မြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသား မွေးဖွားလာကတည်းက လူတွေ၊ နတ်တွေ ဗြဟ္မာတွေ အားလုံး အားလုံးကို အေးချမ်းစေမယ့် အငြိမ်းဓာတ်ကလေး သူ့ထဲမှာ ပါလာပြီးသားပါ။
ထို အငြိမ်းဓာတ်လေး သည် ဒီပင်္ကရာမြတ်စွာဘုရားခြေတော်ရင်းမှာ သုမေဓာရှင်ရသေ့အဖြစ်နဲ့ အလျားမှောက်ပြီး တံတားခင်းပေးကတည်းက စတင်ခဲ့ပါတယ်။
ထို အငြိမ်းဓာတ်လေး သည် ဒီပင်္ကရာမြတ်စွာဘုရားခြေတော်ရင်းမှာ သုမေဓာရှင်ရသေ့အဖြစ်နဲ့ အလျားမှောက်ပြီး တံတားခင်းပေးကတည်းက စတင်ခဲ့ပါတယ်။
မြတ်စွာဘုရား၏တရားတော်များ သည် အားလုံးသော သူများအတွက် ဆင်းရဲ ချမ်းသာမရွေး လူမျိုးမရွေး အေးချမ်းစေပါသည်။ မျက်နှာလိုက်ခြင်းမရှိ။ ဘက်လိုက်ခြင်းမရှိပါ။ အဲဒီ့သဘောကို ဆရာတော်က ရွှေတိုင်ညွှန့်သီချင်းရဲ့ စာသားနဲ့ ပေါ်လွင်အောင် ရှင်းလိုက်ပါသေးတယ်။ အဲဒီ့စာသားလေးက..
စတုသင်္ချေ တစ်သိန်းကမ္ဘာထက်မှာ ပုထုဇဉ်တွေ ငြိမ်းစရာတွေ့မှာ.. (စတုသင်္ချေ=လေးသင်္ချေ)
သတ္တ၀ါ မြတ်ဓမ္မာ အမြိုက်ဆေး.. တိုက်ကြွေးဖို့ရန် လူ့ဘုံ နတ်ဘုံ ဗြဟ္မာ ၂၀ မလှစ်ခဲ့ပါ..
သတ္တ၀ါ မြတ်ဓမ္မာ အမြိုက်ဆေး.. တိုက်ကြွေးဖို့ရန် လူ့ဘုံ နတ်ဘုံ ဗြဟ္မာ ၂၀ မလှစ်ခဲ့ပါ..
ဒါကြောင့် ဗုဒ္ဓ၀ါဒသည် အားလုံးနှင့်သက်ဆိုင်ပါသည်။ အားလုံးကို အေးချမ်းစေမယ် ဆိုတဲ့ သဘောပါ။
Buddha Teaching is for all human being
ဥပမာ ရန်ကုန်သားက သမ္မတ ဖြစ်ပြီး ရန်ကုန်မြို့ တစ်မြို့တည်း သာယာစည်ကားအောင်လုပ်နေမယ်ဆိုရင် ဒီလုပ်ရပ်သည် ဗုဒ္ဓ၀ါဒနဲ့ မကိုက်ညီပါ။
ဒီစာသားတွေအားလုံးက အရမ်းကောင်းတဲ့ စာသားတွေ ဖြစ်လို့ ကျွန်တော် ပြန်ရေးလိုက်တာပါ။ တချို့ တရားနာရမှာ ပျင်းစရာကြီး ဆိုပြီး မနာဖြစ်သူတွေ အတွက် ဒါလေး ဖတ်ကြည့် လိုက်ရင် တရားမှာ စိတ်ပါလာအောင် ရည်ရွယ်ပါတယ်။ သိပြီးသားသူတွေအတွက်ကတော့ ပြောစရာမလိုဘူးပေါ့ဗျာ..ဒါပေမယ့် တချို့ သော တရားနာဖြစ်ပြီး မမှတ်ထားတဲ့သူတွေအတွက်လည်း ကျွန်တော်ရေးလိုက်တာလေးက အသုံးဝင်ပြီး ဗဟုသုတ ရလိုစေခြင်းငှာ ရည်ရွယ်ပါတယ်။
နောက်တခု ဆရာတော် တရားထဲက မှတ်သားလိုက်ရာလေးက..
ဘုရားကို ကိုးကွယ်တဲ့နေရာမှာ..
ဥာဏ်ဘုရား
ကံဘုရား
သင်္ကေတဘုရား ဟူပြီး သုံးမျိုးရှိပါတယ်။
ဥာဏ်ဘုရားဆိုတာ မိမိ၏ စိတ်ထဲမှ ဗုဒ္ဓသည် ဘာတွေလုပ်ခဲ့တယ် ဘယ်လိုသင်ပေးခဲ့တယ်လို့ စသဖြင့်ပေါ့လေ အသိထားပြီး ကိုးကွယ်သိမှတ်တာမျိုးပါ။
ကံဘုရားဆိုတာက ကံကြောင့်ဖြစ်လာတဲ့ မျက်စိနဲ့ မြင်ရုံလေးတင်ပဲ ကိုးကွယ်တာမျိုးပေါ့ အသိဥာဏ်ထည့်ပြီးကိုးကွယ်တာမျိုးမဟုတ်ဘူးပေါ့။ ဥပမာ သံဃာကို ကန်တော့ရင်လည်း မြင်နေလို့သာ ကန်တော့ရုံသာဖြစ်ပြီး သံဃာရဲ့ ကျေးဇူး ဂုဏ်တော်တွေကို မသိပဲ ကန်တော့နေခြင်းမျိုးပေါ့။
သင်္ကေတဘုရားကတော့ ရုပ်ပွားတော်တို့ ကို ဆိုလိုတာပါပဲ။
အဲတော့ ကျွန်တော်တို့က သင်္ကေတဘုရားကို ဖူးမျှော်ပြီး ဥာဏ်နဲ့ဂုဏ်တော်တွေ ထည့်ပြီး ကိုးကွယ်ဖို့ လိုပါမယ်။
ဒါဆိုရင် ကျွန်တော်တို့ ကိုးကွယ်မှုသည် ထိရောက်လာမှာပါ။
ဒီနေ့တော့ ဒီလောက်ပဲ ရေးပါဦးမယ်နော်....
1 comments:
Hey, have you seen this news article?
New details about Michael Jackson's Death Emerge
I was wondering if you were going to blog about this...