သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်(ကျက်မှတ်ပွားများရန်)
- အလုံးစုံသော တရားတို့ကို ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရား
- သိဖွယ်တရား (၅)ပါးတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရား
- ဉေယျဓမ်တရား ၅ပါး တို့ကို ပြည့်စုံအောင် သိမြင်တော်မူသော မြတ်စွာဘုရား
- သင်္ခါရ၊ ၀ိကာရ၊ လက္ခဏ၊ ပညတ်၊ နိဗ္ဗာန် တရားတို့ကို ဆရာမရှိဘဲ ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရား
- သိသင့် သိဖွယ် အသွယ်သွယ်ကို မည်သူနှင့်မျှ ယှဉ်မရအောင် သိမြင်တော်မူသော မြတ်စွာဘုရား
- သိဖွယ်တရားများကို ရှင်းရှင်းလင်းလင်း သိမြင်တော်မူသော မြတ်စွာဘုရား
- အလုံးစုံသော တရားတို့ကို ဖောက်ပြန်မှားယွင်းခြင်းမရှိ သိမြင်တော်မူသော မြတ်စွာဘုရား
- အလုံးစုံသော တရားတို့ကို ကိုယ်တော်တိုင် ထိုးထွင်း သိမြင်တော်မူသော မြတ်စွာဘုရား
- အလုံးစုံသော တရားတို့ကို နည်းပေးလမ်းပြဆရာမရှိဘဲ သိမြင်တော်မူသော မြတ်စွာဘုရား
- အလွန်ထက်မြက်သော ဥာဏ်တော်ကြီးကို ရတော်မူပါပေသော မြတ်စွာဘုရား
- သဗ္ဗညုဥာဏ်တော်ကြီးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
- နည်းပေးလမ်းပြဆရာမရှိဘဲ သဗ္ဗညုတဥာဏ်တော်ကြီး ရတော်မူသော မြတ်စွာဘုရား
- သိဖွယ်ဟူသမျှကို တစ်စွန်းတစ်စမျှ မကျန်အောင် လုံးဝကုန်စင် သိမြင်တော်မူသော မြတ်စွာဘုရား
(အရှင်ဇနကာဘိဝံသ-ရတနာ့ဂုဏ်ရည်၊ စာ-၃၀ မှ အဓိပ္ပါယ်ရှင်းလင်းချက်များကို ပွားများရေးပါသည်။)
(ကျွန်တော့်ရဲ့ ၂၈ နှစ်ပြည့်မွေးနေ့ အမှတ်တရ post)
0 comments: