finished
[image source: yelwinoo.com]

စေတီများ၏ မုဒ်ဝမှာ ရှိတဲ့ ခြသေ့င်္ရုပ်ကြီးများနဲ့ပက်သက်လို့ ရေးချင်ပါတယ်။ အဲ့ဒီ့ ခြသေ့င်္ရုပ်ကြီးများနဲ့ပက်သက်ပြီး မဟုတ်မမှန်ဇာတ်လမ်းတွေဖတ်မိလိုက်ရလို့ ရေးချင်လာမိတယ်..ဒီအတွက်အမှန်ကို..ကိုဖော်ပြချင်ပါတယ်။ မင်္ဂလာသတင်းစဉ် blog site (http://mawluu.blogspot.com/2009_09_01_archive.html) မှာ “ဘုရားစေတီပုထိုးတို့တွင် တွေ့ရသော ခြင်္သေ့ရုပ်တု” ဆိုပြီး ပိုဒ့်တစ်ခု တင်ထားတာ ဖတ်လိုက်ရတယ်။ ဒီပို့စ်ကိုပဲ..ဓမ္မရတနာ(Google groups) မှာလဲ ထပ်တင်ထားတာတွေ့ရတယ်။ ရေးထားတာက..ဒီခြသေ့င်္ရုပ်ကြီးများရဲ့ နောက်ခံ သမိုင်းပါဆိုပြီးရေးထားပါတယ်။ သူရေးထားတဲ့အတိုင်း အကျဉ်းချုပ်ပြောရမယ်ဆိုရင်..
သီဟဗာဟုမင်းရဲ့ မိခင်ဟာ ခြသေ့င်္နဲ့ ပေါင်းသင်းပြီး သီဟဗာဟုနဲ့ သီဟသီဝလ ကိုမွေးပါတယ်။ နောက်တော့ သီဟဗာဟုဟာ အဖေဖြစ်တဲ့ ခြသေ့င်္ကို သတ်မိပါတယ်..သီဟဗာဟုမင်းလည်း မိမိ၏ဖခင်ဖြစ်သော ခြင်္သေ့မင်းကို သတ်မိသောအပြစ်ကို နောင်တတရား ရရှိပြီး ဘုရားစေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တည်ထားကိုးကွယ်ပါတယ်..လို့ရေးထားပါတယ်။

အထက်ပါ ဇာတ်လမ်းသည် မမှန်ပါဘူးလို့ ပြောပါရစေ..
ဗုဒ္ဓဘာသာနဲ့ပက်သက်တဲ့ သင်္ကေတများအကြောင်းကို မကြာသေးမီကမှ ကျွန်တော်လည်း အရှင်ကောသလ္လတရားမှာ နာခဲ့ပါသေးတယ်။
တရားတော်အမည်...နှလုံးသားဝယ်ဘုရားတည် (၁)
ဆရာတော်............အရှင်ကောသလ္လ(ဓမ္မစေတီဆရာတော်)
နေ့ရက်................၂၅.၁.၂၀၀၉
နေရာ..................မန္တလေး
ဒီတရားထဲမှာ ဆရာတော်က သင်္ကေတတွေနဲ့ပက်သက်ပြီး အခုလို သေချာရှင်းထားပါတယ်..








































ရည်ညွှန်းချက်သင်္ကေတ
ဝါဆိုသန္ဓေဆင်
တောထွက်မြင်း
ဓမ္မစက် (တရားဟော)စကြာ - လှည်းဘီး
ကဆုန်ဖွားမြင်ကြာ၊ နွား
ပွင့် (သစ္စာသိ)ဗောဓီပင် ၊ ခြသေ့င်္
စံ (ပရိနိဗ္ဗာန်)နွား ၊ ထူပါ
ဗျာဒိတ်ခံကြာ

Table 1: Dhamma talk by dhammaceti sayardaw
အဲလို ဇယားလေးနဲ့ ဆရာတော်က ရှင်းထားပါတယ်။






































သင်္ကေတရည်ညွှန်းချက်
ကြာမြတ်စွာဘုရားအလောင်း မွေးဖွားစဉ်အခါက မွေးပြီးလျင်ပြီးချင်း နင်းလျောက်ခဲ့သောအရာ၏ သင်္ကေတ ဖြစ်ပါတယ်။
နွားမြတ်စွာဘုရားအလောင်း မွေးဖွားစဉ်နဲ့ ပရိနိဗ္ဗာန်စံဝင်သည့် လ၌ ရှိသော ရာသီခွင်၏ သင်္ကေတဖြစ်ပါတယ်။
ဆင်မယ်တော်မာယာဝမ်းကြာတိုက်သို့ ပဋိသန္ဓေယူခဲ့စဉ်က အမှတ်အသားဖြစ်သည့် သင်္ကေတဖြစ်ပါတယ်။
မြင်းမြတ်စွာဘုရားလောင်းတော် တောထွက်စဉ်က စီးခဲ့သော မြင်း၏ သင်္ကေတဖြစ်ပါတယ်.
(တနည်း) ကုသိုလ်တရားများပြုရာတွင် လျင်မြန်စွာပြုခြင်း၏ သင်္ကေတဖြစ်ပါတယ်..
စကြာဘုရားရှင် ဓမ္မစကြာဟောစဉ်က မဂ္ဂင်ရှစ်ပါး၏ သင်္ကေတဖြစ်ပါတယ်..
ဗောဓိပင်သမ္မာသမ္ဗုဒ္ဓဘုရားရှင် အဖြစ်သို့ ရောက်ခဲ့သည့် နေရာ၏ သင်္ကေတဖြစ်ပါတယ်
ထူပါဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ကာ မီးသင်္ဂြိုလ်ပူဇော်ခြင်း၏ သင်္ကေတဖြစ်ပါတယ်။..
ခြသေ့င်္သစ္စာလေးပါးကို ရဲဝံ့စွာသိခြင်း၏ သင်္ကေတဖြစ်ပါတယ်။..
(တနည်း)ဘုရားရှင်တို့မည်သည် အကျိုးကို မကျင့်ပါ..အကြောင်းကိုသာ ကျင့်ပါတယ်။..

Table 2: Dhamma notes at www.dhammaceti.org
အဲလို သူ့အဓိပ္ပါယ်နဲ့ သူ ရှိပြီးသားပါ။
ခြသေ့င်္ဟာ သူ့ကိုမြှားနဲ့ ပစ်ရင် မြှားနောက်သို့ မလိုက်ဘဲ ပစ်တဲ့သူကိုပဲ လိုက်ပါတယ်..ခွေးဆိုလျှင် ခဲနဲ့ပစ်ပါက ခဲနောက်ကိုလိုက်ပါတယ်..ခြသေ့င်္နဲ့ မတူပါ..ဒါကြောင့် ခြသေ့င်္ဟာ အကြောင်းကို လိုက်တယ်လို့ ပမာပြုပါတယ်..
ဒီလိုပဲ ဗုဒ္ဓတရားတွင် ပဋိစ္စသမုပ္ပါဒ် တရားသည် အကျိုးတရားဖြစ်တဲ့ ဒုက္ခသစ္စာတွေ ဖြစ်မလာအောင် ချုပ်ငြိမ်းအောင် ပစ္စုပ္ပန် မှာရှိတဲ့ အကြောင်းတရားတွေ ဖြစ်တဲ့ တဏှာ ၊ ဥပါဒါန် ၊ ကမ္မဘ၀ တို့ မဖြစ်အောင် အပြီးသတ်ပါတယ်..အကြောင်းတရားများ မရှိပါက အကျိုးတရား ခန္ဓာ (ဒုက္ခသစ္စာ) သည် ထပ်ဖြစ်မလာတော့ပါ။ အကျိုးတရားတို့သည် ပုံမှန်အတိုင်း ဖြစ်နေတာပါပဲ သူတို့ ကို တိုက်ရိုက်ချည်း မဖြစ်အောင် လုပ်ရိုးမရှိပါ..လုပ်လို့လည်းမရပါ..ခန္ဓာဟူသော ဒုက္ခသစ္စာ အကျိုးရှိနေ၍ ဝေဒနာ ဆိုသည်မှာ ထိုအကျိုးတရားနှင့် တခါတည်း ပါလာ၍ ခံစားရမှာပါပဲ..ထိုဝေဒနာ အကျိုးတွေကို တိုက်ရိုက်ချည်း ဖယ်နေ၍လည်း အပြီး ပျောက်သွားမည် မဟုတ်ပါ..မည်သည့်ပုဂ္ဂိုလ်မဆို ဝေဒနာ၊ ဇာရာ၊ မရဏ ဟူသော အကျိုးတို့ မလွဲမသွေ ခံစားရမှာပါပဲ..ထိုအကျိုးတရားများသည် အကြောင်း ရှိနေသမျှ ဖြစ်နေဦးမှာပါပဲ..ထို့ကြောင့် ဆိုင်ရာ အကြောင်းတရားများကို ဖယ်ခွာမှသာလျှင် ထိုအကျိုးတရားများ ထပ်ဖြစ်မလာတော့ပါ။ ဒါကြောင့် ဘုရားရှင်တို့မည်သည် အကြောင်းကိုသာ ကျင့်ပါတယ် အကျိုးကို မကျင့်ဘူးလို့ ဆိုလိုပါတယ်..ဒီသဘောကိုပဲ ခြသေ့င်္ နဲ့ ပမာပြုထားတာပါ။ ဒီသဘောတွေနဲ့ ပက်သက်ပြီးသာ စေတီပုထိုးများရှေ့မှာ ခြသေ့င်္ရုပ်ကြီးများ ထားတာပါ..
အဓိပ္ပါယ်မရှိသော ဇာတ်လမ်းများနဲ့ ဘယ်လိုမှ မပက်သက်ပါဘူး။ ခြေလေးချောင်း သတ္တ၀ါနဲ့ ခြေနှစ်ချောင်း သတ္တ၀ါ ပေါင်းသင်းလို့ ကလေးမရနိုင်ပါဘူး…အဲလို မမှန်တဲ့ဇာတ်လမ်းကြောင့် ဗုဒ္ဓဘာသာ ဂုဏ်အရည်အချင်းများကို အထင်မှားစရာများ ဖြစ်ပါလိမ့်မယ်..ဘာမှမသိတဲ့ နိုင်ငံခြားသားတွေလည်း အထင်မှားစရာဖြစ်ပါလိမ့်မယ်..
အကြောင်းအရင်းမှန် အဓိပ္ပါယ်များကို ဖြန့်ဝေစေချင်ပါတယ်..
ဆရာတော်ရဲ့ တရားကို သူရဲ့ (Dhamaceti.org) web site ကနေ ဒေါင်းလုပ်ချပြီးနာနိုင်ပါတယ်.
This entry was posted on 4:09 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

