ရောင်ခြည်တော်ဖွင့်
- ပင်ကိုအားဖြင့် ညိုမှောင်သော ကိုယ်အင်္ဂါတော်၏ အစိတ်အပိုင်းမှ ညိုညိုမှောင်မှောင် နီလရောင်ခြည်တော်များ ထွက်တော်မူကြသည်။
- ကိုယ်အရေတော် နှင့် မျက်ခွံတော်စသောအရေတော်တို့မှ ၀ါရွှေရွှေ ပီတရောင်ခြည်တော်များ ထွက်တော်မူကြသည်။
- ပင်ကိုအားဖြင့် ဖြူသော ကိုယ်အင်္ဂါတော်အစိတ်အပိုင်းမှ ဖြူဝင်းသော ဩဒါတ ရောင်ခြည်တော်များ ထွက်တော်မူကြသည်။
- အရေတော်အတွင်းက အသားတော် အသွေးတော်နှင့် နှုတ်ခမ်းတော်စသည်တို့မှ အနီရောင်ရှိသော လောဟိတ ရောင်ခြည်တော်များ ထွက်တော်မူကြသည်။
- မောင်းသောအဆင်းရှိသော မဥ္ဇိဋ္ဌရောင်ခြည်တော်များလည်း ထွက်တော်မူကြသည်။
- ပြိုးပြိုးပြက်ပြက် ထွက်သော ဟဘဿရ ရောင်ခြည်တော်များလည်း ထွက်တော်မူကြသည်။
(အရှင်ဇနကာဘိဝံသ "ရတနာ့ဂုဏ်ရည်" စာအုပ် စာမျက်နှာ-၇ မှ မြန်မာလိုအဓိပ္ပါယ်များကို မှတ်လွယ်အောင် ရေးသားထားသည်။)
0 comments: