သက်သတ်လွတ်စားခြင်းနဲ့ ပက်သက်ပြီး ရေးချင်လာမိတယ်.
ထေရ၀ါဒဗုဒ္ဓဘာသာအနေနဲ့ဆိုရင် သက်သတ်လွတ်စားတယ်ဆိုတာ အပိုအလုပ်တစ်ခုပါ..
ဘာလို့ အပိုလုပ် လို့ပြောတာလဲ ဆိုတော့ သက်သတ်လွတ်စားလည်း ဘာကုသိုလ်မှာ ရလာမှာမဟုတ်ဘူး..သက်သတ်လွတ် မစားလည်း ဘာ အကုသိုလ်မှ မခံစားရဘူး..ဒါနဲ့ ပက်သက်ပြီး သက်သေပြစရာ အထောက်အထားများနဲ့ တကွ ရေးချင်လာမိတယ်..

ကုသိုလ်စိတ်ဖြစ်အောင် နှလုံးသွင်းပြီးစားတတ်ဖို့ က အဓိကပါ..အဲလို ဘာဝနာပွားပြီး စားရင် ဘာပဲဖြစ်ဖြစ် စားလို့ရပါတယ်..
ဒါကို သက်သတ်စားမှ ကုသိုလ်ရတယ်လို့ ထင်နေရင် အမြင်မှားဖြစ်သွားပါလိမ့်မယ်..လမ်းမှားရောက်သွား ပါလိမ့်မယ်..ဘုရားရှင် ဟောထားတဲ့စားသားလေးက..

သက်သတ်လွတ်စားတာ (အသားငါး ရှောင်တာ) ကို သူတော်ကောင်းအကျင့်လို့ ယူဆရင် မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း ဘုရားရှင်က အာမဂန္ဓသုတ္တန် မှာ တိုက်ရိုက်ဟောထားပါတယ်..

ဘယ်အစားအစာပဲဖြစ်ဖြစ် ဘာဝနာပွားပြီး စားရင် စားသူရဲ့ သန္တာန်မှာ ကုသိုလ်စိတ်တွေ သေချာပေါက် ဖြစ်နေမှာပဲ ဒါကြောင့် သူဟာ စားနေရင်းနဲ့ ကုသိုလ်ရနေမှာပဲ..
အဲလိုမဟုတ်ပဲ သက်သတ်လွတ် စားပြီးတော့ အစားလေးက ကောင်းလိုက်တာ ဆိုတဲ့ လောဘ မကောင်းဘူးဆိုတဲ့ ဒေါသ ငါ့တော့ သက်သတ်လွတ်စားတာကွ ဆိုပြီး ကုသိုလ်ရနေပြီလို့ ထင်နေတဲ့အမြင်မှား မောဟ၊ မာန်မာန နဲ့ စားနေရင် တော့ အကုသိုလ်ဖြစ်နေမှာပဲ.
ဘုရားရဲ့ သီလတွေ အားလုံးဟာ မျှတပါတယ်..အပိုအလို မရှိပါဘူး..ဒါကို ဘာလို့ အသစ်ထွင်ချင်မှန်းမသိတာ..

ရဟန္တာ စင်စစ် ဖြစ်တော်မူသော မိုးကုတ်ဆရာတော်ဘုရားကြီးကလည်း သက်သတ်လွတ်စားပြီး ကုသိုလ်ရတယ်လို့ ယူမှတ်နေသူတွေကို အတော် ၀ဋ်ကြီးတဲ့ သူတွေပဲ လို့..… ဂရုဏာ သက်တော်မူခဲ့ပါတယ်

ဒ့ါအပြင်

ဓမ္မဒူတ ဆရာတော်ဘုရားကြီးကလည်း ၀ဋ်ကြွေးရှိလို့ အငတ်ခံနေကြရတာပဲလို့ သနားတော်မူခဲ့ပါသေးတယ်..

ဒါဟာ သက်သတ်လွတ်စားပါက ကုသိုလ်ထူးရမယ်လို့ ထင်နေတဲ့ယုံကြည်နေတဲ့သူတွေကို ရည်ရွယ်ပြောတာပါ..

ကျွန်တော့်လည်း တွေ့ခဲ့ဖူးပါတယ် တချို့က သက်သတ်လွတ်စားတာကြီးကို ငါတော့ ကုသိုလ်ယူနေပြီ ကုသိုလ်တွေ ရတော့မယ်လို့ ထင်မှတ်နေကြပါတယ်..တကယ်တော့ သက်သတ်လွတ်စားခြင်းဟာ အရေးမကြီးပါ..အစားအစာ ပေါ်မှာ လောဘ မ၀င်ဖို့သာ အဓိကကျပါတယ်

အဲဒီ့ အဓိက ကျတာကို မေ့လျော့နေကြပြီး အရေးမကြီးတဲ့ သက်သတ်လွတ်စားခြင်းကို အမှန်ထင်ပြီး လုပ်နေကြခြင်းသည် အယူမှားရာ ရောက်တဲ့ အတွက် အကုသိုလ်ကိုသာ ရကြောင်း အကြောင်းတရားဖြစ်သွားပါလိမ့်မယ်..

တကယ်ကို အလေးအနက်ထားစေချင်ပါတယ်..
သက်သတ်လွတ်စားမှ ကုသိုလ်ရတယ်ဆိုရင် ဘီယာ ဆိုင်ထိုင်ပြီး ဘော်လုံးပွဲကြည့်ရင်း အာလူးကြော် စားနေ ကန်စွန်းရွက်ကြော် စားနေတဲ့သူတွေ ကုသိုလ်တွေ ရနေရောလား..မဟုတ်ပါဘူး အဲလို ပြုလုပ်နေတဲ့သူရဲ့ စိတ်မှာ လောဘတွေ မာနတွေ ဒေါသတွေ သေချာပေါက် ရှိနေတယ်လေ..ဒါကြောင့် သက်သတ်လွတ်စားလည်း အကုသိုလ်ပဲ ရမှာပဲ..
တရားစခန်းမှာ ယောဂီတယောက်ဟာ အသားငါးဟင်းတွေ စားနေပေမယ့် လောဘ တဏှာကို ဖယ်ရှားစေမယ့် ဘာဝနာကို ပွားနေမယ်ဆိုရင် ကုသိုလ်တွေ အလိုလိုနေရင်းရနေမှာပဲ..ဘာလို့လည်းဆိုတော့ သူ့ ရဲ့ စိတ်ထဲမှာ ဒီဟင်းတွေကို တပ်မက်စိတ်မရှိဘူး ဟင်းက မကောင်းဘူးဆိုရင်လည်း ဒေါသစိတ်မရှိဘူး..ဒါကြောင့် အယူမှန်ရပြီး ကုသိုလ်တွေ ရနေမှာပဲ..
ဒါဟာ ဗုဒ္ဓဘာသာ ၀င်ရဲ့ အဓိက အလုပ်ပါပဲ..
အဓိက ကျတာကို အဓိကျပါတယ် လို့ မြင်စေချင်ပြီး
အဓိက မကျတာကို အဓိကမကျပါဘူးလို့ မြင်စေချင်ပါတယ်
တော်တော်များများလည်း သက်သတ်လွတ်စားတာနဲ့ ပက်သက်ပြီး ဒွိဟ ဖြစ်နေတုန်းပါပဲ..ဘာမှ သံသယ မဖြစ်စေဖို့ အခု ပို့စ်ကို ရေးလိုက်ရပါတယ်
အရှင်ဆန္ဒာဓိက ရဲ့ သက်သတ်လွတ်နှင့် ကုသိုလ်စိတ် ဆိုတဲ့စာအုပ်လေးကနေ ကူးယူရေးသားထားပါတယ်..
အဲဒီ့စာအုပ်လေး တင်ပေးလိုက်ပါတယ်..

ဒီမှာ ဒေါင်းလုပ်ဆွဲပါ..