အရဟံဂုဏ်တော် ပွားများပြီးနောက်မှာ ဗုဒ္ဓ၏ သန့်ရှင်းသော စိတ်တော်ဝယ် အလွန်ထက်မြက်သော ဥာဏ်တော်ကြီး တည်နေပုံအား အာရုံပြုနိုင်ရန် သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်အတွက် မြန်မာလို ကျက်မှတ်စရာများကို ရေးသားလိုက်ပါသည်။

buddha



သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်(ကျက်မှတ်ပွားများရန်)

  1. အလုံးစုံသော တရားတို့ကို ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရား

  2. သိဖွယ်တရား (၅)ပါးတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရား

  3. ဉေယျဓမ်တရား ၅ပါး တို့ကို ပြည့်စုံအောင် သိမြင်တော်မူသော မြတ်စွာဘုရား

  4. သင်္ခါရ၊ ၀ိကာရ၊ လက္ခဏ၊ ပညတ်၊ နိဗ္ဗာန် တရားတို့ကို ဆရာမရှိဘဲ ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရား

  5. သိသင့် သိဖွယ် အသွယ်သွယ်ကို မည်သူနှင့်မျှ ယှဉ်မရအောင် သိမြင်တော်မူသော မြတ်စွာဘုရား

  6. သိဖွယ်တရားများကို ရှင်းရှင်းလင်းလင်း သိမြင်တော်မူသော မြတ်စွာဘုရား

  7. အလုံးစုံသော တရားတို့ကို ဖောက်ပြန်မှားယွင်းခြင်းမရှိ သိမြင်တော်မူသော မြတ်စွာဘုရား

  8. အလုံးစုံသော တရားတို့ကို ကိုယ်တော်တိုင် ထိုးထွင်း သိမြင်တော်မူသော မြတ်စွာဘုရား

  9. အလုံးစုံသော တရားတို့ကို နည်းပေးလမ်းပြဆရာမရှိဘဲ သိမြင်တော်မူသော မြတ်စွာဘုရား

  10. အလွန်ထက်မြက်သော ဥာဏ်တော်ကြီးကို ရတော်မူပါပေသော မြတ်စွာဘုရား

  11. သဗ္ဗညုဥာဏ်တော်ကြီးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

  12. နည်းပေးလမ်းပြဆရာမရှိဘဲ သဗ္ဗညုတဥာဏ်တော်ကြီး ရတော်မူသော မြတ်စွာဘုရား

  13. သိဖွယ်ဟူသမျှကို တစ်စွန်းတစ်စမျှ မကျန်အောင် လုံးဝကုန်စင် သိမြင်တော်မူသော မြတ်စွာဘုရား



(အရှင်ဇနကာဘိဝံသ-ရတနာ့ဂုဏ်ရည်၊ စာ-၃၀ မှ အဓိပ္ပါယ်ရှင်းလင်းချက်များကို ပွားများရေးပါသည်။)
(ကျွန်တော့်ရဲ့ ၂၈ နှစ်ပြည့်မွေးနေ့ အမှတ်တရ post)
This entry was posted on 10:31 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: