နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဘဂ၀တော - ဘုန်းတော် (၆) စုံ ကျေးဇူးဂုဏ် နှင့် ပြည့်စုံလည်း ပြည့်စုံတော်မူပါပေထသော

ဘဂ၀တော - လောကဓာတ် (၃)ရပ် ဘုံ (၃)ထပ်၌ ကိလေသာ မှန်သမျှကို တခုမကျန် ပယ်လှန် ထွေးအန်တော်မူပြီးပါပေထသော

အရ ဟတော - (၁၅၀၀)ကိလေသာ ရန်သူအပေါင်းတို့ကို အရဟတ္တမဂ် ဥာဏ်သံလျက်ဖြင့် ချိုးဖြတ်သတ်ဖြတ်လည်း သတ်ဖြတ်တော်မူပြီးပါပေထသော


အရ ဟတော - သံသရာစက်၏ အကန့်အကွက်တို့ ဖြစ်ကုန်သော ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရ ဟု ဆိုအပ်ကုန်သော သံသရာစက် သင်္ခါရ အကန့်အကွက်တို့ကို ချိုးဖြတ်လည်း ချိုးဖြတ်တော်မူပြီးပါပေထသော

အ ရဟတော - ဆိတ်ကွယ်ရာအရပ်၌ မကောင်းမှုတွေ မှန်သမျှကို ကိုယ်တော်ဖြင့်လည်း ပြုတော်မမူ နှုတ်တော်ဖြင့်လည်း ပြောတော်မမူ စိတ်တော်ဖြင့်လည်း ကြံစည်လည်း ကြံစည်တော်မမူတတ်ပါပေထသော

အရဟတော - လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော် ဦးခိုက် ရှိခိုးခြင်းငှာလည်း ထိုက်တန်လည်း ထိုက်တန်တော်မူပါပေထသော

သမ္မာသမ္ဗုဒ္ဓဿ - သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင် သိမြင်လည်း သိမြင်တော်မူပြီးပါပေထသော

တဿဗုဒ္ဓဿ - ထို သစ္စာလေးပါး တရားသိမြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား

အမှာကံ - ဘုရားတပည့်တော်၏

နမော - ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုး ဦးညွှတ်ရခြင်းသည်

အတ္ထု - စင်စစ်မသွေ အမှန်ပင်ဖြစ်ပါစေသတည်း။ ။


ဘုရားရှိခိုး အသံဖိုင်

[audio:http://blip.tv/file/get/Sanko-ashinsaykainda375.mp3|autostart=no title=နမောတဿ]

ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ
နမော ၀ိဘဇ္ဇ၀ါဒိနော မဟာကာရုဏိကဿ
နမော ၀ိဘဇ္ဇ၀ါဒိနော မဟာကာရုဏိကဿ
နမော ၀ိဘဇ္ဇ၀ါဒိနော မဟာကာရုဏိကဿ

မဟာကာရုဏိကဿ - ကြီးကျယ်များပြားကရုဏာတရားကို ဝေနေယျာ သတ္တ၀ါတို့ အပေါ်၌ ထားတော်မူပေထသော

မဟာကာရုဏိကဿ - အောက်သံသရာသက္ကာယ၊ အထက်သံသရာသက္ကာယဟု ဆိုအပ်သော သက္ကာယ(၂)ဋ္ဌာနသို့ မကျမရောက်ရအောင် စောင့်ရှောက်ကယ်တင် မဟာကရုဏာရှင်လည်း ဖြစ်တော်မူပေထသော၊

မဟာကာရုဏိကဿ - ဒုက္ခတိဘုံ၌ခံစားရမည့် ဒုက္ခသစ္စာ၊ သုဂတိဘုံ၌ခံစားရမည့် ဒုက္ခသစ္စာ၊ ဤသစ္စာ(၂)ပါးတို့ကို မခံစားကြရအောင်၊ စောင့်ရှောက်ကယ်တင် မဟာကရုဏာရှင်လည်း ဖြစ်တော်မူပေထသော၊

ဝိဘဇ္ဇ၀ါဒိနော - ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ရှိတော်မူသော၊

ဝိဘဇ္ဇ၀ါဒိနော - ဤကားသဿတလမ်းစဉ်၊ ဤကားဥစ္ဆေဒလမ်းစဉ်ဟူ၍၊ အယုတ်တရား(၂)ပါးတို့ကို ရှောင်ရှားကာ မဇ္ဈိမပဋိပဋာ အကျင့်မြတ်လမ်းစဉ်ကိုသာလျင် ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ရှိတော်မူသော၊

ဝိဘဇ္ဇ၀ါဒိနော - ဤကား ပယ်သတ်ရမည့်အကြောင်းတရား၊ ဤကားသိရုံသာသိရမည့် အကျိုးတရား ဟူ၍၊ ပယ်ရမည့် ပဟာတဗ္ဗခန္ဓာ၊ သိရမည့် ပရိညာတဗ္ဗခန္ဓာတို့ကို ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ရှိတော်မူသော၊

သမ္မာသမ္ဗုဒ္ဓဿ - သစ္စာလေးတန် ဓမ္မမှန်ကို ဆရာမကူသမ္ဘူဥာဏ်ဖြင့်၊ ကိုယ်တော်တိုင် ပြည့်စုံစွာသိမြင်တော်မူပြီးထသော၊ ကိုယ်တော်တိုင်ပြည့်စုံစွာသိမြင်တော်မူပြီးသည့် အလျောက် ဝေနေယျသတ္တ၀ါတို့အား ကိုယ်တော်နှင့်မခြားတမူ၊ အလားတူသာလျင် သိမြင်တော်မူစေတတ်သော သဗ္ဗညုတဉာဏပိုင်ရှင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား၊

အမှာကံ - ဘုရားတပည့်တော်၏

နမော - ဦးခေါင်းညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးလိုက်ရခြင်းသည်၊

အတ္ထု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။ ။

ဘုရားရှိခိုး အသံဖိုင်

[audio:http://blip.tv/file/get/Sanko-dhamma706.mp3|autostart=no]

ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ
နမော ၀ိဘဇ္ဇ၀ါဒိနော အနန္တဇိနဿ
နမော ၀ိဘဇ္ဇ၀ါဒိနော အနန္တဇိနဿ
နမော ၀ိဘဇ္ဇ၀ါဒိနော အနန္တဇိနဿ

ဝိဘဇ္ဇ၀ါဒိနော = အကြောင်းအကျိုး အကာင်းအဆိုး မှန်သမျှကို ခွဲခြမ်း ဝေဖန်လေ့ရှိသော ၀ိဘဇ္ဇ၀ါဒီဖြစ်တော်မူသော
အနန္တဇိနဿ = ယုတ်မာသော တရားတို့ကို အတိုင်းမသိ အကြွင်းမရှိ အောင်မြင်တော်မူသော
သဗ္ဗညု ဗုဒ္ဓအား
အမှာကံ = ဘုရားတပည့်တော်တို့၏
နမော = ကာယ ၀စီ မနော ချီလျက် အဉ္ဇလီ ညွှတ်ရုံး လက်စုံမိုး၍ ရှိခိုးရခြင်းသည်
အတ္ထု = ကောင်းစွာ မသွေ ဖြစ်ပါစေသတည်း။ ။
ှိ
ဘုရားရှိခိုး အသံဖိုင်


[audio:http://www.fileden.com/files/2009/6/5/2466828//UNyanissara 3-7-1984.mp3|autostart=no]



ဒီဘုရားရှိခိုးလေး ရွတ်ဖတ်ခြင်းဖြင့်လည်း ဘုရားဂုဏ်တော် ပွားများနိုင်ပါတယ်။

ဝိဘဇ္ဇ၀ါဒိနော နှင့် အနန္တဇိနဿ တို့ဟာ မြတ်ဗုဒ္ဓ ရဲ့ ဂုဏ်ပုဒ်များဖြစ်ပါတယ်။
ဝိဘဇ္ဇ၀ါဒိနော ဆိုတာ အရာရာကို ဝေဖန်လေ့ရှိသော စီစစ်လေ့ ရှိသော လို့ အဓိပ္ပါယ်ရပါတယ်။

အနန္တဇိန ဆိုတဲ့ ဂုဏ်ပုဒ်ကတော့ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဓမ္မစကြာ တရားဦး ဟောဖို့ရန် ကြွတော်မူခဲ့စဉ်အခါက..
လမ်းခုလတ် တနေရာမှာ ဥပကတက္ကတွန်း နဲ့ တွေ့ဆုံခဲ့ပါတယ်။ ထိုသို့ တွေ့ဆုံစဉ်အခါက..
ကိုယ်တော်မြတ်ကိုယ်တိုင် အခုလို ကြွေးကြော်ခဲ့ပါတယ်....


မာဒိသာ ဝေ ဇိနာ ဟောန္တိ၊ ယေ ပတ္တာ အာသ၀က္ခယံ။
ဇိတာ မေ ပါပကာ ဓမ္မာ၊ တသ္မာဟမုပက ဇိနော။

အဓိပ္ပါယ်မှာ...

ငါကဲ့သို့သော အကြင်သူတို့သည် အာသဝေါကိလေသာ ကုန်ခြင်းသို့ ရောက်ကုန်၏။
ငါကဲ့သို့သော ထိုသူတို့သည် ဇိန မည်ကြပေ၏။
ငါသည် ယုတ်မာသော အကုသိုလ် ကိလေသာတရားတို့ကို အောင်နိုင်အပ်ကုန်ပြီ။
ထိုသို့ အကုသိုလ် ကိလေသာ ဟူသမျှတို့ကို အောင်နိုင်ပြီး ဖြစ်သောကြောင့်
ငါသည် ဇိန မည်ပါသည်။ ။

(မဟာစည်ဆရာတော်ဘုရာကြီး - ဓမ္မစကြာတရားတော် ပ၊ စာ-၂၅)

မြတ်ဗုဒ္ဓ မိန့်ကြား ကြွေးကြော်ခဲ့သော ထိုစကားတော်အရ...အနန္တဇိနဿ ဂုဏ်ပုဒ်ကို ရွတ်ဆိုခြင်းဖြစ်ပါတယ်။


သီတဂူဆရာတော်ဘုရားကြီး၏ ဗုဒ္ဓဘာသာ အခြေခံတရားတော် မှ ဘုရားရှိခိုးဖြစ်ပါသည်။