လောက + ၀ိဒူ = ကမ္ဘာလောကကြီးကို + သိတော်မူနိုင်သည်
လောက၀ိဒူဂုဏ်တော် (ကျက်မှတ်ပွားများရန်)
- လောက အားလုံးသိမြင်တော်မူသော မြတ်စွာဘုရား
- သတ္တ၀ါတို့၏ စရိုက်၊ အနုသယ၊ ဣနြေ္ဒ အခြေအနေအားလုံးကို ကွဲကွဲပြာပြား သိမြင်တော်မူသော မြတ်စွာဘုရား
- သတ္တ၀ါတို့၏ ပင်ကိုစရိုက် အနုသယနှင့် ဣနြေ္ဒ အနုအရင့်ကို နှိုင်းချင့်တော်မူနိုင်သော မြတ်စွာဘုရား
- စကြာဝဠာ လောကဓာတ်ကြီးများ အကြောင်းကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား
- ရုပ်နာမ်တရား တို့ ဖြစ်ခြင်း၏ အကြောင်းနှင့်တကွ လက္ခဏ ကိစ္စတို့ကိုပါ အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား
- သတ္တလောက ဩကာသလောက သင်္ခါရလောက တို့ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား
- လောက သုံးပါးကို အလုံးစုံ သိမြင်တော်မူသော မြတ်စွာဘုရား
(အရှင်ဇနကာဘိဝံသ- ရတနာ့ဂုဏ်ရည် စာ-၄၀ မှ ပွားများထားသည်။)
0 comments: