိဋ္ဌဓမ္မ နိဗ္ဗာန ဒိဋ္ဌိဝါဒ (၅)ပါး
စုစုပေါင်း (၆၂)ပါး ဖြစ်သည်။
(စာ-၁၉၊ သာသနာ့အခြေခံ- ဦးသက်စိန်)
မဂ်တရား၊ ဖိုလ်တရား
မဂ်တရား ၄-ပါး
  1. သောတာပတ္တိမဂ်
  2. သကဒါဂါမိမဂ်
  3. အနာဂါမိမဂ်
  4. အရဟတ္တမဂ်
ဖိုလ်တရား ၄-ပါး
  1. သောတာပတ္တိဖိုလ်
  2. သကဒါဂါမိဖိုလ်
  3. အနာဂါမိဖိုလ်
  4. အရဟတ္တဖိုလ်
သောတာပတ္တိမဂ် ရသော ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကိုလည်း အခါမလင့် ရတော့၏။ သောတာပတ္တိမဂ် နှင့် ဖိုလ်ကို သိမြင်ပြီး ပုဂ္ဂိုလ်ကို သောတာပန်ဟု ခေါ်သည်။
သောတာပန် အရိယာ၌
ဒိဋ္ဌိ
ဝိစိကိစ္ဆာ
သီလဗ္ဗတပရာမာသ
ဣဿာ
မစ္ဆရိယ သံယောဇဉ် ၅-ပါး မရှိတော့။
သကဒါဂါမိမဂ်ရသော ပုဂ္ဂိုလ်သည် သကဒါဂါမိဖိုလ်ကိုလည်း အခါမလင့် ရတော့၏။ သကဒါဂါမိမဂ် နှင့် ဖိုလ်ကိုရသော အရိယာကို သကဒါဂါမ်ဟု ခေါ်သည်။
သကဒါဂါမ် အရိယာသည်
ရုန့်ရင်းသော ကာမရာဂသံယောဇဉ် နှင့် ပဋိဃသံယောဇဉ် တို့ကို ပယ်ပြီး ဖြစ်သည်။
အနာဂါမိမဂ်ကို ရသော ပုဂ္ဂိုလ်သည် အနာဂါမိဖိုလ်ကို အခါမလင့် ရတော့သည်။ အနာဂါမိမဂ် နှင့် အနာဂါမိဖိုလ်ကို ရပြီးသော အရိယာကို အနာဂါမ်ဟု ခေါ်သည်။
အနာဂါမ် အရိယာ၌ သိမ်မွေ့သော ကာမရာဂသံယောဇဉ် နှင့် ပဋိဃ သံယောဇဉ် ၂ ပါး မရှိတော့။
အရဟတ္တမဂ်ကို ရသော ပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်ကိုလည်း အခါမလင့် ရတော့သည်။ အရဟတ္တမဂ်နှင့် ဖိုလ်ကို ရပြီးသော အရိယာကို ရဟန္တာဟု ခေါ်သည်။
ရဟန္တာ ၌
ဘာဝရာဂ (ဘ၀ ၃-ပါး၌ တပ်မက်မှု)
မာန
အ၀ိဇ္ဇာ သံယောဇဉ် ၃-ပါး မရှိတော့။
(အောက်မဂ်တို့က ပယ်ပြီးသော သံယောဇဉ်တို့ကို အထက်မဂ်တို့က ပယ်ပြီး ဖြစ်သည်။)
(စာမျက်နှာ-၃၂၊ မဟာစည်ဩကာသအဖွင့်)
နိဗ္ဗာန်
မဖြစ်ခြင်းသဘော၊ မပြတ်ဖြစ်သော ရုပ် နာမ်အစဉ် ကင်းခြင်း သည် နိဗ္ဗာန်ဖြစ်သည်။
ဒုက္ခအပေါင်း ချုပ်ငြိမ်းခြင်း၊ ကိလေသာတဏှာ တို့ အကြွင်းမဲ့ချုပ်ငြိမ်းခြင်း၊
အာယာတန ၆-ပါးတို့ ချုပ်ငြိမ်းခြင်း၊ ဘ၀အသစ်တဖန်မဖြစ်တော့ဘဲ ရုပ်၊ နာမ်၊ သင်္ခါရဖြစ်စဉ် ချုပ်ငြိမ်းပြတ်စဲ၍ ပကတိ ငြိမ်းအေးခြင်း။
(စာမျက်နှာ-၃၃၊ မဟာစည်ဩကာသအဖွင့်)(စာမျက်နှာ-၂၃၊ သာသနအခြေခံ - ဦးသက်စိန်)
ယခင်ပို့စ်များတွင် ကာလအားဖြင့်သော်လည်းကောင်း၊ လုပ်ငန်းအားဖြင့်သောလည်းကောင်း ကံ (၄)မျိုးစီ ရှိကြောင်းကို ဖော်ပြခဲ့ပြီးဖြစ်သည်။
ယခုတဖန်...အကျိုးပေးအလှည့်အစဉ်အားဖြင့် ကံ ၄ မျိုး ရှိကြောင်းကိုလည်း ရေးသားလိုပါသည်။
၎င်းကို ပါဠိဘာသာဖြင့်...ပါကဒါနပရိယာယစတုက္က ဟု ခေါ်သည်။
အကျိုးပေး အလှည့်အစဉ် အားဖြင့် ကံ ၄မျိုး တို့မှာ...
  1. ဂရုကကံ
  2. အာသန္နကံ
  3. အာစိဏ္ဏကံ
  4. ကဋတ္တာကံ...တို့ ဖြစ်ကြသည်။
ဂရုကကံ
ဂရုကကံ ဆိုသည်မှာ..ကြီးလေးသောကံ၊ အားကြီးသောကံ ဖြစ်သည်။
သေပြီးနောက်.. ဒုတိယဘ၀၌ မုချမသွေ အကျိုးပေးမြဲသော အားကြီးသောကံ ဖြစ်သည်။
ဂရုကကံ၌...ကုသိုလ်ဂရုကကံ နှင့် အကုသိုလ်ဂရုကကံ ဟု၍ (၂)မျိုး ရှိ၏။
ကုသိုလ်ဂရုကကံမှာ..မဟဂ္ဂုတ်ကုသိုလ်ကံမျိုးကို ဆိုလိုသည်။
မဟဂ္ဂုတ်ကုသိုလ်ကံဆိုသည်မှာ... ဒါန သီလ စသော ကာမကုသိုလ်တို့ထက် သာလွန် အဆင့်မြင့်သော ဈာန်ကုသိုလ်မျိုးကိုဆို၏။
ရူပကုသိုလ် နှင့် အရူပကုသိုလ်တို့သည် အဆင့်မြင့်သော အစွမ်းထက်သော ဈာန်ကုသိုလ်များဖြစ်ကြသည်။
ရူပကုသိုလ် (၅)ပါး ရှိ၏။
  1. ပထမဈာန်ကုသိုလ်၊
  2. ဒုတိယဈာန်ကုသိုလ်၊
  3. တတိယဈာန်ကုသိုလ်၊
  4. စတုတ္ထဈာန်ကုသိုလ်၊
  5. ပဉ္စမဈာန်ကုသိုလ် တို့ ဖြစ်၏။
အရူပကုသိုလ် (၄)ပါး ရှိသည်။
  1. အာကာသာနဉ္စာယတနကုသိုလ်၊
  2. ၀ိညာဏဉ္စာယတနကုသိုလ်၊
  3. အာကိဉ္စညာယတနကုသိုလ်၊
  4. နေ၀သညာနာသညာယတနကုသိုလ် တို့ ဖြစ်ကြ၏။
ထို ရုပကုသိုလ် နှင့် အရူပကုသိုလ်များသည်ပင် မဟဂ္ဂုတ်ကုသိုလ်များဖြစ်ကြ၏။
ထိုမဟဂ္ဂုတ်ကုသိုလ်များသည်..ကုသိုလ်အရာ၌ အားကြီးသောကုသိုလ်ကံများဖြစ်သည်။
ထိုကံတို့သည် အားကြီးသောကြောင့် မုချမသွေ အကျိုးပေးမြဲသောကံများဖြစ်ကြသည်။
ဈာန်ရပြီး ပုဂ္ဂိုလ်သည်..သေလျင် ဗြဟ္မာ့ပြည်သို့ ဧကန် ရောက်၏။..တခြားကံအကျိုးများက ၀င်ရောက်၍ မတားမြစ်နိုင်ပေ။..
ထိုအားကြီးသောကုသိုလ်ကံများကို ကုသိုလ်ဂရုကကံဟု ခေါ်သည်။
ဂရုကကံကို အကုသိုလ်အရာ၌ ဆိုရလျင်..ပဉ္စာနန္တရိကကံ ပင်ဖြစ်၏။ သာမာန် သူ့အသတ်သတ်ခြင်း၊ သူ့ပစ္စည်းခိုးခြင်း တို့သည်..အကုသိုလ်ဂရုကကံများ မဟုတ်သေးပေ။
အားကြီးသော အကုသိုလ်ကံဖြစ်သည့်....ပဉ္စာနန္တရိကကံ ဆိုသည်မှာ..
  1. အမိ ကို သတ်ခြင်း
  2. အဖ ကို သတ်ခြင်း
  3. ရဟန္တာ ကို သတ်ခြင်း၊
  4. ဘုရားရှင် အား သွေးစိမ်းတည်အောင်ပြုခြင်း၊ နှင့်
  5. သံဃာအသင်းခွဲခြင်း....စသည့် ကံကြီးများ ဖြစ်သည်။
ထိုအကုသိုလ်ကံကြီးများ၌လည်း..အပြစ်အကြီးဆုံးကံမှာ.. သံဃာအသင်းခွဲခြင်း ဖြစ်သည်။
ဒုတိယအားဖြင့် အပြစ်ကြီးသောကံမှာ ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုခြင်း ဖြစ်သည်။
တတိယအနေဖြင့် အပြစ်ကြီးလေးသောကံမှာ...ရဟန္တာ ကို သတ်ခြင်း ဖြစ်သည်။
ထို့နောက် အပြစ်ကြီးသောကံမှာ..အမိ ၊ အဖ တို့ကို သတ်ခြင်း ဖြစ်ပေသည်။
အမိ နှင့် အဖ တို့တွင်လည်း သီလချင်း တူညီနေလျင်..အမိကို သတ်ခြင်းက..ပို၍ အပြစ်ကြီးမားပေသည်။
ပဉ္စာနန္တရိယကံ ရှိခဲ့သူသည် ဧကန်မုချ အ၀ီစိငရဲသို့ ကျရောက်ရပေမည်။
ထို့ကြောင့် ဂရုကကံ ဆိုသည်မှာ..ကုသိုလ်အရာမှာဖြစ်စေ အကုသိုလ်အရာမှာဖြစ်စေ အကျိုးပေးမြဲသော အားကြီးသော ကံမျိုးကို ဆို၏။
အာသန္နကံ
အာသန္နကံဆိုသည်မှာ...
  1. သေခါနီးအချိန်၌ ကပ်၍ပြုသော ကုသိုလ် (သို့) အကုသိုလ် စေတနာ (ကံ) ဖြစ်သည်။
  2. ရှေးက ပြုခဲ့ဖူးသော ကံတခုခုအား...သေခါနီးအချိန်၌ အမှတ်ရကာ အောက်မေ့ဆင်ခြင်မိသော ကုသိုလ်(သို့) အကုသိုလ် စေတနာ(ကံ) ဖြစ်သည်။
အာသန္နကံ၌လည်း ကုသိုလ် အာသန္နကံ နှင့် အကုသိုလ် အာသန္နကံ ဟူ၍ ၂ မျိုးရှိ၏။
အာသန္နကံသည် အရေးကြီးသည်။ မသေခင် မိမိသည် (ဒါန သီလ စသော) ကောင်းမှု ကုသိုလ်များ ပြုလုပ်ခဲ့သော်ငြားလည်း..သေခါနီးအချိန်၌ စိတ်ဆိုးမှု ဒေါသဖြင့်သော်လည်းကောင်း၊ စွဲလမ်းမှု လောဘဖြင့်သော်လည်းကောင်း..စသော
စိတ်အနှောက်အယှက်တခုခုဖြင့် သေဆုံးသွားခဲ့လျင် ဒုတိယဘ၀၌ မကောင်းသော ဘုံဘ၀သို့ ကျရောက်ပေသည်။
ထို့ကြောင့် သေခါနီးအချိန်၌ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ရတနာသုံးပါးကို အာရုံပြု၍သော်လည်းကောင်း၊
မိမိ၏ မြတ်သောဒါနကိုလည်းကောင်း၊ သင်ယူမှတ်သားခဲ့ဖူးသော တရားဓမ္မများကိုလည်းကောင်း အာရုံပြု၍ စိတ်ထား ကောင်းကောင်း ရှိဖို့ရန် လိုအပ်ပေမည်။
သို့မှသာလျင် ဒုတိယဘ၀၌ ကောင်းရာ သုဂတိဘ၀သို့ ရောက်နိုင်ပေမည်။
အာစိဏ္ဏကံ
နေ့စဉ် မပြတ် လေ့ကျက် ပြုလုပ်သော ကုသိုလ် (သို့မဟုတ်) အကုသိုလ် စေတနာ (ကံ)မျိုးဖြစ်သည်။
(သို့မဟုတ်) တကြိမ်ပြုဖူး၍ မပြတ် အောက်မေ့ သတိရအပ်သော ကုသိုလ် (သို့မဟုတ်) အကုသိုလ် စေတနာ (ကံ)မျိုးဖြစ်သည်။
နေ့စဉ် ဘုရားရှိခိုးခြင်း၊ ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း..စသည်တို့သည် ကုသိုလ် အာစိဏ္ဏကံများ ဖြစ်သည်။
နေ့စဉ် ဆဲဆိုခြင်း၊ အရက်သောက်ခြင်း၊ သတ်ဖြတ်ခြင်း စသည်တို့သည် အကုသိုလ် အာစိဏ္ဏကံများ ဖြစ်ကြသည်။
ကုသိုလ်အာစိဏ္ဏကံသည် အမှန်ပင် အားကိုးရပေသည်။ ထိုကုသိုလ်အာစိဏ္ဏကံသည်ပင်လျင် သေခါနီး၌ ကုသိုလ်အာသန္နကံ ဖြစ်သွားတတ်ပေသည်။
အမြဲတမ်း အလေ့အကျင့် ပြုထားသောကြောင့် သေခါနီးအချိန်၌ ကောင်းရာ အာရုံများ မိမိစိတ်တွင် ထင်ပေါ်လာနိုင်သောကြောင့်ဖြစ်ပေသည်။
ကဋတ္တာကံ
ဂရုကကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ အခြေအနေသို့ မရောက်တတ်ဘဲ ဤဘ၀၌ သာမာန်ပြုလုပ်အပ်သော ကံမျိုးဖြစ်သည်။
ရှေးကံ(၃)ပါးမှလွတ်သော ရံခါပြုသော ကုသိုလ် (သို့မဟုတ်) အကုသိုလ် သာမည(သာမာန်)ကံများပင် ဖြစ်၏။
အထက်၌ ဖော်ပြခဲ့သော ထိုကံ ၄ မျိုးတို့၏ အကျိုးပေးအစဉ် အလှည့်မှာ..
ဂရုကကံ ရှိလျင်...ကရုကကံသည် ဦးစွာ အကျိုးပေးမယ်..
ဂရုကကံ မရှိခဲ့လျင်..အာသန္နကံ သည် အကျိုးပေးမည်..
ဂရုကကံလည်း မရှိ ၊ အာသန္နကံလည်း မရှိခဲ့လျင်..အာစိဏ္ဏကံသည် ၀င်ရောက် အကျိုးပေးမည်။
ဂရုကကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ တို့ ၃ ခုလုံးမရှိမှသာလျင်..သာမာန် ကဋတ္တာကံများ အကျိုးပေးမည်။
သေခါနီးအချိန်၌ ကပ်၍ ပြုလုပ်သော အာသန္နကံသည်..အလေ့အကျင့် မပြတ် ပြုလုပ်လာခဲ့သော အာစိဏ္ဏကံထက် ဦးစွာ အကျိုးပေးတတ်သည်။
ကျမ်းဂန်၌လာသော ဥပမာတခုမှာ..
နွားကျောင်းသားသည် ညနေ နွားများကို ခြံထဲသွင်းသောအခါ..နောက်ဆုံးမှ မသန်မစွမ်း နွားအိုကြီးသည်..အတွင်းထဲထိ မ၀င်နိုင်တော့ဘဲ..ခြံအ၀၌ပင် ရှိနေပေမည်။
မနက် ခြံတံခါး ဖွင့်ပေးလိုက်သောအခါ ဦးစွာ ထွက်ရမည်မှာ..ခြံဝနှင့် နီးသော ထို နွာအိုကြီး ဖြစ်ပေမည်။
ထို့အတူပင် အာသန္နကံ နှင့် အာစိဏ္ဏကံ တို့၌လည်း အာသန္နကံသည် (သေခါနီး) အနီး၌ ကပ်၍ပြုလိုက်သောကံဖြစ်သောကြောင့် ထိုကံသည် ဦးစွာ အကျိုးပေးတတ်ပေသည်။
ဤသည်မှာ အကျိုးပေးအစဉ်အားဖြင့် ကံ(၄)မျိုးတို့ ဖြစ်ပေသည်။
အောက်ပါ စာမျက်နှာ နှင့် အသံဖိုင်မှ ထုတ်နုတ်ဖော်ပြထားသည်။
စာမျက်နှာ ၆၇- ၇၂ - အဘိဓမ္မာသင်တန်းပို့ချချက်များ(တတိယတွဲ) - ဒေါက်တာသီလာနန္ဒာဘိဝံသ
ပို့ချချက် အမှတ်စဉ် (၁၂) - ဓမ္မဗျူဟာ ဒေါ်ခင်လှတင်
ယခင်ပို့စ်၌ ကံတို့၏ အကျိုးပေးရာ အချိန်ကာလနှင့်ပက်သက်၍ ကံ ၄ ပါး ရှိကြောင်း ရေးသားခဲ့သည်။
ယခုတခါ..လုပ်ငန်းနှင့် ပက်သက်၍ ကံ ၄ ပါး ရှိကြောင်းကို ဖော်ပြပါမည်။
၎င်းကို ကံတို့၏ လုပ်ငန်းဆောင်ရွက်ပုံ (၄)ပါးဟုလည်း ခေါ်သည်။
ပါဠိလို ကိစ္စစတုက္က ဟု ခေါ်၏။
ကိစ္စ = လုပ်ငန်း
စတုက္က = (၄)မျိုး၊ (သို့) (၄)ပါး ဖြစ်သည်။
ကုသိုလ်ကံဖြစ်ဖြစ် အကုသိုလ်ကံဖြစ်ဖြစ် လုပ်ငန်းဆောင်ရွက်ပုံ (၄)ပါး ရှိသည်။
  1. ဖြစ်စေခြင်းလုပ်ငန်း (ဇနကကံ)
  2. ထောက်ပံ့ခြင်းလုပ်ငန်း (ဥပတ္ထမ္ဘကကံ)
  3. နှိပ်စက်ခြင်းလုပ်ငန်း (ဥပပီဠကကံ)
  4. သတ်ဖြတ်ခြင်းလုပ်ငန်း (ဥပစ္ဆေဒကကံ (သို့မဟုတ်) ဥပဃာတကကံ)
ဖြစ်စေခြင်းလုပ်ငန်း (ဇနကကံ)
ဖြစ်စေခြင်းလုပ်ငန်းကို ဆောင်ရွက်လျင် ဇနကကံဖြစ်သည်။
ပို၍ တိတိကျကျ ဆိုရလျင်...ပဋိသန္ဓေ၊ ပ၀တ္တိ၊ ၀ိပါက်၊ ကဋတ္တာရုပ် တို့ကို အကျိုးပေး ဖြစ်စေနိုင်သော ကုသိုလ်(သို့)အကုသိုလ် စေတနာ(ကံ)သည် ဇနကကံ ဖြစ်၏။
ပဋိသန္ဓေအခါ၌ဖြစ်စေ၊ ပ၀တ္တိအခါ၌ဖြစ်စေ အခွင့်သင့်ရာ အခါ၌ ၎င်း၏အကျိုးကို ဖြစ်စေနိုင်သည်။
ပဋိသန္ဓေအခါ ဆိုသည်မှာ ပဋိသန္ဓေစိတ်ဖြစ်နေသော အခိုက်အတန့်လေးကို ဆို၏။
ပ၀တ္တိအခါ ဆိုသည်မှာ ပဋိသန္ဓေစိတ်နောက် ပထမဘ၀င်စိတ်မှစ၍ (စုတိ)သေသည့်တိုင်အောင် ကြားကာလကို ဆို၏။
ကဋတ္တာရုပ် ဆိုသည်မှာ ဘ၀အစ၏ ပထမဦးဆုံး ကံကြောင့်ဖြစ်သော ရုပ် (ကမ္မဇရုပ် ) ကို ဆိုလိုသည်။
ဝိပါက် ဆိုသည်မှ ၀ိပါက အကျိုးဖြစ်သည်။
ထိုကံ၏အကျိုးသည် ကုသိုလ်လည်းဖြစ်နိုင်သည်။ အကုသိုလ်လည်း ဖြစ်နိုင်၏။
ကုသိုလ်အကျိုးရလျင် ကုသိုလ်ဇနကကံသည် အကြောင်းဖြစ်မည်။
အကုသိုလ်အကျိုးဖြစ်လျင် အကုသိုလ်ဇနကကံသည် အကြောင်းဖြစ်၏။
ဥပမာ....
လူ့ပဋိသန္ဓေ၊ လူ့ ကဋတ္တာရုပ် နှင့် လူ့ပ၀တ္တိ အမျိုးမျိုးတို့ကို ဖြစ်စေခြင်းသည် ကုသိုလ်ဇနကကံကြောင့်ဖြစ်သည်။
တိရိစ္ဆာန်ပဋိသန္ဓေ၊ တိရိစ္ဆာန် ကဋတ္တာရုပ် နှင့် တိရိစ္ဆာန် ပ၀တ္တိ အမျိုးမျိုးတို့ကို ဖြစ်စေခြင်းသည် အကုသိုလ်ဇနကကံကြောင့်ဖြစ်သည်။
ထောက်ပံ့ခြင်းလုပ်ငန်း (ဥပတ္ထမ္ဘကကံ)
ကံတစ်ပါးကိုလည်းကောင်း ကံတစ်ပါးကြောင့်ဖြစ်နေသော ခန္ဓာအစဉ်ကိုလည်းကောင်း တိုးတက်အောင် ထောက်ပံ့ခြင်း၊ အားပေးကူညီခြင်းဖြင့် အကျိုးပေးတတ်သော ကုသိုလ် (သို့မဟုတ်) အကုသိုလ် စေတနာ(ကံ) ဖြစ်သည်။
တခြားကံ၏ အကျိုးပေး ကြာရှည်အောင်၊ ဖွံ့ဖြိုးအောင် ကုသိုလ်အကျိုး၌ဖြစ်စေ၊ အကုသိုလ်အကျိုး၌ဖြစ်စေ ထောက်မ ပေးတတ်သောကံဖြစ်သည်။
တိုးပွားအောင် ထောက်ပံ့သည် အားပေးသည်ဆိုရာဝယ် မျိုးတူချင်းဖြစ်မည်။
ထို့ကြောင့် ကုသိုလ်သည် ကုသိုလ်ချင်း ထောက်ပံ့မည်။ အကုသိုလ်သည် အကုသိုလ်ချင်း ထောက်ပံ့အားပေးမည်။
ဥပမာ -
လူဖြစ်ရခြင်းသည် ကံကောင်းသောကြောင့် ကုသိုလ်ကံအကျိုးကို ရထားပြီးဖြစ်သည်။
ထို့နောက် ထိုသူသည် ဘ၀၌ အချို့သောသူတို့နှင့် ခြားနားစွာ သက်သက်သာသာ နေရသည်၊ လူချစ် လူခင်များသည် စသော ကောင်းကျိုးတို့ကိုလည်း ရရှိပြန်သည်။
ဤသည်မှာ ရထားပြီးသား ကုသိုလ်ကျိုးကို တိုးတက်အောင် ထောက်ပံ့ခြင်းဖြစ်သည်။ ထို့သို့ ထောက်ပံ့ခြင်းဖြင့် အကျိုးပေးတတ်သောကံသည် ဥပတ္ထမ္ဘကကံဖြစ်သည်။
အကုသိုလ်ဘက်မှ ကြည့်လျင်...
တိရိစ္ဆာန်ဖြစ်ရခြင်းသည် ကံဆိုးသောကြောင့် အကုသိုလ်ကံအကျိုးကို ရထားပြီးဖြစ်သည်။
ထို့နောက် ထိုတိရိစ္ဆာန်သည် ဘ၀၌ တချို့အကောင်များနှင့် ခြားနားစွာ လူတို့၏ ရိုက်နှက်ခြင်း ခံရသည်၊ ဆင်းရဲစွာလည်း အစာရှာရသည် စသော မကောင်းကျိုးတို့ကိုလည်း ခံစားရပြန်သည်။
ဤသည်မှာ ရထားပြီးသာ အကုသိုလ်အကျိုးကို တိုးပွားအောင် အားပေးခြင်းဖြစ်သည်။ ထို့သို့ အားပေးခြင်းဖြင့် အကျိုးပေးတတ်သောကံသည်လည်း ဥပတ္ထမ္ဘကကံဖြစ်သည်။
လိုရင်း တိုရှင်းမှတ်လျင်...
ကုသိုလ်ဇနကံအကျိုးကို တိုးတက်အောင် ထောက်ပံ့ အကျိုးပေးခြင်းသည် ကုသိုလ်ဥပတ္ထမ္ဘကကံဖြစ်သည်။
အကုသိုလ်ဇနကကံအကျိုးကို ကြာရှည် တိုးပွားအောင် ပံ့ပိုး အကျိုးပေးခြင်းသည် အကုသိုလ်ဥပတ္ထမ္ဘကကံဖြစ်သည်။
နှိပ်စက်ခြင်းလုပ်ငန်း (ဥပပီဠကကံ)
တခြားကံ၏ အကျိုး ကြာရှည်မတည်တံ့အောင် မဖွံ့ဖြိုးအောင် ဖျက်ဆီး အကျိုးပေးတတ်သောကံဖြစ်သည်။
ကံတစ်ပါးကိုလည်းကောင်း ကံတစ်ပါးကြောင့်ဖြစ်သော ခန္ဓာအစဉ်ကိုလည်းကောင်း ဆုတ်ယုတ် လျော့ပါး ညှိုးနွမ်းအောင် နှိပ်စက်ခြင်းဖြင့် အကျိုးပေးတတ်သော ကုသိုလ် (သို့) အကုသိုလ် စေတနာ(ကံ) ဖြစ်သည်။
ကုသိုလ်ကို ဆုတ်ယုတ်အောင် နှိပ်စက်တတ်ခြင်းသည် အကုသိုလ်ဥပပီဠကကံကြောင့်ဖြစ်သည်။
အကုသိုလ်ကို လျော့ပါးအောင် နှိပ်စက်တတ်ခြင်းသည် ကုသိုလ်ဥပပီဠကကံကြောင့်ဖြစ်သည်။
ဥပမာ- တိရိစ္ဆာန်တစ်ကောင်သည် အကုသလ၀ိပါက် (အကုသိုလ်အကျိုး) ရရှိထားပြီးဖြစ်သည်။ သို့ပေမယ့် ထိုတိရိစ္ဆာန်သည် တခြားအကောင်းများနှင့်မတူစွာ
အစာကောင်းကောင်း စားရသည်၊ ဟန်ကျ ပန်ကျ နေရသည် စသော ကောင်းကျိုးများ ရသည်။
ဤသည်မှာ ထိုတိရိစ္ဆာန်၏ အတိတ်ဘ၀တခုခု၌ ပြုခဲ့သော ကုသိုလ်ပီဠကကံ၏ အကျိုးပေး ၀င်ရောက်ပြီး လက်ရှိအကုသိုလ်ကံအကျိုးပေးခွင့်များကို လျော့ပါးအောင် နှိပ်စက်ပေးလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့်...လိုရင်း တိုရှင်းမှတ်လျင်...
ကုသိုလ်ဇနကကံအကျိုးကို လျော့ပါးအောင် နှိပ်စက်၍ အကျိုးပေးခြင်းသည် အကုသိုလ်ဥပပီဠကကံဖြစ်သည်။
အကုသိုလ်ဇနကကံအကျိုးကို လျော့ပါးအောင် နှိပ်စက်၍ အကျိုးပေးခြင်းသည် ကုသိုလ်ဥပပီဠကကံဖြစ်သည်။
သတ်ဖြတ်ခြင်းလုပ်ငန်း (ဥပစ္ဆေဒကကံ (သို့မဟုတ်) ဥပဃာတကကံ)
ဥပစ္ဆေဒကံကို ဥပဃာတကကံ ဟုလည်း ခေါ်ဆိုသည်။
အခြားကံ၏အကျိုးကို ၀င်ဖြတ်၍ ၎င်း၏အကျိုးကိုပါ ၀င်ပေးနိုင်သောကံသည် ဥပစ္ဆေဒကကံဖြစ်၏။
ကံတစ်ပါးကိုလည်းကောင်း ကံတစ်ပါးကြောင့်ဖြစ်သော ခန္ဓာအစဉ်ကိုလည်းကောင်း အကျိုးမပေး ဆိတ်သုဉ်းအောင် အတင်းဝင်ရောက် သတ်ဖြတ်အကျိုးပေးတတ်သော ကုသိုလ် (သို့) အကုသိုလ် စေတနာ(ကံ)သည် ဥပစ္ဆေဒကကံဖြစ်သည်။
ဤနေရာတွင်လည်း ကုသိုလ်ဥပစ္ဆေဒကကံ (သို့) အကုသိုလ်ဥပစ္ဆေဒကကံ ဟူ၍ (၂)မျိုးဖြစ်နိုင်သည်။
ဥပမာ- အဇာတသတ်မင်းသည် နောင်အခါတွင် မြတ်ဗုဒ္ဓကို သိပ်၍ ကြည်ညိုလာသည်။
မည်မျှပင် ဘုရားကြည်ညိုသော ကုသိုလ်များပြုပြု...၊ အဖသတ်ခဲ့သော ဥပစ္ဆေဒကကံ (ဥပဃာတကကံ) ရှိခဲ့ခြင်းကြောင့် ရှောင်လွှဲမရဘဲ၊ မဖြစ်မနေ ထိုကံ၏အကျိုးကို ခံရပြီး..ငရဲသို့ကျရလေသည်။
လက်ရှိရထားသော ကုသိုလ်ကံကျိုးတို့ကို..အတိတ်ကပြုခဲ့သော ကြီးလေးသည့် အကုသိုလ်ဥပစ္ဆေဒကကံ က...၀င်ဖြတ်၍ အကျိုးပေးလိုက်ခြင်းဖြစ်၏။
ဥပစ္ဆေဒကကံ ကို ကုသိုလ်ဘက်မှကြည့်လျင်...
အင်္ဂုလိမာလသည် သူသတ်သမား လူမိုက်ကြီးဖြစ်သည်။ အကုသိုလ်ကံတို့ကို များစွာ ပြုလုပ်ထားပြီး ဖြစ်သည်။
သို့ပေမယ့် သူသည် မြတ်ဗုဒ္ဓနှင့်တွေ့ပြီးနောက် အရဟတ္တမဂ် ကုသိုလ်ကို ပြုခွင့်ရသွားခဲ့သည်။ ရဟန္တာဖြစ်ခဲ့သည်။ နောက်ထပ် ခန္ဓာအကျိုးမရှိတော့ပြီ။
နောက်ထပ် ခန္ဓာမရတော့သောကြောင့် ထိုမကောင်းကျိုးများကို မခံစားရတော့။
သူ၏ အရဟတ္တမဂ်ကုသိုလ်ကြောင့် သူ ယခင်ပြုခဲ့သော အကုသိုလ်ကံကျိုးတို့သည် အကျိုးပေးခွင့်မရတော့ပေ။
ဤသည်မှာ ကုသိုလ်ဥပစ္ဆေဒကကံက..အကုသိုလ်ကံကျိုးတို့ကို ၀င်ဖြတ်၍ အကျိုးပေးလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ကုသိုလ်ဥပစ္ဆေဒကကံ သည် လောကုတ္တရာကုသိုလ်ဟုလည်း ဆိုနိုင်သည်။
ကံ ကံ၏အကျိုးနှင့်ပက်သက်၍ အထက်ပါအတိုင်း လုပ်ငန်း ဆောင်ရွက်ပုံ ၄ ပါးကိုလည်း သိထားအပ်ပါသည်။
အောက်ပါတရားတော်မှ မှတ်သား ဖော်ပြခြင်းဖြစ်သည်။
အပိုင်း 11b- ဗုဒ္ဓဘာသာအခြေခံတရားတော်များ- ဒေါက်တာသီလာနန္ဒာဘိဝံသ
စာ-၄၈၊ အဘိဓမ္မာသင်တန်းပို့ချချက်များ - ဒေါက်တာသီလာနန္ဒာဘိဝံသ
ကမ္မစတုက္က - ဒေါ်ခင်လှတင် (ဓမ္မဗျူဟာ)
ကံ (၄)မျိုး
1:27 PM | Author: sankooo
သာမညအားဖြင့်၊ အပေါ်ယံအားဖြင့် ကံဆိုသည်ကို ပြုမှု ၊အလုပ် (action or deed) ဟု ဆိုကြပေမည်။ ကောင်းမှု ၊ မကောင်းမှု ပြုလုပ်ခြင်းဟုလည်း ဆိုကြမည်။
အဘိဓမ္မာသဘောတရားအရ..တိတိကျကျဆိုလျင်...
ကံဆိုသည်မှာ စေတနာဟူသော နာမ်တရားဖြစ်သည်။ ထိုစေတနာသည် စေ့ဆော် တိုက်တွန်းပေးတတ်သော သဘောရှိ၏။
ဘာကိုဘဲ ပြုပြု ထိုစေ့ဆော်ပေးတတ်သော စေတနာသည် ပါဝင်၏။ စေတနာအား ပြင်းမှုနှင့် နည်းမှုပင်ကွဲမည် ..မည်သည့်ကိစ္စပြုပြု ထိုစေတနာသည် ပါမြဲဖြစ်၏။
စိတ် ဖြစ်တိုင်းဖြစ်တိုင်း စေ့ဆော်မှု စေတနာပါသော်လည်း ကံဟုပြောဆိုသော ဤနေရာတွင် ကုသိုလ်စိတ် အကုသိုလ်စိတ် တို့နှင့် တွဲယှဉ်ဖြစ်သော စေတနာကို ဆိုသည်။
ထိုကြောင့် ကံ ကံ၏အကျိုး ၌ ကံဆိုသည်မှာ ကုသိုလ်ပြုသောအခါ၌လည်းကောင်း၊ အကုသိုလ်ပြုသောအခါ၌လည်းကောင်း ပါဝင်သော စေတနာပင်ဖြစ်သည်။
ထိုစေတနာ၏ စေ့ဆော်မှုဖြင့် ကိုယ်ဖြင့်လည်းပြုကြသည်၊ နှုတ်ဖြင့်လည်း ပြောကြသည်၊ စိတ်ဖြင့်လည်း ကြံစည်ကြသည်။
ထိုစေတနာ၏ စေ့ဆော်မှုဖြင့်ပင် ကောင်းမှုများကိုလည်း ပြုကြ၊ ပြောကြ၊ ကြံကြပေသည်။ မကောင်းမှုများကိုလည်း ပြုမိ၊ ပြောမိ၊ ကြံမိကြလေသည်။
ကောင်းမှု၊ မကောင်းမှုတို့နှင့်စပ်၍ ကာယကံ၊ ၀စီကံ၊ မနောကံ ဖြစ်မှုတို့၌ ထိုစေ့ဆော်မှု ပါဝင်သည်။
ထိုစေ့ဆော်မှု ကို စေတနာ ဟုခေါ်သည်။ ထို စေတနာ ကိုပင် ကံ ဟု ခေါ်၏။
ထိုစေတနာသည် နာမ်ဖြစ်သည်။ စေတသိက်ပေါင်း (၅၂)ခုတို့တွင် ပါဝင်သော စေတသိက်တစ်ခုဖြစ်၏။
ထိုစေတနာ စေတသိက်၌ ထူးခြားချက်ရှိ၏။
ရုပ်ဖြစ်စေ နာမ်ဖြစ်စေ ဖြစ်ပြီးလျှင် ချုပ် ပျက်သွားသည်ချည်းဖြစ်သည်။
ထိုကြောင့် စေတနာသည်လည်း နာမ်ဖြစ်သောကြောင့် ဖြစ်ပြီးလျှင် ပျက်မည်သာ ဖြစ်၏။
သို့ပေမယ့် အကျိုးပေးနိုင်သော အစွမ်းသတ္တိကိုတော့ စိတ်အစဉ်၌ ချန်ထားခဲ့လေသည်။
အကျိုးပေးရန် အခွင့်အခါသင့်သောအခါ အကျိုးပေးမည်ဖြစ်သည်။
ထိုအကျိုးပေးနိုင်သော သတ္တိအား မည်သည့်နေရာ၌ သိမ်းထားသည်ကို မပြောနိုင်ပေ။ အကျိုးပေးဖို့ရန် အစွမ်းသတ္တိကတော့ ရှိနေမည်သာ ဖြစ်၏။
ဥပမာ..သရက်ပင်၌ သရက်သီးများကို မည့်သည့်နေရာ၌ သိမ်းထား သိုထားသည်ကို မည်သို့မျှ မပြောနိုင်ပေ။ အသီး သီးဖို့ရန် ရာသီ အချိန်ကျသောအခါ၌ အသီးများ သီးလေတော့သည်။
ထိုအတူပင် စေတနာ ခေါ် ကံ ၏ အကျိုးသည်လည်း အကြောင်းညီညွတ် အခွင့်လမ်းသင့်သောအခါ၌ အကျိုးပေးပေလိမ့်မည် ဖြစ်၏။
ထိုသို့ အကျိုးပေးသောအခါ..ကာလနှင့် စပ်၍ ကံ (၄)မျိုးရှိလေသည်။
  1. ဒိဋ္ဌဓမ္မဝေဒနီယကံ - မျက်မှောက် ပစ္စုပ္ပန်ဘ၀၌ အကျိုးပေးသောကံ
  2. ဥပပဇ္ဇဝေဒနီယကံ- နောက် ဒုတိယဘ၀၌ အကျိုးပေးသောကံ
  3. အပရာပရိယဝေဒနီယကံ- တတိယဘ၀မှစ၍ နောက်ဆုံးဘ၀ (ပရိနိဗ္ဗာန်ပြုသည့်) တိုင်အောင် အကျိုးပေးသောကံ
  4. အဟောသိကံ- အကျိုးလုံးလုံး မပေးဖြစ်သောကံ
ဟူ၍ (၄)မျိုးရှိသည်။
အဘိဓမ္မာသဘောအရ ကောင်းမှုပြုပြု မကောင်းမှုပြုပြု ၀ီထိ ဆိုသော စိတ်အစဉ် ဖြစ်လေသည်။ ပုံမှန် အခြေအနေ ပြုမှုများ၌လည်း ၀ီထိ အစိတ်အစဉ် ရှိသည်။
တစုံတခုအား မြင်သည် ကြားသည် ဆိုသော အခါ၌လည်း ၀ီထိ - စိတ်အစဉ် ရှိလေသည်။
ထို စိတ်အစဉ်၌ ဇော ဆိုသော အခိုက်အတန့်သည် အရေးကြီး၏။
အာရုံတခုအား ပိုင်ပိုင် နိုင်နိုင် တွေ့ကြုံ ခံစားမိသောအခါသည် ထို ဇော အခိုက်အတန့်ပင် ဖြစ်သည်။
ဇောအခိုက်အတန့်ကျမှသာလျင် စိတ်သည် အားရှိသည်။ အားရမှုရှိသည်။
ထိုဇောစိတ်သည် (၇)ကြိမ် ဖြစ်သည်။ ထို ဇောစိတ်(၇)ကြိမ်တို့တွင်လည်း စေတနာ တခု တခုစီ ပါဝင်သည်။
ထို့ကြောင့် စေတနာသည်လည်း (၇)ကြိမ်ရှိမည်။
ပထမဇောနှင့် အတူတူဖြစ်သော စေတနာ (ပထမဇော စေတနာ)သည် ယခုဘ၀ မျက်မှောက်ဘ၀၌ အကျိုးပေးမည်။
မျက်မှောက်ဘ၀၌ အကျိုးသောကံကို ဒိဋ္ဌဓမ္မဝေဒနီယကံ ဟုခေါ်သည်။
သတ္တမဇောနှင့် ယှဉ်တွဲဖြစ်သော စေတနာ (သတ္တမဇော စေတနာ)သည် ဒုတိယဘ၀၌ အကျိုးပေးမည်။
ဒုတိယဘ၀၌ အကျိုးပေးသောကံကို ဥပပဇ္ဇဝေဒနီယကံ ဟုခေါ်သည်။
ကျန်သော အလယ်ဇော ၅-ချက် စေတနာသည် တတိယဘ၀မှစ၍ နိဗ္ဗာန်ရသော နောက်ဆုံးဘ၀တိုင်အောင် အကျိုးပေးပေလိမ့်မည် ဖြစ်သည်။
တတိယဘ၀မှစ၍ နောက်ဆုံးဘ၀တိုင်အောင် အကျိုးပေးသောကံကို အပရာပရိယဝေဒနီယကံ ဟုခေါ်သည်။
မျက်မှောက်ဘ၀၌ အကျိုးပေးရမည့်ကံသည် အကြောင်းမညီညွတ်သောကြောင့် အကျိုးမပေးဖြစ်သောအခါ.. အချည်းအနှီး အလကား ဖြစ်ပေမည်။
ထိုအတူ ဒုတိယဘ၀၌ အကျိုးပေးရမည့်ကံသည်လည်း အခွင့်အခါမသင့်သောကြောင့် အကျိုးမပေးဖြစ်လျှင် အချည်းအနှီး အလကားပင် ဖြစ်ပေလိမ့်မည်။
ထိုသို့ အချည်းအနှီး ဖြစ်သွားသောကံကို အဟောသိကံ ဟုခေါ်၏။
အလယ်ဇော ၅ချက် စေတနာကြောင့် အကျိုးသည် ..အမြဲ အကျိုးပေးဖို့ရန် ရှိနေမည်သာဖြစ်၏။ ဘ၀တခုခု၌ အခွင့်သင့်လျှင် အကျိုးပေးမည်သာ ဖြစ်၏။
သတ္တ၀ါသည် တိရိစ္ဆာန်ဘ၀မှသေ၍ လူ့ဘ၀သို့လည်း ရောက်ရှိနိုင်သည်။
လူ့ဘ၀မှသေ၍ တိရိစ္ဆာန်ဘ၀သို့လည်း ကျရောက်သွားနိုင်ပေသည်။
အောက်ဘုံ၌ ကျရောက်နေသော သူလည်း လွတ်မြောက်ပြီး..အထက်ဘုံသို့ တက်နိုင်သည်။
အထက်ဘုံမှသူလည်း အောက်ဘုံသို့ ကံဆိုးပြီး..ကျရောက်သွားနိုင်လေသည်။
ဥပမာ.. တိရိစ္ဆာန်ဘ၀၌ ကျရောက်နေသော သတ္တ၀ါသည် မည်သည့်ကံကြောင့် လူဖြစ်နိုင်သနည်း။
အမှန်တကယ် တိရိစ္ဆာန်ဘ၀၌ ကုသိုလ်ကောင်းမှု ပြုဖို့ရန် မည်သို့မျှ မဖြစ်နိုင်ပေ။ မကောင်းမှုများပင် သိသာထင်ရှားစွာ ပြုနေရပေမည်။
သို့ပေမယ့် ထိုတိရိစ္ဆာန်သည်လည်း သေပြီး ကံကောင်း၍ လူဘ၀သို့ ပြန်ရောက်နိုင်သေးသည်။ ထိုသို့ အထက်ဘုံသို့ ရောက်နိုင်အောင် အကျိုးပေးမှုမှာ..
အလယ်ဇော ၅-ချက် စေတနာကြောင့် ပင် ဖြစ်၏။ ယခင် အတိတ် ဘ၀တခုခု၌ ပြုခဲ့သော ကောင်းမှုပြုစဉ် အလယ်ဇော ၅-ချက် စေတနာကြောင့် တိရိစ္ဆာန် ဖြစ်ပါလျက်နှင့်
သေသောအခါ..အထက် ကောင်းရာ လူဘ၀၌ လူဖြစ်ရပြန်သည်။
ထိုကြောင့် တခါတရံ လက်ရှိဘ၀၌ မိမိကိုယ်တိုင်က.မကောင်းမှုများ မလုပ်ပါလျက်နှင့်..
မကောင်းကျိုးများ ခံစားနေရသောအခါလည်းကြုံရမည်။ ထိုအခါ.စိတ်ထဲ..အလွန်ပင်..မခံမရပ်နိုင်အောင် ခံပြင်းနေမည်ဖြစ်သည်။
အဘယ်ကြောင့် ယခုဘ၀၌ မကောင်းတာမလုပ်မိပါဘဲ မကောင်းကျိုးခံစားရပါသနည်းဟု..စဉ်းစားကြပေလိမ့်မည်။ စိတ်ရှုပ်နေပေလိမ့်မည်။
အဖြေကား..အတိတ်ဘ၀တခုခု၌ မကောင်းမှုပြုခဲ့စဉ် အလယ်ဇော ၅-ချက် စေတနာကြောင့် မကောင်းကျိုးကို ခံစားရခြင်းဖြစ်ပေ၏။
ကံ ကံ၏အကျိုးနှင့်ပက်သက်၍..ကောင်းတာလုပ်လျင် ကောင်းသော အကျိုးရမည် မကောင်းတာလုပ်လျင် မကောင်းသောအကျိုးရမည်.
ထိုမျှလောက်သိထားရုံဖြင့် မလုံလောက်သေးပေ။
အကျိုးပေးရာကာလနှင့် ကံ (၄)မျိုးကိုလည်း အထက်ပါအတိုင်း သိထားအပ်ပေသည်။
ထိုသို့ မသိထားလျင် ရံဖန်ရံခါ မိမိစိတ်ထဲ ကံ ကံ၏အကျိုးနှင့်စပ်၍ ဘ၀င်မကျမှုများ သံသယများ ဖြစ်ပေါ်နေပေလိမ့်မည်။
ထိုဘ၀င်မကျ သံသယများ ရှင်းနိုင်ရန် ယခုကဲ့သို့ ကံ ၄-မျိုးနှင့် အကျိုးပေးရာကာလတို့ကို ဖော်ပြလိုက်ရပါသည်။
အောက်ပါတရားတော်မှ နာယူမှတ်သားပြီး ရေးသားခြင်းဖြစ်သည်။
အပိုင်း ၁၁၊ ဗုဒ္ဓဘာသာအခြေခံတရားတော်များ - ဒေါက်တာသီလာနန္ဒာဘိဝံသ
ကံ ကံ၏ အကျိုး.. အကြောင်း ဆိုလျင် စူဠကမ္မ၀ိဘင်္ဂသုတ် ကို ရှေးဦးစွာ ပြောဆိုရမည်ဖြစ်သည်။ ကံ ကံ၏ အကျိုးနှင့် ပက်သက်လျင် ထိုတရားတော်မှာ အခြေခံလည်း ဖြစ်သလို အရေးလည်းကြီးပေသည်။
ထိုတရားတော်တွင် ကံ ကံ၏ အကျိုး သဘောတရားများကို သင်ကြားထားခြင်းဖြစ်သည်။
ထိုတရားတော်ကို မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူခဲ့၏။ တောဒေယျပုဏ္ဏား၏ သားဖြစ်သော သုဘလုလင်အား အကြောင်းပြု၍ ဟောတော်မူခဲ့ခြင်းဖြစ်၏။
သုဘလုလင်သည် မြတ်ဗုဒ္ဓအား မေးခွန်း ပြဿနာ (၁၄)ချက်ကို မေးလျှောက်ခဲ့၏။
သူမေးလျှောက်သော မေးခွန်းပြဿနာများမှာ...
  1. လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အသက်တို၍
  2. အချို့မှာ အသက်ရှည်ပါသနည်း။
  3. လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အနာရောဂါထူများ၍
  4. အချို့မှာ အနာရောဂါ ကင်းဝေးရပါသနည်း။
  5. လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အရုပ်ဆိုး၍
  6. အချို့မှာ အဆင်းလှပါသနည်း။
  7. လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ ခြွေရံစိုးမိုး တန်ခိုးအာဏာ နည်းပါး၍
  8. အချို့မှာ တန်ခိုးအာဏာ ကြီးမားရပါသနည်း။
  9. လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲ၍
  10. အချို့မှာ ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝပါသနည်း။
  11. လူချင်းတူပါလျက် အချို့မှာ အမျိုးယုတ်ညံ့၍
  12. အချို့မှာ အမျိုးမြတ်ပါသနည်း။
  13. လူချင်းတူပါလျက် အချို့မှာ အသိ အလိမ္မာ ဉာဏ်ပညာ နည်းပါး၍
  14. အချို့မှာ ဉာဏ်ပညာ ကြီးမားရပါသနည်း။
ထို မေးခွန်း ပြဿနာ (၁၄)ချက်တို့ဖြစ်၏။ ထိုမေးခွန်းများသည် လွန်ခဲ့သော နှစ်ပေါင်း (၂၅၅၄)ကျော်အထက်က..သုဘလုလင်က..မြတ်ဗုဒ္ဓအား မေးလျှောက်ခဲ့ခြင်းဖြစ်၏။
ယခုခေတ်အခါတွင်လည်း ထိုမေးခွန်းများကိုပင် နေ့စဉ်နေ့တိုင်း အကြောင်းတခုခုနှင့် စပ်လျဉ်း၍ လူအများတို့ မိမိဘာသာ စဉ်းစားနေခြင်းဖြင့်လည်းကောင်း အပေါင်းအသင်းများနှင့်
အပြန်အလှန်အားဖြင့်လည်းကောင်း မေးမြန်းနေကြစမြဲဖြစ်၏။
သဗ္ဗညုတ ဉာဏ်ပိုင်ရှင် မြတ်ဗုဒ္ဓသည် လွန်ခဲ့သော နှစ်ပေါင်း များစွာအထက်ကပင် ထိုမေးခွန်းများကို တိကျပြည့်စုံစွာ ဖြေဆိုထားပြီးသားဖြစ်၏။
သုဘလုလင်၏ အမေးများအား မြတ်ဗုဒ္ဓက..အကျဉ်းချုပ် ဤသို့ ဟောတော်မူခဲ့၏..
လုလင်
သတ္တ၀ါတို့သည် ကံသာလျှင် မိမိဥစ္စာရှိကုန်၏။
ကံ၏ အမွေခံတို့ ဖြစ်ကုန်၏။
ကံသာလျှင် အကြောင်း ရှိကုန်၏။
ကံသာလျှင် ဆွေမျိုး ရှိကုန်၏။
ကံသာလျင် မှီခိုရာ ရှိကုန်၏။
ကံသည်သာလျှင် သတ္တ၀ါတို့ကို အယုတ်အမြတ် ဖြစ်ခြင်းငှါ ခွဲခြမ်း ဝေဖန်၏။ ....
ဟု ဟောတော်မူလေ၏။
မြတ်ဗုဒ္ဓ၏ ထို့သို့ အကျဉ်းချုပ်ဟောတော်မူချက်ကို သုဘလုလင်က..နားမလည်သဖြင့် အနက်အဓိပ္ပါယ်နှင့်တကွ ဝေဖန်ဖြေကြားပေးပါရန် တောင်းပန်လျောက်ထားပြန်၏။..
ထိုအခါ မြတ်ဗုဒ္ဓသည် သုဘလုလင်၏ အမေး (၁၄)ချက်တို့ကို ဤသို့ဟောတော်မူလေသည်..
သုဘလုလင်အမေး....
၁။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အသက်တို၍
၂။ အချို့မှာ အသက်ရှည်ပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ....
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အသက်ကို သတ်ဖြတ်လေ့ရှိ၏။ ကြမ်းကြုတ်၏။ သွေးစွန်းသော လက်ရှိ၏။ ထိုသူမျိုး သေလျှင် ငရဲသို့ ရောက်ရတတ်၏။
(ရှေးက ကုသိုလ်ကံ တစုံတခု၏ အထောက်အပံ့ကြောင့်) ငရဲသို့ မကျဘဲ လူ့ပြည်သို့ ရောက်ရစေကာမူ ကြာရှည်နေခွင့် မရပါဘဲ အသက်တိုရတတ်လေသည်။
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြ၏။ သူ့အသက်သတ်ရမည်ကို ရှက်ခြင်းရှိ၏။ သနားကြင်နာကြ၏။ ထိုသူမျိုး သေလျှင်
နတ်ပြည်သို့ ရောက်ရတတ်၏။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့ ရောက်သော်လျှင်ပင် အသက်ရှည်စွာ နေရတတ်လေသည်။
သုဘလုလင်အမေး....
၃။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အနာရောဂါထူများ၍
၎။ အချို့မှာ အနာရောဂါ ကင်းဝေးရပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ....
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် တစ်ပါးသော သတ္တ၀ါအား လက်ဖြင့်လည်းကောင်း၊ ခဲ တုတ် ဓား စသော လက်နက်များဖြင့်လည်းကောင်း ညှဉ်းဆဲလေ့ရှိ၏။
ထိုသူမျိုး သေလျှင် ငရဲကျတတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ရောက်စေကာမူ ရောဂါထူပြော အနာပေါများတတ်လေသည်။
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ထိုသို့ ညှဉ်းဆဲ နှိပ်စက်ခြင်း မရှိ။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ ရောက်ရတတ်ပေသည်။
နတ်ပြည်မရောက်ဘဲ လူ့ပြည်ရောက်လျှင်ကား အနာရောဂါ ကင်းဝေးကြရပေ၏။
သုဘလုလင်အမေး....
၅။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အရုပ်ဆိုး၍
၆။ အချို့မှာ အဆင်းလှပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ....
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အလွန် ဒေါသကြီးကြ၏။ စကားပြောစရာရှိလျှင်ပင် သူတပါးအား ထိပါးပုတ်ခတ်၍ ပြောလေ့ရှိ၏။
ထိုသူမျိုး သေလျှင် ငရဲသို့ကျရောက်တတ်၏။ ငရဲမကျပါဘဲ လူ့ပြည်သို့ ရောက်ရလျှင်ပင် မျက်နှာပုပ်သိုး အရုပ်ဆိုးတတ်လေသည်။
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အမျက် ဒေါသ ထွက်လေ့မရှိ။ ထိုသို့ ဒေါသမကြီးသူသည် သေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။
နတ်ပြည်မရောက်ဘဲ လူ့ပြည်သို့ ရောက်ရလျှင်ပင် ကြည်လင်လှပသော အဆင်းကို ရပေသည်။
သုဘလုလင်အမေး....
၇။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ ခြွေရံစိုးမိုး တန်ခိုးအာဏာ နည်းပါး၍
၈။ အချို့မှာ တန်ခိုးအာဏာ ကြီးမားရပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ....
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ဣဿာအားကြီးကြ၏။ ထိုသူမျိုး သေလျှင် ငရဲသို့ ကျရောက်ရတတ်သည်။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်စေကာမူ
ခြွေရံစိုးမိုး တန်ဖိုးနည်းပါးတတ်လေသည်။
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ဣဿာ မရှိ။ သူတပါးအပေါ် မနာလိုခြင်း မရှိ။ ထိုသူမျိုးသေလျှင် နတ်ပြည်သို့ရောက်ရတတ်ပေသည်။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့
ရောက်ရလျှင်ပင် နာမည်ကျော်ကြား ခြွေရံပေါများ၍ တန်ခိုးအာဏာ သြဇာကြီးမားတတ်လေသည်။
(သူတပါး၏ ကံ ဉာဏ် ၀ီရိယ အားလျော်စွာ စည်းစိမ်ဥစ္စာပေါခြင်း၊ ဂုဏ်သိန်ကြီးမားခြင်း၊ ကျော်စောခြင်း စသည်တို့ကို မနာလိုမှု၊ စောင်းမြောင်းမှု၊ ငြူစူမှု စသည်တို့သည် ဣဿာပင်ဖြစ်၏။)
သုဘလုလင်အမေး....
၉။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲ၍
၁၀။ အချို့မှာ ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ....
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိကြ။ မစ္ဆေရတရား အားကြီးကြ၏။ ထိုသူမျိုး သေလျှင် ငရဲသို့ ရောက်ရတတ်၏။
ငရဲမကျ လူ့ပြည်သို့ ရောက်ရလျှင်ပင် ဥစ္စာမဲ့မွဲ ဆင်းရဲရတတ်သည်။
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် မစ္ဆေရမရှိဘဲ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိကြသည်။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ ရောက်ရတတ်သည်။ နတ်ပြည်သို့မရောက်ဘဲ
လူ့ပြည်သို့ ရောက်ပြန်လျှင်ပင် ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝ ရပေသည်။
(မိမိ၌ ရှိသော ပစ္စည်းများကို သူတပါးနှင့် မဆက်ဆံစေလိုမှု၊ မပေးကမ်း မလှူဒါန်းလိုမှုများကို လည်းကောင်း၊ မိမိ၏ စည်းစိမ်မျိုးကို သူတပါးရမည်ကို စိုးခြင်းသည်လည်းကောင်း မစ္ဆေရပင်ဖြစ်၏။)
သုဘလုလင်အမေး....
၁၁။ လူချင်းတူပါလျက် အချို့မှာ အမျိုးယုတ်ညံ့၍
၁၂။ အချို့မှာ အမျိုးမြတ်ပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ....
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အလွန်မာနကြီးကြ၏။ သူတပါးကို အထင်သေး၏။ ကိုယ့်ကိုယ်ကို အထင်ကြီး၏။ ရိုသေလေးစားထိုက်သူကိုပင်
ရိုသေရမှန်းမသိတတ်။ ထိုသူမျိုးသေလျှင် ငရဲသို့ရောက်ရတတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း အောက်ကျ နောက်ကျနှင့် ယုတ်ညံ့သော အမျိုး၌ ဖြစ်ရတတ်လေသည်။
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် မာန်မာန မကြီး။ ရိုသေလေးစားထိုက်သူတို့ကို ရိုသေလေးစား၏။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။
နတ်ပြည်မရောက်ဘဲ လူ့ပြည်သို့ ရောက်လျှင်လည်း မြင့်မြတ်သော အမျိုး၌ ဖြစ်ရတတ်ပေသည်။
သုဘလုလင်အမေး....
၁၃။ လူချင်းတူပါလျက် အချို့မှာ အသိ အလိမ္မာ ဉာဏ်ပညာ နည်းပါး၍
၁၄။ အချို့မှာ ဉာဏ်ပညာ ကြီးမားရပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ....
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ပညာရှိထံ ချဉ်းကပ်၍ ကုသိုလ် အကုသိုလ်ကိုလည်းကောင်း၊ အပြစ်ရှိ မရှိ၊ မှီဝဲထိုက် မမှီဝဲထိုက်ကိုလည်းကောင်း၊
နောင်သံသရာဝယ် အကျိုးပေးမည့် တရားအချက်တို့ကို လည်းကောင်း မေးမြန်းလေ့ မရှိကြပေ။ ထင်မိ ထင်ရာဖြင့် ဒုစရိုက်များ ပြုတတ်၏။
ထိုသူမျိုးသေလျှင် ငရဲသို့ ရောက်ရတတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ရောက်စေကာမူ အသိ လိမ္မာ ဉာဏ်ပညာကင်း လူဖျင်း လူအ လူမိုက် ဖြစ်ရတတ်လေသည်။
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် တရားကို နှစ်သက်ကြည်ဖြူနာယူကြသည်။ ကုသိုလ် အကုသိုလ်နှင့် စပ်၍လည်းကောင်း
မှီဝဲထိုက် မမှီဝဲထိုက်ကိုလည်းကောင်း၊ သံသရာဝယ် အကျိုးပေးမည့် တရားအချက်များနှင့် စပ်၍လည်းကောင်း မေးမြန်းလေ့ ရှိကြသည်။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။
နတ်ပြည်မရောက်ဘဲ လူ့ပြည်ရောက်လျှင်လည်း အသိ အလိမ္မာ ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ရတတ်ပေသည်။
မြတ်ဗုဒ္ဓ၏ ထိုတရားတော်အဆုံးတွင် သုဘလုလင်သည် တရားတော်အား လွန်စွာ နှစ်သက်အားရကျေနပ်မှု ဖြစ်ကာ..
ဘုရား(ဗုဒ္ဓ)၊ တရား(ဓမ္မ)၊ သံဃာ..ရတနာ(၃)ပါးအား ကိုးကွယ်ဆည်းကပ်သော ဥပါသကာ ဖြစ်လေသည်။
မှတ်မိလွယ်ရန် ဆောင်ပုဒ်များ
  1. သူများအသက် သတ်သည့်တွက် အသက်ကိုယ့်မှာတို။
  2. မသတ်ရှောင်ရှား ထိုသူများ ရှည်လျားအသက်ကို။
  3. နှိပ်စက်ကလူ ညှဉ်းဆဲသူ ပြောထူရောဂါဆို။
  4. သနားစိတ်သွင်း မနှိမ်နင်း ကင်းရှင်းရောဂါကို။
  5. ထန်ပြင်းဒေါသ ကြီးတတ်က အလှပျက်မည်ဆို။
  6. ဒေါသကင်းစင် မေတ္တာယှဉ် ကြည်လင်လှသကို။
  7. မနာလိုပြန် ဣဿာထန် ခြံရံကင်းမည်ဆို။
  8. ဣဿာမထား ၀မ်းမြောက်ငြား ပေါများခြွေရံကို။
  9. မလှူမဒါန်း မပေးကမ်း ခြောက်ခန်းဥစ္စာဆို။
  10. စွန့်ကြဲလေ့တုံ ပြုပါကုန် ကုံလုံကြွယ်ဝလို။
  11. မာန်မာနကြွယ် ထိုသူဝယ် မျိုးနွယ်ညံ့မည်ဆို။
  12. ထိုက်သူရိုကျိုး မာန်ကိုချိုး အမျိုးမြတ်သကို။
  13. သိဖွယ်ဟူသမျှ မမေးက ဖျင်းအ ပညာဆို။
  14. ကြားမြင်များအောင် မေးလေ့ဆောင် ခုနောင်တတ်သိလို။
(စာ-၂၇၈၊ ရတနာ့ဂုဏ်ရည်- အရှင်ဇနကာဘိဝံသ)
အောက်ပါတရားတော်နှင့် စာမျက်နှာ မှရေးသားထားပါသည်။
အပိုင်း(၁၀)၊ ဗုဒ္ဓဘာသာအခြေခံတရားတော်များ- ဒေါက်တာသီလာနန္ဒာဘိဝံသ
စာမျက်နှာ-၂၇၃၊ ရတနာ့ဂုဏ်ရည် - အရှင်ဇနကာဘိဝံသ
buddha
ဣတိပိ သော ဘဂ၀ါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ၀ိဇ္ဇာစရဏသမ္ပန္နော သုဂတော လောက၀ိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာဒေ၀မနုဿာနံ ဗုဒ္ဓေါ ဘဂ၀ါ။
  1. သောဘဂ၀ါ- ထိုအကျွန်ုပ်တို့ဆရာ မြတ်စွာဘုရားသည် ဣတိပိ=ဤသို့လျှင် ဗြဟ္မာ နတ် လူ သုံးဘုံသူတို့၏ ပူဇော်အထူးကို ခံထိုက်ကြောင်းဖြစ်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်
  2. ဣတိပိ၊ ဤသို့လျှင် သစ္စာဉေ ယျ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်း သိမြင်တော်မူပေသောကြောင့်လည်း သမ္မာသမ္ဗုဒ္ဓေါ=သမ္မာသမ္ဗုဒ္ဓ မည်တော်မူပေ၏။
  3. ဣတိပိ၊ ဤသို့လျှင် စရဏအပြား တစ်ဆယ့်ငါးတည့် သုံးပါးရှစ်ဖြာ ဉာဏ်ဝိဇ္ဇာတို့နှင့် ကောင်းစွာ ပြည့်စုံတော်မူပေသောကြောင့်လည်း ၀ိဇ္ဇာစရဏသမ္ပန္နော=၀ိဇ္ဇာစရဏသမ္ပန္န မည်တော်မူပေ၏။
  4. ဣတိပိ၊ ဤသို့လျှင် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ မကပ်ငြိဘဲ မဇ္ဈိမဋိပတ် ကောင်းမြတ်ဖြောင့်တမ်း မဂ္ဂင်လမ်းဖြင့် ရွှေနန်းပုရီ ဘေးမဲ့ပြည်သို့ ကြွချီဆိုက်ရောက်တော်မူပေသောကြောင့်လည်း သုဂတော=သုဂတ မည်တော်မူပေ၏။
  5. ဣတိပိ၊ ဤသို့လျှင် ကာမ ရူပ အရူပ - ဟု လောကအပြင် ဘုံတခွင်ကို ကုန်စင်ခပင်း မကျန်ကြွင်းအောင် အလင်းထင်ပေါ် သိမြင်တော်မူပေသောကြောင့်လည်း လောက၀ိဒူ=လောက၀ိဒူ မည်တော်မူပေ၏။
  6. ဣတိပိ၊ ဤသို့လျှင် ဇာတိမာန် ပုညမာန် ဂုဏမာန် ဗလမာန် ဣဒ္ဓိမာန် ပညာမာန် တို့ဖြင့် မိုးစွန်ကြွားကြွား ငါတကားဟု ကြုံးဝါးခက်ထန် အဆိပ်လျှံသည့် နန္ဒောပနန္ဒ အင်္ဂုလိမာလ သစ္စက နှင့် ဗကဗြဟ္မာ- သတ္တ၀ါတို့ကို ဒေသနာသံ ဆိပ်အန်ငြိမ်းဆေး အမြန်ပေး၍ ယဉ်ကျေးအောင်ပြု ဆုံးမမှုဝယ် အတုမရှိ လွန်ကဲဘိသောကြောင့်လည်း
    အနုတ္တရောပုရိသဒမ္မသာရထိ=အနုတ္တရော ပုရိသ ဒမ္မသာရထိ မည်တော်မူပေ၏။
  7. ဣတိပိ၊ ဤသို့လျှင် လူ နတ် ဗြဟ္မာ သတ္တ၀ါအများ သောင်းထိုက်သားတို့၏ ၀ပ်တွားရှိပြောင်း ညွတ်ညောင်းခယ ဆုံးမခံရာ ဆရာသခင် ဦးထိပ်တင်ကြီး ဖြစ်ပေသောကြောင့်လည်း သတ္တာဒေ၀မနုဿာနံ=သတ္တဒေ၀မနုဿာန မည်တော်မူပေ၏။
  8. ဣတိပိ၊ ဤသို့လျှင် သစ္စာလေးရပ် တရားမြတ်ကို လူ နတ် အများ သိထင်ရှားအောင် ဟောကြား ထုတ်ဖော် သိစေတော်မူပေသောကြောင့်လည်း ဗုဒ္ဓေါ=ဗုဒ္ဓ မည်တော်မူပေ၏။
  9. ဣတိပိ၊ ဤသို့လျှင် ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ တန်းခိုးတော်အနန္တ- ကြီးမြင့်လှ၍ လောကသုံးပါး လူအများတို့ လေးစားဂရု ချီးပမှုကြောင့်လည်း ဘဂ၀ါ=ဘဂ၀ါ မည်တော်မူပေ၏။
(ဘုရားရှိခိုးပြုလုပ်လိုလျင်)
ထို အရဟံအစ ဘဂ၀ါအဆုံး ဘ၀ဂ်ချုန်းမျှ ဘုန်းတော်ကြီးမား ဂုဏ်ကိုးပါးနှင့် ပြည်စုံတော်မူပေသော မြတ်စွာဘုရားကို
အဟံ=အကျွန်ုပ်သည် ၀န္ဒာမိ=ရှိခိုးပါ၏။
အောက်ပါစာမျက်နှာမှ ဖော်ပြထားသည်။
စာ-၈၈၊ ကမ္မဋ္ဌာန်းကျမ်းကြီး - လယ်တီဆရာတော်ဘုရားကြီး
ယခင် Post မှ အဆက်....
မဂ္ဂင် (၈)ပါး ကျင့်မည်ဆိုလျင် ရှေးဦးစွာ သမ္မာဒိဋ္ဌိဖြစ်အောင် ကျင့်ကြံရပေမည်။ သမ္မာဒိဋ္ဌိဖြစ်လျင် နောက်မှ ကြံခြင်း၊ ပြောခြင်း၊ ပြုခြင်း….စသော မဂ္ဂင်တို့သည် မှန်ကန်သွားသည်ချည်းဖြစ်ပေမည်။
လောကဥပမာအတိုင်းဆိုလျင်…
မီးရထားတစ်စင်း၌ ခေါင်းတွဲကသာ သံလမ်းပေါ် မှန်မှန်သွားနေလျင် နောက်ကလိုက်သော နောက်တွဲတို့သည် မှန်မှန် လိုက်နေကြပေမည်။ ခေါင်းတွဲသာ ထိုးကျသွားသည်နှင့် နောက်တွဲများ အကုန် ဖောက်လွှဲ ဖောက်ပြန် ပျက်စီးကုန်မည်သာ ဖြစ်ပေသည်။
ထို့အတူပင် မဂ္ဂင်နှင့် ပက်သက်လျင်လည်း ဒိဋ္ဌိဆိုသော အမြင်မှန်ဖို့ရာ ရှေးဦးစွာ အရေးကြီးပေသည်။ အမြင်မှားလျင် အကြံလည်း မှား၊ အပြောလည်း မှား၊ အလုပ်လည်း မှား၊ အသက်မွေးမှုလည်း မှား..စသဖြင့် အကုန်မှား၍ မိစ္ဆာမဂ္ဂင်များ နောက်ကလိုက်ပေလိမ့်မည်။
ထို့ကြောင့် ဓမ္မစကြာဖြင့် သမ္မာဒိဋ္ဌိဖြစ်အောင် နှလုံးသွင်း ဆင်ခြင်ရပေမည်။ ယခင် Post ၌ ဖော်ပြခဲ့သော သစ္စာ (၄)ပါးပြ ပါဠိစာပိုဒ်တို့သည် အလုပ်လုပ်ဖို့ရန် ဖြစ်၏။ သမ္မာဒိဋ္ဌိ မဂ္ဂင်ရဖို့ရန်ဖြစ်၏။ နှလုံးသွင်းရန် ဖြစ်ပေသည်။
သမ္မာဒိဋ္ဌိရဖို့အတွက် ဂရုစိုက်ရန် မြတ်ဗုဒ္ဓက..ထိုသစ္စာ (၄)ပါးပြ ပါဠိစာ(၄)ပိုဒ်ကို ဟောတော်မူခဲ့ခြင်းဖြစ်၏။
ဓမ္မစကြာ၏ နောက်နားစာပိုဒ်တို့ဖြစ်သော ပဉ္စ၀ဂ္ဂီ (၅)ပါးတို့ တရားကို အားရကျေနပ်ကြပုံ၊ အရှင်ကောဏ္ဍည တရားထူးရပုံ၊ နတ်ဗြဟ္မာတို့ ကောင်းချီးပေး ကြွေးကြော်ကြပုံ စသော…. စာပိုဒ်တို့သည် သစ္စာကမ္မဋ္ဌာန်း အတွက်မဟုတ်ပေ။
မြတ်ဗုဒ္ဓ နှင့် ပဉ္စ၀ဂ္ဂီ (၅)ပါးတို့ ဓမ္မထမင်းပွဲ ကောင်းစွာ ဘုန်းပေးကြပုံကို အကျွန်ုပ်တို့ ဘေးကကြည့်နေသူတို့ အားကျ ကြည်ညိုကြဖို့ရန်ပင် ဖြစ်၏။
ကျွန်ုပ်တို့ အဖို့မှာ ဓမ္မစကြာ ဒေသနာတခုလုံးမှ ထုတ်၍ယူလျင် ထို သစ္စာ (၄)ပါးပြ ပါဠိ(၄)ပိုဒ်ပင်ဖြစ်၏။ ထိုစာ (၄)ပိုဒ်သည် စတုသစ္စကမ္မဋ္ဌာန်း မည်ပေသည်။
ဆင်ခြင် နှလုံးသွင်းသော အခါ၌ ဘိက္ခဝေကိုဖြုတ်၍ ကျန်သော ပါဠိပုဒ်တို့ကို ရွတ်ဖတ်ရပေမည်။
ဒုက္ခသစ္စာ နှင့် သမုဒယသစ္စာ တို့သည် လောကီသစ္စာ (၂)ပါး ဖြစ်၏။ အလုပ်လုပ်ရမည့် သစ္စာဖြစ်ပေသည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တဖြစ်ပုံကို ဆင်ခြင်ရမည့် အလုပ်သစ္စာများ ဖြစ်၏။
နိရောဓသစ္စာ နှင့် မဂ္ဂသစ္စာ တို့မှာ လောကုတ္တရာသစ္စာ (၂)ပါးဖြစ်၏။
လောကီသစ္စာ (၂)ပါးကို ကြပ်ကြပ် ကြည့်ပေးရပေမည်။
မီးဟုန်းဟုန်းတောက်လောင်နေသော အဆောက်အအုံကြီးကို ကြည့်ရသလို တရားအားထုတ်သူ၏ ဉာဏ်ဖြင့် လောဘမီး၊ ဒေါသမီး တွေ တဟုန်းဟုန်းတောက်လောင်နေတာကို မြင်ရပေမည်။
မီးကို ကြည့်သောအခါ မျက်စိပူသလို.. လောကီသစ္စာတို့ကို ကြည့်သောအခါ အမှန်ပဲ ပူတာတွေကို တွေ့သိရပေမည်။ လောကီသစ္စာတို့ကို ကြည့်သောအခါ စိတ်ဟာ ငြီးငွေ့လောက်အောင်ဖြစ်ပေမည်။ တရားနယ်တွင် အပူတရားချည်း ရှိသည်မဟုတ် အအေးတရားလည်း ရှိပေသည်။ ထို့ကြောင့် နိရောဓ နှင့် မဂ္ဂမည်သော အအေး လောကုတ္တရာသစ္စာတို့ကိုလည်း ကြည့်ပေးရပေမည်။ ထို လောကုတ္တရာ သစ္စာ(၂)ပါးတို့ကို ပိုင်မှ အေးမည် ငြိမ်းချမ်းမည်ကို သိရပေလိမ့်မည်။ လောကုတ္တရာသစ္စာ (၂)ပါး ပိုင်ဖို့ရန်မှာလည်း ရှေ့က လောကီသစ္စာ(၂)ပါးကို ဆင်းရဲမှန်း၊ ဆင်းရဲဖြစ်ကြောင်းမှန်း၊ အနိစ္စမှန်း၊ ဒုက္ခမှန်း၊ အနတ္တမှန်း ပိုင်ပိုင်သိမှ နောက်က လောကုတ္တရာသစ္စာတို့ ပေါ်ပေမည်။
ထို့ကြောင့် မိမိဘာသာ အလုပ်အနေဖြင့် ဆင်ခြင်သောအခါ၌ ထိုစာ(၄)ပိုဒ်တို့တွင် “ဘိက္ခဝေ” ပုဒ် ကိုဖြုတ်၍ အောက်ပါအတိုင်း သစ္စာကမ္မဋ္ဌာန်း ဆင်ခြင် နှလုံးသွင်းရပေမည်။
ပါဠိ
ဒုက္ခသစ္စာ
ဣဒံ ခေါ ပန ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏံပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဘတိ တံပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။
သမုဒယသစ္စာ
ဣဒံ ခေါ ပန ဒုက္ခသမုဒယော အရိယသစ္စံ၊ ယာယံ တဏှာ ပေါနောဘ၀ိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ၊ သေယျထိဒံ၊ ကာမတဏှာ ဘ၀တဏှာ ၀ိဘ၀တဏှာ။
နိရောဓသစ္စာ
ဣဒံ ခေါ ပန ဒုက္ခနိရောဓော အရိယသစ္စံ၊ ယော တဿယေ၀ တဏှာယ အသေသ ၀ိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။
မဂ္ဂသစ္စာ
ဣဒံ ခေါ ပန ဒုက္ခနိရောဓာဂါမိနီ ပဋိပဒါ အရိယသစ္စံ၊ အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ၊ သေယျထိဒံ- သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
မြန်မာဘာသာဖြင့် ဆင်ခြင်မည်ဆိုပါလျင် အောက်ပါလင်္ကာအတိုင်း ဆင်ခြင်နိုင်ပါသည်။
သစ္စာ (၄)ပါး လင်္ကာ
ပဋိသန္ဓေ၊ အိုနာသေဟု၊ လေးထွေရင်းမြစ်၊ ဒုက္ခဖြစ်၏၊
မချစ်ယှဉ်တွဲ၊ ချစ်သူကွဲနှင့်၊ လိုလည်းမရ၊ အကျဉ်းပြသော်၊ ပဉ္စဥပါဒါန်၊ ငါးခန္ဓာ၊ သစ္စာဒုက္ခ မှန်မောလှ။
ဒုက္ခဖြစ်ကြောင်း၊ မကောင်းတဏှာ၊ သုံးပါးမှာ၊ သစ္စာသမုဒယ မှန်မောလှ။
တဏှာချုပ်ရာ၊ နိဗ္ဗာန်မှာ၊ သစ္စာနိရောဓ၊ မှန်မောလှ။
နိဗ္ဗာန်ရောက်ကြောင်း၊ ကောင်းသောအသိ၊ ကောင်းဘိအကြံ၊ ကောင်းသံ ဆိုပြော၊ ကောင်းသောအပြု၊ ကောင်းမှုသက်မွေး၊ ကောင်းရေးလုံ့လ၊ ကောင်းထသတိ၊ ကောင်းဘိတည်ကြည်၊ ဤရှစ်မည်၊ သွန်ညီမဂ္ဂ မှန်မောလှ။
“မှန်မောလှ” အသုံးအနှုန်းမှာ "ပေါရာဏ" အသုံးအနှုန်းဖြစ်ပါသည်။
မှန်မောလှ = ဧကန်မှန်၏၊ အမှန်ပါတကားဟု ဆိုလိုပါသည်။
ထို မြန်မာဘာသာ လင်္ကာမှာ ဓမ္မစကြာ၏ ဒုက္ခသစ္စာပြ၊ သမုဒယသစ္စာပြ၊ နိရောဓသစ္စာပြ၊ မဂ္ဂသစ္စာပြ ပါဠိစာပိုဒ် (၄)ပိုဒ်တို့၏ အဓိပ္ပါယ်ပင်ဖြစ်၏။
ထို့ကြောင့် ထိုမြန်မာလင်္ကာဖြင့်လည်း ဓမ္မစကြာတရားတော်မှ စတုသစ္စကမ္မဋ္ဌာန်းကို အကျဉ်းအားဖြင့် ထိုကဲ့သို့ နှလုံးသွင်း ဆင်ခြင်နိုင်ပေသည်။
အောက်ပါတရားတော်မှ ရေးသားဖော်ပြထားပါသည်
သစ္စာ(၄)ပါးတရားတော်- မင်းကွန်းဆရာတော်
တရားဦး ဓမ္မစကြာ ၏ ရှေးဦးပိုင်း၌ မြတ်ဗုဒ္ဓက…ကာမသုခလ္လိကနုယောဂ နှင့် အတ္တကိလမထာနုယောဂ တည်းဟူသော အစွန်းအယုတ် (၂)ပါးကို မလိုက်စားကြလေနဲ့၊ ရှောင်ကြဟု ရှေးဦးစွာ ဟောတော်မူခဲ့၏။
လောဘစွန်းဖြစ်သော၊ သဿတဒိဋ္ဌိ မည်သော ကာမသုခလ္လိကနုယောဂ အယုတ်စွန်း နှင့်
ဒေါသစွန်းဖြစ်သော၊ ဥစ္ဆေဒဒိဋ္ဌိ မည်သော အတ္တကိလမထာနုယောဂ အယုတ်စွန်း တို့ကို မမှီဝဲကြလေနှင့်၊ ရှောင်ကျဉ်ရမည်ဟု ဟောတော်မူခဲ့၏။
ထိုအစွန်း (၂)ပါးမှလွတ်လပ်သော မဂ္ဂင် (၈)ပါးတည်းဟူသော မဇ္ဈိမပဋိပဒါ အကျင့်မြတ်ကို ကျင့်ကြံအားထုတ်ကြပါရန် လမ်းကောင်းကို ညွန်ပြတော်မူခဲ့၏။
ထို မဇ္ဈိမပဋိပဒါအကျင့်သည် ဉာဏ်မျက်စိကို ပြုစေတတ်သည်။
ကိလေသာတို့ကို ငြိမ်းစေနိုင်သည်။
ထိုအကျင့်ကို ကျင့်ခြင်းဖြင့် နိဗ္ဗာန်ကိုလည်း ဧကန် မုချ မျက်မှောက်ပြုရပေမည် ဟုလည်း ဟောတော်မူခဲ့၏။
ထိုသို့ ဟောတော်မူခဲ့သော စာပိုဒ်တို့တွင် သစ္စာကမ္မဋ္ဌာန်းသဘော မပါသေးပေ။ သစ္စာကို ဆင်ခြင် နှလုံးသွင်းဖို့ရန် အလုပ်သဘော မပါသေးပေ။ ရှေးဦစွာ ကောင်းရာသို့ လမ်းညွှန်ပေးခြင်းဖြစ်သည်။
ဓမ္မစကြာ၌ အဓိကလုပ်ရမည့် ဆင်ခြင်ရမည့် နှလုံးသွင်းရမည့် အလုပ်မှာ..သစ္စာကမ္မဋ္ဌာန်းဖြစ်၏။ သစ္စာ လေးပါးကို ဉာဏ်ဖြင့် ဆင်ခြင် နှလုံးသွင်း အလုပ်လုပ်ဖို့ရန်ဖြစ်၏။
ထို့ကြောင့် အလုပ်လုပ် ဆင်ခြင်ရမည့် စာပိုဒ်တို့ကို သတိထားရမည်။ နားလည်ထားဖို့ရန်မှာ အရေးကြီးပေသည်။ သို့ပါမှ ဓမ္မစကြာ ပါဠိများကို ရွတ်ဖတ်ခြင်းမှာလည်း ကုသိုလ်ရသည်ထက် ပို၍ မိမိတို့အတွက် အကျိုးကျေးဇူးကြီးပေမည်။ ကုသိုလ်ရဖို့အတွက်ရွတ်ခြင်းထက် တကယ်အလုပ်သဘောဖြင့် ရွတ်ဖတ် ဆင်ခြင်ဖို့ရန်က..အဓိကမူရင်း ရည်ရွယ်ချက် ဖြစ်ပေသည်။
ဓမ္မစကြာ၌ သစ္စာကို ဆင်ခြင် နှလုံးသွင်းမည့် စာပိုဒ်တို့မှာ..
(၁) ဒုက္ခသစ္စာ သရုပ်ပြ ပါဠိ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏံပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဘတိ တံပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။
(စာ-၆၇၊ ဓမ္မစကြာ- မဟာစည်)
အဓိပ္ပါယ်
ပဋိသန္ဓေ တည်နေရခြင်းသည်လည်း ဆင်းရဲပေတည်း၊
အိုခြင်းသည်လည်း ဆင်းရဲပေတည်း၊
မကျန်းမမာ ဖျားနာရခြင်းသည်လည်း ဆင်းရဲပေတည်း၊
သေခြင်းသည်လည်း ဆင်းရဲပေတည်း၊
မချစ်သော ပုဂ္ဂိုလ် အာရုံတို့နှင့် တွေ့ဆုံ ယှဉ်တွဲရခြင်းသည်လည်း ဆင်းရဲပေတည်း၊
ချစ်သော ပုဂ္ဂိုလ် အာရုံတို့နှင့် ကွဲကွာရခြင်းသည်လည်း ဆင်းရဲပေတည်း၊
လိုချင်နေပါလျက် မရခြင်းသည်လည်း ဆင်းရဲပေတည်း၊
အကျဉ်းအားဖြင့် ဥပါဒါနက္ခန္ဓာ (၅)ပါး (ဥပါဒါန် ၏ စွဲလမ်းရာဖြစ်သော ရုပ် နာမ်ခန္ဓာ) တို့သည် ဆင်းရဲ အမှန်တရားပေတည်း။
မြတ်ဗုဒ္ဓက..
ရဟန်းတို့ ထို ဆိုလတံ့သောတရားတွေကို ဒုက္ခ အရိယသစ္စာပဲလို့ ကောင်းကောင်းကြီး သိကြ၊
ဒုက္ခသစ္စာကို သုခလို့ ထင်နေကြလို့ ချစ်သားတို့ ဒုက္ခရောက်နေကြတာ၊
ဒုက္ခကို ဒုက္ခမှန်း သိလျင် အရိယမဂ်ဉာဏ်ထိအောင် အသိဉာဏ်ပေါက်ပြီး သံသရာဝဋ်ဒုက္ခဆင်းရဲကနေ လွတ်မယ်…ဟု ထိုကဲ့သို့ ဟောတော်မူခဲ့ခြင်းဖြစ်၏။
(၂) သမုဒယသစ္စာ သရုပ်ပြ စာပိုဒ်
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယော အရိယသစ္စံ၊ ယာယံ တဏှာ ပေါနောဘ၀ိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ၊ သေယျထိဒံ၊ ကာမတဏှာ ဘ၀တဏှာ ၀ိဘ၀တဏှာ။
(စာ-၈၆၊ ဓမ္မစကြာ- မဟာစည်)
အဓိပ္ပါယ်
ဆာလောင်မှု တဏှာသည် တဖန်ဘ၀သစ်ကို ဖြစ်စေတတ်သည်၊
နှစ်သက် တပ်မက် စွဲလမ်းခြင်းဖြင့် ထိုထိုရောက်ရာဘ၀ ရရာအာရုံ၌ ပျော်မွေ့လေသည်၊
ထိုတဏှာကား ကာမတဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာ တို့ ဖြစ်၏၊
ထို တဏှာ (၃)ပါးသည်ပင် ဆင်းရဲဖြစ်ကြောင်း အမှန်တရားပေတည်း။
မြတ်ဗုဒ္ဓက..
ချစ်သားတို့..ဒုက္ခသမုဒယကိုလည်း ဒုက္ခဖြစ်ကြောင်းလို့ မသိပါဘဲ သုခသမုဒယ သုခဖြစ်ကြောင်းရယ်လို့ အသိကိုက ပြောင်းပြန်ဖြစ်နေကြတယ်။ သင်ချစ်သားတို့မှာ အသိလွဲနေကြတယ်၊ အသိမမှန်ဘူး၊ အသိမမှန်တော့ သံသရာထဲ နှစ်မြောနေကြရတာ၊ ဟောဒီ အကျဉ်းအားဖြင့် တဏှာ (၃)ပါး၊ အကျယ်အားဖြင့် တဏှာ (၁၀၈)ပါးတို့ဟာ တို့တတွေကို ဒုက္ခရောက်အောင် လုပ်တဲ့ တရားတွေပါပဲလို့ အမှန်အတိုင်းသိဖို့က.. အရေးကြီးတယ်။
အဲဒီလို သိမှသာ အဲဒီ့တဏှာတွေကို ပယ်ဖို့ရန် ကြိုးစားကြမှာ။ ဒုက္ခဖြစ်ကြောင်းလို့ အမှန်အတိုင်း မသိဘဲ သုခဖြစ်ကြောင်းလို့ တလွဲပြောင်းပြန်ချည်းသိနေတော့ ဒီလောဘနောက် တခါတည်း တကောက်ကောက် လိုက်ပြီး ဒုက္ခတွေချည်း ရောက်နေကြမယ်။ ဒါကြောင့် ဆင်းရဲကို ဖြစ်စေခြင်း အကြောင်းတရားဟာ..ဒီ တဏှာ(၃)ပါးပဲ..ဟု ဟောတော်မူခဲ့ခြင်းဖြစ်၏။
ထို့အတူ..
(၃) နိရောဓသစ္စာ ပါဠိ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓော အရိယသစ္စံ၊ ယော တဿယေ၀ တဏှာယ အသေသ ၀ိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။
(စာ- ၁၀၈၊ ဓမ္မစကြာ-မဟာစည်)
အဓိပ္ပါယ်
ဆာလောင်မှု တဏှာ အကြွင်းမဲ့ ပျက်ပြယ်ခြင်း၊ ချုပ်ငြိမ်းခြင်းသည်၊ ပယ်စွန့်ခြင်း၊ ဝေးစွာစွန့်ခြင်း၊ ဆုပ်ကိုင်မထားပါပဲ လွှတ်လိုက်ခြင်း၊ တွယ်တာမှု ကင်းခြင်း သည် ဆင်းရဲ ချုပ်ငြိမ်းရာ အမှန်တရား ဖြစ်၏။
(၄) မဂ္ဂသစ္စာ ပါဠိ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓာဂါမိနီ ပဋိပဒါ အရိယသစ္စံ၊ အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ၊ သေယျထိဒံ- သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
(စာ- ၁၁၁၊ ဓမ္မစကြာ-မဟာစည်)
အဓိပ္ပါယ်
ရဟန်းတို့..အင်္ဂါ (၈)ပါးရှိသော၊ ဖြူစင်မြင့်မြတ်သော အရိယမဂ်သည် ဆင်းရဲချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်လမ်း အမှန်တရားဖြစ်၏။
ထိုအရိယမဂ်မှာ..မှန်စွာမြင်ခြင်း၊ မှန်စွာကြံခြင်း၊ မှန်စွာပြောခြင်း၊ မှန်စွာပြုခြင်း၊ မှန်စွာအသက်မွေးခြင်း၊ မှန်စွာအားထုတ်ခြင်း၊ မှန်စွာအမှတ်ရခြင်း၊ မှန်စွာစူးစိုက်တည်ကြည်ခြင်း တို့ဖြစ်ပေသည်။
စတုသစ္စကမ္မဋ္ဌာန်း လုပ်လိုသော ယောဂီသည် ထိုစာပိုဒ်တို့ကို နှလုံးသွင်း ဆင်ခြင်ရပေမည်။
(ဆက်ရန်..)
အောက်ပါတရားတော်မှ ရေးသားဖော်ပြထားပါသည်
သစ္စာ(၄)ပါးတရားတော်- မင်းကွန်းဆရာတော်
တရားဦး ဓမ္မစကြာ ၏ ရှေးဦးပိုင်း၌ မြတ်ဗုဒ္ဓက…ကာမသုခလ္လိကနုယောဂ နှင့် အတ္တကိလမထာနုယောဂ တည်းဟူသော အစွန်းအယုတ် (၂)ပါးကို မလိုက်စားကြလေနဲ့၊ ရှောင်ကြဟု ရှေးဦးစွာ ဟောတော်မူခဲ့၏။
လောဘစွန်းဖြစ်သော၊ သဿတဒိဋ္ဌိ မည်သော ကာမသုခလ္လိကနုယောဂ အယုတ်စွန်း နှင့်
ဒေါသစွန်းဖြစ်သော၊ ဥစ္ဆေဒဒိဋ္ဌိ မည်သော အတ္တကိလမထာနုယောဂ အယုတ်စွန်း တို့ကို မမှီဝဲကြလေနှင့်၊ ရှောင်ကျဉ်ရမည်ဟု ဟောတော်မူခဲ့၏။
ထိုအစွန်း (၂)ပါးမှလွတ်လပ်သော မဂ္ဂင် (၈)ပါးတည်းဟူသော မဇ္ဈိမပဋိပဒါ အကျင့်မြတ်ကို ကျင့်ကြံအားထုတ်ကြပါရန် လမ်းကောင်းကို ညွန်ပြတော်မူခဲ့၏။
ထို မဇ္ဈိမပဋိပဒါအကျင့်သည် ဉာဏ်မျက်စိကို ပြုစေတတ်သည်။
ကိလေသာတို့ကို ငြိမ်းစေနိုင်သည်။
ထိုအကျင့်ကို ကျင့်ခြင်းဖြင့် နိဗ္ဗာန်ကိုလည်း ဧကန် မုချ မျက်မှောက်ပြုရပေမည် ဟုလည်း ဟောတော်မူခဲ့၏။
ထိုသို့ ဟောတော်မူခဲ့သော စာပိုဒ်တို့တွင် သစ္စာကမ္မဋ္ဌာန်းသဘော မပါသေးပေ။ သစ္စာကို ဆင်ခြင် နှလုံးသွင်းဖို့ရန် အလုပ်သဘော မပါသေးပေ။ ရှေးဦစွာ ကောင်းရာသို့ လမ်းညွှန်ပေးခြင်းဖြစ်သည်။
ဓမ္မစကြာ၌ အဓိကလုပ်ရမည့် ဆင်ခြင်ရမည့် နှလုံးသွင်းရမည့် အလုပ်မှာ..သစ္စာကမ္မဋ္ဌာန်းဖြစ်၏။ သစ္စာ လေးပါးကို ဉာဏ်ဖြင့် ဆင်ခြင် နှလုံးသွင်း အလုပ်လုပ်ဖို့ရန်ဖြစ်၏။
ထို့ကြောင့် အလုပ်လုပ် ဆင်ခြင်ရမည့် စာပိုဒ်တို့ကို သတိထားရမည်။ နားလည်ထားဖို့ရန်မှာ အရေးကြီးပေသည်။ သို့ပါမှ ဓမ္မစကြာ ပါဠိများကို ရွတ်ဖတ်ခြင်းမှာလည်း ကုသိုလ်ရသည်ထက် ပို၍ မိမိတို့အတွက် အကျိုးကျေးဇူးကြီးပေမည်။ ကုသိုလ်ရဖို့အတွက်ရွတ်ခြင်းထက် တကယ်အလုပ်သဘောဖြင့် ရွတ်ဖတ် ဆင်ခြင်ဖို့ရန်က..အဓိကမူရင်း ရည်ရွယ်ချက် ဖြစ်ပေသည်။
ဓမ္မစကြာ၌ သစ္စာကို ဆင်ခြင် နှလုံးသွင်းမည့် စာပိုဒ်တို့မှာ..
(၁) ဒုက္ခသစ္စာ သရုပ်ပြ ပါဠိ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏံပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဘတိ တံပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။
(စာ-၆၇၊ ဓမ္မစကြာ- မဟာစည်)
အဓိပ္ပါယ်
ပဋိသန္ဓေ တည်နေရခြင်းသည်လည်း ဆင်းရဲပေတည်း၊
အိုခြင်းသည်လည်း ဆင်းရဲပေတည်း၊
မကျန်းမမာ ဖျားနာရခြင်းသည်လည်း ဆင်းရဲပေတည်း၊
သေခြင်းသည်လည်း ဆင်းရဲပေတည်း၊
မချစ်သော ပုဂ္ဂိုလ် အာရုံတို့နှင့် တွေ့ဆုံ ယှဉ်တွဲရခြင်းသည်လည်း ဆင်းရဲပေတည်း၊
ချစ်သော ပုဂ္ဂိုလ် အာရုံတို့နှင့် ကွဲကွာရခြင်းသည်လည်း ဆင်းရဲပေတည်း၊
လိုချင်နေပါလျက် မရခြင်းသည်လည်း ဆင်းရဲပေတည်း၊
အကျဉ်းအားဖြင့် ဥပါဒါနက္ခန္ဓာ (၅)ပါး (ဥပါဒါန် ၏ စွဲလမ်းရာဖြစ်သော ရုပ် နာမ်ခန္ဓာ) တို့သည် ဆင်းရဲ အမှန်တရားပေတည်း။
မြတ်ဗုဒ္ဓက..
ရဟန်းတို့ ထို ဆိုလတံ့သောတရားတွေကို ဒုက္ခ အရိယသစ္စာပဲလို့ ကောင်းကောင်းကြီး သိကြ၊
ဒုက္ခသစ္စာကို သုခလို့ ထင်နေကြလို့ ချစ်သားတို့ ဒုက္ခရောက်နေကြတာ၊
ဒုက္ခကို ဒုက္ခမှန်း သိလျင် အရိယမဂ်ဉာဏ်ထိအောင် အသိဉာဏ်ပေါက်ပြီး သံသရာဝဋ်ဒုက္ခဆင်းရဲကနေ လွတ်မယ်…ဟု ထိုကဲ့သို့ ဟောတော်မူခဲ့ခြင်းဖြစ်၏။
(၂) သမုဒယသစ္စာ သရုပ်ပြ စာပိုဒ်
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယော အရိယသစ္စံ၊ ယာယံ တဏှာ ပေါနောဘ၀ိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ၊ သေယျထိဒံ၊ ကာမတဏှာ ဘ၀တဏှာ ၀ိဘ၀တဏှာ။
(စာ-၈၆၊ ဓမ္မစကြာ- မဟာစည်)
အဓိပ္ပါယ်
ဆာလောင်မှု တဏှာသည် တဖန်ဘ၀သစ်ကို ဖြစ်စေတတ်သည်၊
နှစ်သက် တပ်မက် စွဲလမ်းခြင်းဖြင့် ထိုထိုရောက်ရာဘ၀ ရရာအာရုံ၌ ပျော်မွေ့လေသည်၊
ထိုတဏှာကား ကာမတဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာ တို့ ဖြစ်၏၊
ထို တဏှာ (၃)ပါးသည်ပင် ဆင်းရဲဖြစ်ကြောင်း အမှန်တရားပေတည်း။
မြတ်ဗုဒ္ဓက..
ချစ်သားတို့..ဒုက္ခသမုဒယကိုလည်း ဒုက္ခဖြစ်ကြောင်းလို့ မသိပါဘဲ သုခသမုဒယ သုခဖြစ်ကြောင်းရယ်လို့ အသိကိုက ပြောင်းပြန်ဖြစ်နေကြတယ်။ သင်ချစ်သားတို့မှာ အသိလွဲနေကြတယ်၊ အသိမမှန်ဘူး၊ အသိမမှန်တော့ သံသရာထဲ နှစ်မြောနေကြရတာ၊ ဟောဒီ အကျဉ်းအားဖြင့် တဏှာ (၃)ပါး၊ အကျယ်အားဖြင့် တဏှာ (၁၀၈)ပါးတို့ဟာ တို့တတွေကို ဒုက္ခရောက်အောင် လုပ်တဲ့ တရားတွေပါပဲလို့ အမှန်အတိုင်းသိဖို့က.. အရေးကြီးတယ်။
အဲဒီလို သိမှသာ အဲဒီ့တဏှာတွေကို ပယ်ဖို့ရန် ကြိုးစားကြမှာ။ ဒုက္ခဖြစ်ကြောင်းလို့ အမှန်အတိုင်း မသိဘဲ သုခဖြစ်ကြောင်းလို့ တလွဲပြောင်းပြန်ချည်းသိနေတော့ ဒီလောဘနောက် တခါတည်း တကောက်ကောက် လိုက်ပြီး ဒုက္ခတွေချည်း ရောက်နေကြမယ်။ ဒါကြောင့် ဆင်းရဲကို ဖြစ်စေခြင်း အကြောင်းတရားဟာ..ဒီ တဏှာ(၃)ပါးပဲ..ဟု ဟောတော်မူခဲ့ခြင်းဖြစ်၏။
ထို့အတူ..
(၃) နိရောဓသစ္စာ ပါဠိ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓော အရိယသစ္စံ၊ ယော တဿယေ၀ တဏှာယ အသေသ ၀ိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။
(စာ- ၁၀၈၊ ဓမ္မစကြာ-မဟာစည်)
အဓိပ္ပါယ်
ဆာလောင်မှု တဏှာ အကြွင်းမဲ့ ပျက်ပြယ်ခြင်း၊ ချုပ်ငြိမ်းခြင်းသည်၊ ပယ်စွန့်ခြင်း၊ ဝေးစွာစွန့်ခြင်း၊ ဆုပ်ကိုင်မထားပါပဲ လွှတ်လိုက်ခြင်း၊ တွယ်တာမှု ကင်းခြင်း သည် ဆင်းရဲ ချုပ်ငြိမ်းရာ အမှန်တရား ဖြစ်၏။
(၄) မဂ္ဂသစ္စာ ပါဠိ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓာဂါမိနီ ပဋိပဒါ အရိယသစ္စံ၊ အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ၊ သေယျထိဒံ- သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
(စာ- ၁၁၁၊ ဓမ္မစကြာ-မဟာစည်)
အဓိပ္ပါယ်
ရဟန်းတို့..အင်္ဂါ (၈)ပါးရှိသော၊ ဖြူစင်မြင့်မြတ်သော အရိယမဂ်သည် ဆင်းရဲချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်လမ်း အမှန်တရားဖြစ်၏။
ထိုအရိယမဂ်မှာ..မှန်စွာမြင်ခြင်း၊ မှန်စွာကြံခြင်း၊ မှန်စွာပြောခြင်း၊ မှန်စွာပြုခြင်း၊ မှန်စွာအသက်မွေးခြင်း၊ မှန်စွာအားထုတ်ခြင်း၊ မှန်စွာအမှတ်ရခြင်း၊ မှန်စွာစူးစိုက်တည်ကြည်ခြင်း တို့ဖြစ်ပေသည်။
စတုသစ္စကမ္မဋ္ဌာန်း လုပ်လိုသော ယောဂီသည် ထိုစာပိုဒ်တို့ကို နှလုံးသွင်း ဆင်ခြင်ရပေမည်။
(ဆက်ရန်..)
အောက်ပါတရားတော်မှ ရေးသားဖော်ပြထားပါသည်
သစ္စာ(၄)ပါးတရားတော်- မင်းကွန်းဆရာတော်
သစ္စာ နှင့် အနက်
9:06 AM | Author: sankooo
ယခင်ပို့စ်တွင် သစ္စာ (၄)ပါးကို ရေးသားခဲ့ပါသည်။ ထိုသစ္စာ (၄)ချက်တို့ တစ်ချက် တစ်ချက်စီတွင် အနက်သဘောများ (၄)ချက်စီ ရှိပါသည်။ ဒုက္ခသစ္စာ၌ အနက်သဘော (၄)ချက်၊ သမုဒယသစ္စာ ၌ အနက်သဘော (၄)ချက်၊ နိရောဓသစ္စာ၌ (၄)ချက်၊ မဂ္ဂသစ္စာ ၌ (၄)ချက် တို့..ပါဝင်ပါသည်။ ထိုအနက်သဘောများကို ဖော်ပြရပါလျင်...
