ဗုဒ္ဓဂုဏ်တော် (ကျက်မှတ်ပွားများရန်)
- ကိုယ်တော်တိုင်သိတော်မူ၍ သူတစ်ပါးကိုလည်းသိစေတော်မူနိုင်သော မြတ်စွာဘုရား
- သစ္စာလေးပါးကို ကိုယ်တော်တိုင် သိမြင်တော်မူသလို သူတစ်ပါးကိုလည်း သိစေတော်မူနိုင်သော မြတ်စွာဘုရား
- သစ္စာလေးပါး တရားတော်များဖြင့် ဟောပြောဆုံးမပေးသော မြတ်စွာဘုရား
- သတ္တ၀ါအပေါင်းတို့အား အကျင့်ကောင်းအကျင့်မြတ်များကို သိကြဖို့ရာ ညွှန်ပြဆုံးမပေးနိုင်သော မြတ်စွာဘုရား
- မဂ္ဂင်လမ်းကြောင်းမှန်ကို ညွှန်ပြ ပေးတော်မူနိုင်သော မြတ်စွာဘုရား
- သတ္တ၀ါအပေါင်းတို့အား သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြောင်း တရားမြတ်များကို ဟောပြဆုံးမပေးတော်မူသော မြတ်စွာဘုရား
- နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်ကိုသတ္တ၀ါအပေါင်းတို့အား သိကြဖို့ရာ ညွှန်ပြပေးတော်မူသော မြတ်စွာဘုရား
- သစ္စာလေးပါးကို သတ္တ၀ါတို့အား ကိုယ်တော်ကဲ့သို့ သိကြဖို့ရာ ဟောပြတော်မူသော မြတ်စွာဘုရား
(အရှင်ဇနကာဘိဝံသ- ရတနာ့ဂုဏ်ရည် စာ-၅၃ မှ ပွားများထားသည်။)
0 comments: