ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော် (ကျက်မှတ်ပွားများရန်)
- ၀ိဇ္ဇာတရား၊ စရဏတရားနှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား
- အသိဥာဏ်၊ အကျင့်မြတ်တို့နှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား
- ၀ိဇ္ဇာသုံးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
- ပုဗ္ဗေနိဝါသာနုဿတိဥာဏ်ကို ရတော်မူသောမြတ်စွာဘုရား
- ဒိဗ္ဗစက္ခုဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား
- အာသ၀က္ခဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား
- ရှေးရှေးဘ၀၌ကြုံတွေ့ခဲ့သမျှကို ပြန်၍ အောက်မေ့နိုင်သော ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား
- ဝေးကွာသော အဆင်း၊ သေးငယ်သော အဆင်းကို မြင်နိုင်သော ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား
- ကိလေသာ အာသဝေါတို့ကို ကုန်စေနိုင်သော အရဟတ္တမဂ်ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား
- ၀ိဇ္ဇာဥာဏ်အားလုံးနှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား
- ရုပ်နာမ်တရားအားလုံးကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရား
- သူတစ်ပါး၏ စိတ်ကို သိနိုင်သော ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား
- မိမိခန္ဓာကိုယ်အတွင်း၌ အလားတူ ကိုယ်တမျိုးကို စိတ်ဖြင့် ဖန်ဆင်းနိုင်သော ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား
- ဝေးသောအသံ၊ သေးငယ်သောအသံကို ကြားနိုင်သောဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား
- တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သော ဥာဏ်ကိုရတော်မူသော မြတ်စွာဘုရား
- အသိဥာဏ်ပညာ အားလုံးနှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား
- နိဗ္ဗာန်သို့ရောက်နိုင်သော အကျင့်မြတ်တို့နှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား
- စရဏ ၁၅ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
- အရာရာ၌ တတ်သိလိမ္မာမှု ဟူသော ပညာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
- ၀ီရိယ အားကောင်းတော်မူသော မြတ်စွာဘုရား
- အကြားအမြင်များမှုဟူသော သုတနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
- နိုးနိုးကြားကြား အိပ်မှု၊ အအိပ်အနေ နည်းမှု ဟူသော ဇာဂရိယာနုယောဂအကျင့်မြတ်နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား
- တွေ့မြင် ကြားသိသမျှ၌ လောဘ ဒေါသ စသည် မဖြစ်အောင် စောင့်စည်းနိုင်သော မြတ်စွာဘုရား
- အကျင့်သီလနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
- အသိဥာဏ် ရှိသလို အကျင့်မြတ်နှင့် လည်းပြည့်စုံတော်မူသော မြတ်စွာဘုရား
- ၀ိဇ္ဇာစရဏသမ္ပန္နဟူသော ဂုဏ်တော်ကြီးဖြင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား
(အရှင်ဇနကာဘိဝံသ-ရတနာ့ဂုဏ်ရည်၊ စာ-၃၃ မှ အဓိပ္ပါယ်ရှင်းလင်းချက်များကို ပွားများရေးပါသည်။)
(ကျွန်တော့်ရဲ့ ၂၈ နှစ်ပြည့်မွေးနေ့ အမှတ်တရ post)