သစ္စာအနက် သဘော
ပါဠိမြန်မာ
ဒုက္ခသစ္စာ၁) ပီဠနဋ္ဌော- နှိပ်စက်အပ်သောသဘော
- နှိပ်စက်တတ်သောသဘော
- နှိပ်စက်ခြင်းသဘော
၂) သင်္ခတဋ္ဌော- အဖန်ဖန်ပြစု ပျိုးထောင်အပ်သောသဘော
၃) သန္တာပဋ္ဌော- အဖန်ဖန် ပူလောင်စေတတ်သောသဘော
- ပူပင်စေအပ်သောသဘော
- ပူပန်ခြင်းသဘော
၎) ၀ိပရိဏာမဋ္ဌောဖရိုဖရဲ ဖောက်လှဲဖောက်ပြန်ဖြစ်တတ်သောသဘော
သမုဒယသစ္စာ၅) အာယူဟနဋ္ဌောဒုက္ခ၀တ္ထု ဒုက္ခမှုတို့ကို စုဆောင်းဆည်းပူးတတ်သောသဘော
၆) နိဒါနဋ္ဌောဒုက္ခ၀တ္ထု ဒုက္ခမှုတို့ကို တစ်ရံမစဲ အမြဲပေးအပ် ဆောင်နှင်းတတ်သောသဘော
၇) သံယောဂဋ္ဌောဒုက္ခ၀တ္ထု ဒုက္ခမှုတို့နှင့်သာ လွန်စွာယှဉ်တွဲတတ်သောသဘော
၈) ပလိဗောဓဋ္ဌောဒုက္ခလက်မှ မထွက်ရအောင် နှောင့်ယှက် တားမြစ်သောသဘော
နိရောဓသစ္စာ၉) နိဿရဏဋ္ဌောဒုက္ခ၀ဋ်မှ ကျွတ်လွတ် ထွက်မြောက်သောသဘော
၁၀) ပ၀ိဝေကဋ္ဌောဒုက္ခအနှောင့်အယှက်မှ ဆိတ်ငြိမ်သောသဘော
၁၁) အမတဋ္ဌောအိုခြင်း နာခြင်း သေခြင်းမှ ကင်းလွတ်သောသဘော
၁၂) အသင်္ခတဋ္ဌောပြုစုပျိုးထောင်မှုမှ ကင်းလွတ်သော သဘော
မဂ္ဂသစ္စာ၁၃) နိယျာနဋ္ဌောဝဋ်မှ ဆန်တက် နိဗ္ဗာန်ဘက်သို့ ထွက်ကြောင်းရောက်ကြောင်း လမ်းကောင်းအစစ်အမှန်ဖြစ်သော သဘော
၁၄) ဟေတုဋ္ဌောလောကုတ္တရာ မြတ်စွာအထူး ဂုဏ်ကျေးဇူး အပေါင်းတို့၏ ကောင်းစွာခိုင်ကြည် တည်ကြည်ခြင်းကိစ္စကို ပြီးစေနိုင်သောသဘော
၁၅) ဒဿနဋ္ဌောအနမတဂ် ဘ၀စက်ဝယ် အိပ်မက်တွင်မျှ မမြင်စဖူး အထူးအချွန် အလွန်မြတ်လှ နိဗ္ဗာနကို လ၀န်းနေ၀န်း ပေါ်တက်ထွန်းသို့ ရွှန်းရွှန်းမြိုင်မြိုင် မြင်စွမ်းနိုင်သောသဘော
၁၆) အာဓိပတေယျဋ္ဌောအဓိသီလ စိတ္တ ပညာ သိက္ခာသုံးခု ရဟန်းမှုတွင် သူ့ပြင်မရှိ ကြီးဘိတုလွတ် အထွတ်အထိပ်ဖြစ်သောသဘော
မှတ်မိလွယ်ရန် ဆောင်ပုဒ်လင်္ကာ
နှိပ်စက်၊ ပြုပြင်၊ ပူပင်၊ ဖောက်လှဲ၊ ဒုက္ခမြဲ (ဒုက္ခသစ္စာ)
ဆည်းပူး၊ နှင်းဆောင်၊ ဖွဲ့နှောင်၊ နှောင့်ယှက်၊ အချက်လေးပါး ဒုက္ခပွါး (သမုဒယသစ္စာ)
ကျွတ်လွတ်၊ ဆိတ်ကွေ၊ မသေ၊ မပြု၊ သုခအမှန် (နိရောဓသစ္စာ)
ထွက်မြောက်၊ တည်ခိုင်၊ မြင်နိုင်၊ ကြီးကဲ၊ သူ့လမ်းမြဲ (မဂ္ဂသစ္စာ)
အောက်ပါစာမျက်နှာမှ ပြန်လည်ဖော်ပြထားခြင်းဖြစ်သည်။
စာမျက်နှာ ၂ - ၆၊သစ္စတ္ထဒီပနီ - လယ်တီဆရာတော်ဘုရားကြီး
သစ္စာ (၄)ပါး
2:21 AM | Author: sankooo
အဓွန့်ရှည်စွာ ဘယ်မျှကြာလည်း တစ်ခါတစ်ဖန် မဖောက်ပြန်ပဲ အစဉ်အမြဲကို သစ္စာဆို၏။
ထိုသစ္စာကား လေးထွေပြား၏။ လေးပါးသရုပ် အမှန်ထုတ်သော် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ။
ခန္ဓာငါးလီ၊ ဘုံလောကီကို၊ ဒုက္ခဆိုလော၊
ထိုဒုက္ခပေါင်း ပွါးကြောင်းအမှု လောဘစုမှာ သမုဒယ အမည်ရ၏။
လောဘခပင်း အကြွင်းမရှိ ချုပ်ငြိမ်းဘိသည့် သန္တိသဘော အစဉ်ချောကို နိရောဓဟူ၊
ရှစ်ဆူသီးသီး၊ မဂ္ဂင်ကြီးကို မဂ္ဂဆို၏။ (လယ်တီဆရာတော်ဘုရားကြီး)
အချိန်ကာလ မည်မျှပင်ကြာစေကာမူ တကြိမ်တခါ တဖန်တခါမျှ မဖောက်ပြန်ဘဲ မှန်ကန်သော သဘော သည် သစ္စာဟု ခေါ်ပါသည်။
ထိုသစ္စာမှာ (၄)ပါးရှိပေသည်။
  1. ဒုက္ခသစ္စာ
  2. သမုဒယသစ္စာ
  3. နိရောဓသစ္စာ
  4. မဂ္ဂသစ္စာ
တို့ ဖြစ်၏။
--(ခန္ဓာငါးလီ၊ ဘုံလောကီကို၊ ဒုက္ခဆိုလော၊)
လောကီ ခန္ဓာ (၅)ပါးသည် ဒုက္ခသစ္စာ ဖြစ်သည်။
--(ထိုဒုက္ခပေါင်း ပွါးကြောင်းအမှု လောဘစုမှာ သမုဒယ အမည်ရ၏။)
ဒုက္ခဖြစ်ကြောင်း ပွားကြောင်းအမှုသည် သမုဒယသစ္စာ ဖြစ်သည်။
လောကီခန္ဓာ ဖြစ်ပွားကြောင်း အရင်းခံမှာ အကျဉ်းချုပ်အားဖြင့် တဏှာ (၃)ပါးကြောင့် ဖြစ်ပေသည်။
  1. ကာမတဏှာ
  2. ဘ၀တဏှာ
  3. ၀ိဘ၀တဏှာ
တို့ဖြစ်သည်။
ကာမတဏှာ ဆိုသည်မှာ အာရုံ (၆)ပါးလုံး အပေါ်၌ဖြစ်စေ အာရုံတပါးပါး ပေါ်၌ဖြစ်စေ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ တို့နှင့် ယှဉ်တွဲမှုမရှိဘဲ ရိုးရိုး တွယ်တာ တပ်မက်သော လောဘတဏှာ ဖြစ်သည်။
ဘ၀တဏှာ ဆိုသည်မှာ အာရုံ (၆)ပါးကိုပင် အတ္တနှင့် ယှဉ်တွဲ၍ စွဲလမ်း ယုံကြည်မှု၊ သဿတဒိဋ္ဌိနှင့် ယှဉ်တွဲ၍ စွဲလမ်းယုံကြည်မှု တွယ်တာမှု ကို ခေါ်ဆိုသည်။ သဿတဒိဋ္ဌိနှင့် ယှဉ်တွဲ၍ တွယ်တာမှုသည် ဘ၀တဏှာ ဖြစ်၏။
ဝိဘ၀တဏှာ ဆိုသည်မှာ ဥစ္ဆေဒဒိဋ္ဌိနှင့် ယှဉ်တွဲဖြစ်သော၊ ဘ၀ပြတ်ခြင်း၌ တွယ်တာ တပ်မက်တတ်သော လောဘတဏှာ ဖြစ်၏။
[စာမျက်နှာ ၆၅ ၊ဓမ္မစကြားတရားတော် - ဖားအောက်တောရဆရာတော်ဘုရားကြီး]
သမုဒယသစ္စာဆိုသည်မှာ အကျဉ်းချုပ်အားဖြင့် ထိုတဏှာ (၃)ပါးပင်ဖြစ်ပေသည်။
အကျယ်ပွားလျင် တဏှာ (၁၀၈)ပါး သည် သမုဒယသစ္စာ ချည်းပင်ဖြစ်၏။
အကျယ်ပွားဆိုရလျင်..ရှေးဦးစွာ တဏှာ (၃)ပါးကို အာရုံ (၆)ပါးဖြင့် မြှောက်ရသည်။ ဆိုလိုသည်မှာ…
ရူပါရုံ၌ ဖြစ်သော ကာမတဏှာ
သဒ္ဒါရုံ၌ ဖြစ်သော ကာမတဏှာ
ဂန္ဓာရုံ၌ ဖြစ်သော ကာမတဏှာ
ရသာရုံ၌ ဖြစ်သော ကာမတဏှာ
ဖောဋ္ဌဗ္ဗာရုံ၌ ဖြစ်သော ကာမတဏှာ
ဓမ္မာရုံ၌ ဖြစ်သော ကာမတဏှာ…..ဟူ၍ အာရုံ (၆)ပါး၌ ကာမတဏှာ (၆)ပါး ဖြစ်ပေမည်။
ထိုအတူ..ဘ၀တဏှာသည်လည်း ..
ရူပါရုံ၌ ဖြစ်သော ဘ၀တဏှာ
သဒ္ဒါရုံ၌ ဖြစ်သော ဘ၀တဏှာ
ဂန္ဓာရုံ၌ ဖြစ်သော ဘ၀တဏှာ
ရသာရုံ၌ ဖြစ်သော ဘ၀တဏှာ
ဖောဋ္ဌဗ္ဗာရုံ၌ ဖြစ်သော ဘ၀တဏှာ
ဓမ္မာရုံ၌ ဖြစ်သော ဘ၀တဏှာ..ဟူ၍ အာရုံ (၆)ပါး၌ ဘ၀တဏှာ (၆)ပါး ဖြစ်ပေမည်။
ထို့အတူ ၀ိဘ၀တဏှာသည်လည်း အာရုံ (၆)ပါးကို လိုက်၍ (၆)ပါး ဖြစ်ပေမည်။
ကာမတဏှာ (၆)ပါး၊ ဘ၀တဏှာ (၆)ပါး၊ ၀ိဘ၀တဏှာ (၆)ပါး..ဟူ၍ အားလုံးပေါင်း တဏှာ (၁၈)ပါး ဖြစ်ပေမည်။..
ထို တဏှာ (၁၈)ပါးသည် အတိတ်တုန်းကလည်း ဖြစ်ခဲ့ပေမည်၊ ယခု ပစ္စုပ္ပန်တွင်လည်း ဖြစ်ပေမည်၊ နောင်အနာဂတ် နောက်ရက် နောက်လ နောက်နှစ်များမှာလည်း ဖြစ်ပေမည်..ထို့ကြောင့် ကာလ (၃)ပါးနှင့် ဆင့်၍ မြှောက်သော်..
အတိတ်တဏှာ (၁၈)ပါး..
ပစ္စုပ္ပန်တဏှာ (၁၈)ပါး
အနာဂတ်တဏှာ (၁၈)ပါး..ဟူ၍ ရပေမည်။
(၁၈ x ၃) = ၅၄ …တဏှာ (၅၄)ပါး ရပေမည်…
ထို့နောက် တဏှာ (၅၄) ပါးကို သန္တာန် (၂)ပါး နှင့် မြှောက်ရပေမည်..
မိမိ သန္တာန် ၌လည်း လောဘတဏှာ (၅၄)ပါး သူတပါး သန္တာန်၌လည်း လောဘတဏှာ (၅၄)ပါး…
(၂)ရပ်ပေါင်း တဏှာ (၁၀၈)ပါး ရပေမည်။
ထို လောဘတဏှာ (၁၀၈)ပါးကိုပင် သမုဒယသစ္စာ ဟုခေါ်ပါသည်.
ထိုတဏှာတို့သည် ဒုက္ခဖြစ်ကြောင်း ပွားပေါင်းအစု သမုဒယ သစ္စာ ပင်ဖြစ်၏။
ထို့ကြောင့် သမုဒယသစ္စာ ဆိုသည်မှာ အကျဉ်းချုပ်အားဖြင့်..တဏှာ (၃)ပါး
အကျယ်အားဖြင့် တဏှာ (၁၀၈)ပါး ပင်ဖြစ်၏။
--(လောဘခပင်း အကြွင်းမရှိ ချုပ်ငြိမ်းဘိသည့် သန္တိသဘော အစဉ်ချောကို နိရောဓဟူ၊)
လောဘတဏှာ (၁၀၈)ပါးတို့ ချုပ်ငြိမ်း ရုပ်သိမ်းရာ ဖြစ်သော သန္တိသဘောဖြင့် အမြဲထာဝစဉ် ငြိမ်းအေး ချောမွတ်နေသော ပရမတ္ထတရား တစ်မျိုးသည် အမှန်ပင် ရှိ၏။..
ထို ပရမတ္ထတရားသည် နိရောဓသစ္စာ ပင်ဖြစ်ပေသည်။
(ရှစ်ဆူသီးသီး၊ မဂ္ဂင်ကြီးကို မဂ္ဂဆို၏။)
မဂ္ဂင် (၈)ပါးသည် မဂ္ဂသစ္စာပင် ဖြစ်၏။
မဂ္ဂင် (၈)ပါးဆိုသည်မှာ…
  1. သမ္မာဒိဋ္ဌိ = ကောင်းသော အမြင်၊ မှန်သော အမြင်ကို မြင်ခြင်း
  2. သမ္မာသင်္ကပ္ပေါ = ကောင်းသော မှန်သော အကြံကို ကြံခြင်း
  3. သမ္မာဝါစာ = ကောင်းသော မှန်သော စကားကို ပြောဆိုခြင်း
  4. သမ္မာကမ္မန္တော = ကောင်းသော မှန်သော အမှုကို ပြုခြင်း
  5. သမ္မာအာဇီဝေါ = ကောင်းသော မှန်သော အသက်မွေးမှုကို အသက်မွေးခြင်း
  6. သမ္မာဝါယာမော = ကောင်းသော မှန်သော အလုပ်တို့ကို အားထုတ်ခြင်း
  7. သမ္မာသတိ = ကောင်းသော မှန်သော တရားတို့ကို မမေ့ မလျော့ခြင်း
  8. သမ္မာသမာဓိ = ကောင်းသော အာရုံ၌ စိတ်၏ တည်ကြည်ခြင်း (ကောင်းသော စိတ်၏တည်ကြည်ခြင်း)
…တို့ဖြစ်၏။
အောက်ပါတရားတော်မှ ရေးသားထားသည်.
သစ္စာ (၄)ပါးတရားတော် - မင်းကွန်းဆရာတော်ဘုရားကြီး