8 comments:

On December 14, 2009 at 4:23 PM , nyt said...

Thanks ...
very good for knowledge

 
On December 18, 2009 at 9:19 PM , အနတ္တ said...

အစက မိမိလည်း အမှတ်မှားနေပါသည်။ ယခုပို့စ်လေးကိုဖတ်လိုက်ရမှ မိမိအမှတ်မှားသည်ကို သိရှိရပါသည်။ ကျေးဇူးတင်ပါသည်။ ခွင့်ပြုမယ်ဆိုလျှင် မိမိတို့ စိတ်မီးအိမ်ဘလော့ဒ်တွင် အမှတ်မှားကို သန့်စင်ခြင်း ဆိုပြီးတော့ တင်လိုပါသည်။ ခွင့်ပြုမည်ဆိုပါက အနတ္တ (znklster@gmail.com) နှင့် ကောင်းတမာန် (ktmgktmg@gmail.com) သို့အကြောင်းပြန်စေလိုပါသည်။

 
On January 4, 2010 at 8:42 PM , YE LWIN OO said...

ဒီထက် မက အောင်မြင်ပါ စေ။

 
On January 11, 2010 at 1:29 AM , s0wha1 said...

Blog မှာ တင်ပါရစေ။

 
On January 11, 2010 at 2:01 AM , admin said...

ဝင်ရောက်ဖတ်ရှုပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်..
လွတ်လပ်စွာ..ပြန်လည်..ရေးသားဖြန့်ဝေခွင့်ရှိပါတယ်..ခင်ဗျား...

 
On January 14, 2010 at 4:54 PM , တောသား said...

မြန်မာလူမျိုးတိုင်း ကိုယ့်ဘာသာအကြောင်းကို သိသင့်တာကို ချပြပေးတဲ့အတွက် ကောင်းပါတယ်။ တချို့အပိုင်းတွေကို ကျွန်တော်တို့ပါ မသိသေးတာတွေရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်

 
On January 19, 2010 at 10:14 AM , အောင်သွင် said...

အခုလို တင်ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်ခင်ဗျာ

 
On January 19, 2010 at 5:46 PM , နွေးနေခြည် said...

မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။