ဒီပို့စ်ကတော့ အရှေ့က ပို့စ်ရဲ့ အဆက်လို့ဆိုနိုင်ပါတယ်။
မြတ်ဗုဒ္ဓ၏ သင်္ကေတအမှတ်အသားတို့ကို ဥဒ္ဒိဿကဘုရားများလို့ခေါ်ပါတယ်။
ဥဒ္ဒိဿကဘုရား ဆိုသည်မှာ ဘုရား၏ကိုယ်စားရည်မှန်းပူဇော်ဖို့ အမှတ်အသား ဖြစ်ပါတယ်။
ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း ၇၀၀ လောက် မှစတင်ပြီး ဗုဒ္ဓဆင်းတုတော်များထုလုပ်ကိုးကွယ်ကြတာပါ။ (စာမျက်နှာ ၂၁၈ သီတဂူဆရာတော်ဘုရားကြီးအရှင်ဥာဏိဿရ-ဂန္ဓာရသို့ခရီးတစ်ခေါက်)။ ၎င်းမတိုင်မီက ဆင်းတုတော်များ ထုလုပ်ခြင်းမရှိသေးပဲ ဥဒ္ဒိဿကဘုရားအဖြစ်သာ ဗုဒ္ဓကို ကိုးကွယ်ခဲ့ကြပါတယ်။
ဥဒ္ဒိဿကဘုရားတွေရဲ့ အစပထမကတော့..အရှင်အာနန္ဒာဟာ..မြတ်စွာဘုရား ကျောင်းတွင် မရှိခိုက် ဘုရားကိုယ်စား ရည်မှန်း ပူဇော်ခွင့် ရအောင် မူလ မဟာဗောဓိပင်ကြီးမှ မျိုးကိုဆောင်ယူပြီး..ဗောဓိပင်ပွားကို ကောသလတိုင်း သာဝတ္ထိမြို့ရဲ့..ဇေတ၀န်ကျောင်းမှာ စိုက်ပျိုးခဲ့ပါတယ်။ အဲဒီဗောဓိပင်ကို အာနန္ဒာဗောဓိပင်လို့ခေါ်တွင်ပါတယ်။ ဒါကြောင့်..
မူလမဟာဗောဓိပင်ကြီး...........ပရိဘောဂစေတီ (ဘုရားမှီရာအသုံးအဆောင်)
အာနန္ဒာဗောဓိပင်.................ဥဒ္ဒိဿကဘုရား၊ ဗောဓိပွား၊ စေတီပွား ..လို့ခေါ်ဆိုပါတယ်။
ဥဒ္ဒိဿကဘုရားအမှတ်အသားများကို State of Madhya Pradesh, India မှာရှိတဲ့ ဆန်ချီ (sanchi) ထူပါ(စေတီတော်)မှာ တွေ့နိုင်ပါတယ်။
ဆန်ချီစေတီတော်မုဒ်ဝရှိဥဒ္ဒိဿကဘုရားအမှတ်အသားများ(source: http://commons.wikimedia.org/wiki/File:Northern_Gate,_Sanchi_Stupa_built_in_3rd_century_BC.jpg)
[image source: yelwinoo.com]
စေတီများ၏ မုဒ်ဝမှာ ရှိတဲ့ ခြသေ့င်္ရုပ်ကြီးများနဲ့ပက်သက်လို့ ရေးချင်ပါတယ်။ အဲ့ဒီ့ ခြသေ့င်္ရုပ်ကြီးများနဲ့ပက်သက်ပြီး မဟုတ်မမှန်ဇာတ်လမ်းတွေဖတ်မိလိုက်ရလို့ ရေးချင်လာမိတယ်..ဒီအတွက်အမှန်ကို..ကိုဖော်ပြချင်ပါတယ်။ မင်္ဂလာသတင်းစဉ် blog site (http://mawluu.blogspot.com/2009_09_01_archive.html) မှာ “ဘုရားစေတီပုထိုးတို့တွင် တွေ့ရသော ခြင်္သေ့ရုပ်တု” ဆိုပြီး ပိုဒ့်တစ်ခု တင်ထားတာ ဖတ်လိုက်ရတယ်။ ဒီပို့စ်ကိုပဲ..ဓမ္မရတနာ(Google groups) မှာလဲ ထပ်တင်ထားတာတွေ့ရတယ်။ ရေးထားတာက..ဒီခြသေ့င်္ရုပ်ကြီးများရဲ့ နောက်ခံ သမိုင်းပါဆိုပြီးရေးထားပါတယ်။ သူရေးထားတဲ့အတိုင်း အကျဉ်းချုပ်ပြောရမယ်ဆိုရင်..
ူသီဟဗာဟုမင်းရဲ့ မိခင်ဟာ ခြသေ့င်္နဲ့ ပေါင်းသင်းပြီး သီဟဗာဟုနဲ့ သီဟသီဝလ ကိုမွေးပါတယ်။ နောက်တော့ သီဟဗာဟုဟာ အဖေဖြစ်တဲ့ ခြသေ့င်္ကို သတ်မိပါတယ်..သီဟဗာဟုမင်းလည်း မိမိ၏ဖခင်ဖြစ်သော ခြင်္သေ့မင်းကို သတ်မိသောအပြစ်ကို နောင်တတရား ရရှိပြီး ဘုရားစေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တည်ထားကိုးကွယ်ပါတယ်..လို့ရေးထားပါတယ်။
အထက်ပါ ဇာတ်လမ်းသည် မမှန်ပါဘူးလို့ ပြောပါရစေ..
ဗုဒ္ဓဘာသာနဲ့ပက်သက်တဲ့ သင်္ကေတများအကြောင်းကို မကြာသေးမီကမှ ကျွန်တော်လည်း အရှင်ကောသလ္လတရားမှာ နာခဲ့ပါသေးတယ်။
တရားတော်အမည်...နှလုံးသားဝယ်ဘုရားတည် (၁)
ဆရာတော်............အရှင်ကောသလ္လ(ဓမ္မစေတီဆရာတော်)
နေ့ရက်................၂၅.၁.၂၀၀၉
နေရာ..................မန္တလေး
ဒီတရားထဲမှာ ဆရာတော်က သင်္ကေတတွေနဲ့ပက်သက်ပြီး အခုလို သေချာရှင်းထားပါတယ်..
လ | ရည်ညွှန်းချက် | သင်္ကေတ |
ဝါဆို | သန္ဓေ | ဆင် |
တောထွက် | မြင်း | |
ဓမ္မစက် (တရားဟော) | စကြာ - လှည်းဘီး | |
ကဆုန် | ဖွားမြင် | ကြာ၊ နွား |
ပွင့် (သစ္စာသိ) | ဗောဓီပင် ၊ ခြသေ့င်္ | |
စံ (ပရိနိဗ္ဗာန်) | နွား ၊ ထူပါ | |
ဗျာဒိတ်ခံ | ကြာ |
Table 1: Dhamma talk by dhammaceti sayardaw
အဲလို ဇယားလေးနဲ့ ဆရာတော်က ရှင်းထားပါတယ်။
သင်္ကေတ | ရည်ညွှန်းချက် |
ကြာ | မြတ်စွာဘုရားအလောင်း မွေးဖွားစဉ်အခါက မွေးပြီးလျင်ပြီးချင်း နင်းလျောက်ခဲ့သောအရာ၏ သင်္ကေတ ဖြစ်ပါတယ်။ |
နွား | မြတ်စွာဘုရားအလောင်း မွေးဖွားစဉ်နဲ့ ပရိနိဗ္ဗာန်စံဝင်သည့် လ၌ ရှိသော ရာသီခွင်၏ သင်္ကေတဖြစ်ပါတယ်။ |
ဆင် | မယ်တော်မာယာဝမ်းကြာတိုက်သို့ ပဋိသန္ဓေယူခဲ့စဉ်က အမှတ်အသားဖြစ်သည့် သင်္ကေတဖြစ်ပါတယ်။ |
မြင်း | မြတ်စွာဘုရားလောင်းတော် တောထွက်စဉ်က စီးခဲ့သော မြင်း၏ သင်္ကေတဖြစ်ပါတယ်. (တနည်း) ကုသိုလ်တရားများပြုရာတွင် လျင်မြန်စွာပြုခြင်း၏ သင်္ကေတဖြစ်ပါတယ်.. |
စကြာ | ဘုရားရှင် ဓမ္မစကြာဟောစဉ်က မဂ္ဂင်ရှစ်ပါး၏ သင်္ကေတဖြစ်ပါတယ်.. |
ဗောဓိပင် | သမ္မာသမ္ဗုဒ္ဓဘုရားရှင် အဖြစ်သို့ ရောက်ခဲ့သည့် နေရာ၏ သင်္ကေတဖြစ်ပါတယ် |
ထူပါ | ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ကာ မီးသင်္ဂြိုလ်ပူဇော်ခြင်း၏ သင်္ကေတဖြစ်ပါတယ်။.. |
ခြသေ့င်္ | သစ္စာလေးပါးကို ရဲဝံ့စွာသိခြင်း၏ သင်္ကေတဖြစ်ပါတယ်။.. (တနည်း)ဘုရားရှင်တို့မည်သည် အကျိုးကို မကျင့်ပါ..အကြောင်းကိုသာ ကျင့်ပါတယ်။.. |
Table 2: Dhamma notes at www.dhammaceti.org
အဲလို သူ့အဓိပ္ပါယ်နဲ့ သူ ရှိပြီးသားပါ။
ခြသေ့င်္ဟာ သူ့ကိုမြှားနဲ့ ပစ်ရင် မြှားနောက်သို့ မလိုက်ဘဲ ပစ်တဲ့သူကိုပဲ လိုက်ပါတယ်..ခွေးဆိုလျှင် ခဲနဲ့ပစ်ပါက ခဲနောက်ကိုလိုက်ပါတယ်..ခြသေ့င်္နဲ့ မတူပါ..ဒါကြောင့် ခြသေ့င်္ဟာ အကြောင်းကို လိုက်တယ်လို့ ပမာပြုပါတယ်..
ဒီလိုပဲ ဗုဒ္ဓတရားတွင် ပဋိစ္စသမုပ္ပါဒ် တရားသည် အကျိုးတရားဖြစ်တဲ့ ဒုက္ခသစ္စာတွေ ဖြစ်မလာအောင် ချုပ်ငြိမ်းအောင် ပစ္စုပ္ပန် မှာရှိတဲ့ အကြောင်းတရားတွေ ဖြစ်တဲ့ တဏှာ ၊ ဥပါဒါန် ၊ ကမ္မဘ၀ တို့ မဖြစ်အောင် အပြီးသတ်ပါတယ်..အကြောင်းတရားများ မရှိပါက အကျိုးတရား ခန္ဓာ (ဒုက္ခသစ္စာ) သည် ထပ်ဖြစ်မလာတော့ပါ။ အကျိုးတရားတို့သည် ပုံမှန်အတိုင်း ဖြစ်နေတာပါပဲ သူတို့ ကို တိုက်ရိုက်ချည်း မဖြစ်အောင် လုပ်ရိုးမရှိပါ..လုပ်လို့လည်းမရပါ..ခန္ဓာဟူသော ဒုက္ခသစ္စာ အကျိုးရှိနေ၍ ဝေဒနာ ဆိုသည်မှာ ထိုအကျိုးတရားနှင့် တခါတည်း ပါလာ၍ ခံစားရမှာပါပဲ..ထိုဝေဒနာ အကျိုးတွေကို တိုက်ရိုက်ချည်း ဖယ်နေ၍လည်း အပြီး ပျောက်သွားမည် မဟုတ်ပါ..မည်သည့်ပုဂ္ဂိုလ်မဆို ဝေဒနာ၊ ဇာရာ၊ မရဏ ဟူသော အကျိုးတို့ မလွဲမသွေ ခံစားရမှာပါပဲ..ထိုအကျိုးတရားများသည် အကြောင်း ရှိနေသမျှ ဖြစ်နေဦးမှာပါပဲ..ထို့ကြောင့် ဆိုင်ရာ အကြောင်းတရားများကို ဖယ်ခွာမှသာလျှင် ထိုအကျိုးတရားများ ထပ်ဖြစ်မလာတော့ပါ။ ဒါကြောင့် ဘုရားရှင်တို့မည်သည် အကြောင်းကိုသာ ကျင့်ပါတယ် အကျိုးကို မကျင့်ဘူးလို့ ဆိုလိုပါတယ်..ဒီသဘောကိုပဲ ခြသေ့င်္ နဲ့ ပမာပြုထားတာပါ။ ဒီသဘောတွေနဲ့ ပက်သက်ပြီးသာ စေတီပုထိုးများရှေ့မှာ ခြသေ့င်္ရုပ်ကြီးများ ထားတာပါ..
အဓိပ္ပါယ်မရှိသော ဇာတ်လမ်းများနဲ့ ဘယ်လိုမှ မပက်သက်ပါဘူး။ ခြေလေးချောင်း သတ္တ၀ါနဲ့ ခြေနှစ်ချောင်း သတ္တ၀ါ ပေါင်းသင်းလို့ ကလေးမရနိုင်ပါဘူး…အဲလို မမှန်တဲ့ဇာတ်လမ်းကြောင့် ဗုဒ္ဓဘာသာ ဂုဏ်အရည်အချင်းများကို အထင်မှားစရာများ ဖြစ်ပါလိမ့်မယ်..ဘာမှမသိတဲ့ နိုင်ငံခြားသားတွေလည်း အထင်မှားစရာဖြစ်ပါလိမ့်မယ်..
အကြောင်းအရင်းမှန် အဓိပ္ပါယ်များကို ဖြန့်ဝေစေချင်ပါတယ်..
ဆရာတော်ရဲ့ တရားကို သူရဲ့ (Dhamaceti.org) web site ကနေ ဒေါင်းလုပ်ချပြီးနာနိုင်ပါတယ်.
ကျွန်တော် အရင် ပို့စ်များတွင် ဗုဒ္ဓဘာသာကို သန့်ရှင်းစေဖို့ အတွက် ရည်ရွယ်ပြီးရေးသားခဲ့ပါသည်။ ကျွန်တော့် ဘလော့ဘ်၏ ရည်ရွယ်ချက်အတိုင်းပါပဲ...ဆရာလုပ်ချင်၍ မဟုတ်ပဲ ဗုဒ္ဓဘာသာထဲတွင် အခြားသော(မဆိုင်သော)ကိုးကွယ်မှုများဝင်လျှင် မိမိ၏ ယုံကြည်မှု၊ ကိုးကွယ်မှု အားနည်းသွားမည်စိုး၍ ရေးသားပါသည်။ ထို့ကြောင့်... ဥပဂုတ္တမှာ အမှန်တကယ်မရှိ၊ ဘိုးတော် နှင့် နတ် တို့အား ကိုးကွယ်မှုများမှာ ဗုဒ္ဓ၀ါဒအားယုံကြည်မှုတွင် မပါဟု ရေးခဲ့ပါသည်။ အခုလည်း ထပ်မံ၍ reference တစ်ခုကို တင်ပြချင်ပါသည်။ အရှင်ဇ၀န ရဲ့ “မျက်ရည်မကျခင်သိစေချင်” ဆိုတဲ့ စာအုပ်ထဲက စာသားလေးပါ။ အဲဒီ့စာအုပ်ရဲ့ အခန်း(၄) “အားကိုးရာအမှန်” အပိုင်းမှ စာသားလေးကို တင်ပြလိုက်ပါသည်။
အထက်ပါအတိုင်း စာမျက်နှာ (၆၃) တွင် ဖော်ပြထားပါသည်။
ထိုစာသားကိုထောက်၍ ဘုရား၊ တရား၊ သံဃာ မှတပါး အခြားကိုးကွယ်စရာ မရှိတော့ပါ၊ အခြား အားကိုးစရာမရှိတော့ပါ။ တနည်းအားဖြင့် ရတနာသုံးပါးမှတပါး အခြားအရာများကို ရှိခိုး ကန်တော့ခြင်း မပြုသင့်ပါ။ ရှိခိုးကန်တော့ လိုက်ခြင်းသည်လည်းပဲ မိမိ၏စိတ်မှ အားကိုးချင်စိတ်လေး ဖြစ်လာ၍ ကန်တော့လိုက်ခြင်းလို့ ပြောလို့ ရပါသည်။ ထိုအားကိုးချင်စိတ်လေးကပင် ဘုရား၊ တရား၊ သံဃာ အပြင် အခြားအား ယုံကြည်မိလိုက်ခြင်း ဖြစ်မည် ထင်ပါသည်။ အမှန်တကယ်မှာတော့ ကံကောင်းချင်လို့ပဲ ဖြစ်ဖြစ် ဘုန်းကံကြီးမားချင်လို့ပဲ ဖြစ်ဖြစ် အားကိုးယုံကြည်ရမည်မှာ ရတနာသုံးပါးပဲ ရှိသည်ဟု အပြီးတိုင် လက်ခံထားရမည် မဟုတ်ပါလား။ အခြားအရာများအား ရှိုခိုးကန်တော့လိုက်ခြင်းသည် တနည်းအားဖြင့် ရတနာသုံးပါးအား အပြည့်အ၀ မယုံကြည်သေးဘူးလို့လည်း ပြောနိုင်ပါမည်။ ထို့ကဲ့သို့ အခြားအရာများကို ရှိခိုးကန်တော့ မိသွားလျှင် မိမိ၏ သရဏဂုံသည် ညစ်နွမ်းခြင်းကစ ပျက်စီးခြင်းသို့ မသိမသာ ဦးတည်နေပါမည်။ ရတနာသုံးပါးမှတပါး အခြားအရာများကို ထပ်ဆောင်းကိုးကွယ်လာလေလေ အယူမှားခြင်းသို့ ရောက်သွားလေလေ ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော် အရင် ပို့စ်တွေမှာ ရတနာသုံးပါးကိုသာ အဓိကထားပြီး အခြားသော ယုံကြည်မှုများ မဖြစ်လာစေရန်ရေးသားခဲ့ပါသည်။
အရှင်ဇ၀န ၏ စာအုပ်လေးကို တင်ပေးလိုက်ပါသည်...(စာမျက်နှာ ၆၃ တွင် ဖတ်ရှုနိုင်ပါသည်။)
Download
သရဏဂုံ ညစ်နွမ်းကြောင်းသုံးမျိုးရှိ၏။ မူလပဏ္ဏာသအဋ္ဌကထာ၌
အဉာဏသံသယမစ္ဆာဉာဏ ဒီဟိသံကိလိဿတိ ဟူ၍ ဖွင့်ပြသည်။
အဉာဏ - ရတနာသုံးပါးအပေါ် သေချာကျနစွာမသိခြင်း
သံသယ - ရတနာသုံးပါးအပေါ်မှာ ယုံမှားလာခြင်း
မိစ္ဆာဉာဏ - ရတနာသုံးပါးအပေါ်၌ မှားယွင်းသော အယူအဆ ဖြစ်ခြင်း
၎င်းသုံးမျိုးတွင် အဉာဏ၊ သံသယ နှစ်ပါးတို့ကို ရတနာသုံးပါးအကြောင်းသိအောင် အားထုတ်ရင်း ပယ်ဖျောက်ရသည်။
မိစ္ဆာဉာဏ ကို ရတနာသုံးပါးအပေါ် သဒ္ဓါတရားယုံကြည်ဉာဏ်ကို ခိုင်ခိုင်မာမာထားပြီး ပယ်ဖျောက်ရသည်။ ထို့ကဲ့သို့ မပယ်ဖျောက်နိုင်လျှင် အပြစ်ရှိသောသရဏဂုံ (သရဏဂုံပျက်စီးခြင်း) သို့ ရောက်ရတော့သည်။
သရဏဂုံပျက်စီးခြင်းနှစ်မျိုး“ကာလကိရိယာ ဘေဒေါအန၀ဇ္ဖဘေဒေါတိ ၀ုစ္စတိ
အည သတ္ထာရာဒီသု အဟံအတ္ထာနံ ပရိစ္စဇာမီတိ
ဧ၀ံ အညသတ္ထာ ရုဒ္ဒေသ၀သေန
သရဏဂမနဿဘေဒေါ ၀ုစ္စတိ”
ဟု မူလပဏ္ဏာသ အဋ္ဌကထာ၌ ဖွင့်ပြထားသည်။ အဓိပ္ပာယ်မှာ
သေဆုံး၍ သရဏဂုံပျက်ခြင်းသည် အပြစ်မရှိသော ပျက်စီးခြင်း
ဘုရား၊ တရား၊ သံဃာ မှတစ်ပါး အခြားဘိုးတော်၊ မယ်တော်၊ နတ် စသည်တို့ ၌ တပည့်တော်၏ အသက်နှင့်ခန္ဓာကိုယ်ကို အပ်နှင်းလှူဒါန်းပါ၏။ ဤသို့ တခြားမှာ ဆရာရှာပြီး ကိုးကွယ်သဖြင့် သရဏဂုံပျက်ခြင်းသည် အပြစ်ရှိသော အကုသိုလ်ဖြစ်သော သရဏဂုံပျက်စီးခြင်းဖြစ်သည်။
အထက်ပါအတိုင်း စာမျက်နှာ (၆၃) တွင် ဖော်ပြထားပါသည်။
ထိုစာသားကိုထောက်၍ ဘုရား၊ တရား၊ သံဃာ မှတပါး အခြားကိုးကွယ်စရာ မရှိတော့ပါ၊ အခြား အားကိုးစရာမရှိတော့ပါ။ တနည်းအားဖြင့် ရတနာသုံးပါးမှတပါး အခြားအရာများကို ရှိခိုး ကန်တော့ခြင်း မပြုသင့်ပါ။ ရှိခိုးကန်တော့ လိုက်ခြင်းသည်လည်းပဲ မိမိ၏စိတ်မှ အားကိုးချင်စိတ်လေး ဖြစ်လာ၍ ကန်တော့လိုက်ခြင်းလို့ ပြောလို့ ရပါသည်။ ထိုအားကိုးချင်စိတ်လေးကပင် ဘုရား၊ တရား၊ သံဃာ အပြင် အခြားအား ယုံကြည်မိလိုက်ခြင်း ဖြစ်မည် ထင်ပါသည်။ အမှန်တကယ်မှာတော့ ကံကောင်းချင်လို့ပဲ ဖြစ်ဖြစ် ဘုန်းကံကြီးမားချင်လို့ပဲ ဖြစ်ဖြစ် အားကိုးယုံကြည်ရမည်မှာ ရတနာသုံးပါးပဲ ရှိသည်ဟု အပြီးတိုင် လက်ခံထားရမည် မဟုတ်ပါလား။ အခြားအရာများအား ရှိုခိုးကန်တော့လိုက်ခြင်းသည် တနည်းအားဖြင့် ရတနာသုံးပါးအား အပြည့်အ၀ မယုံကြည်သေးဘူးလို့လည်း ပြောနိုင်ပါမည်။ ထို့ကဲ့သို့ အခြားအရာများကို ရှိခိုးကန်တော့ မိသွားလျှင် မိမိ၏ သရဏဂုံသည် ညစ်နွမ်းခြင်းကစ ပျက်စီးခြင်းသို့ မသိမသာ ဦးတည်နေပါမည်။ ရတနာသုံးပါးမှတပါး အခြားအရာများကို ထပ်ဆောင်းကိုးကွယ်လာလေလေ အယူမှားခြင်းသို့ ရောက်သွားလေလေ ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော် အရင် ပို့စ်တွေမှာ ရတနာသုံးပါးကိုသာ အဓိကထားပြီး အခြားသော ယုံကြည်မှုများ မဖြစ်လာစေရန်ရေးသားခဲ့ပါသည်။
အရှင်ဇ၀န ၏ စာအုပ်လေးကို တင်ပေးလိုက်ပါသည်...(စာမျက်နှာ ၆၃ တွင် ဖတ်ရှုနိုင်ပါသည်။)
Download