မှတ်သားစရာတွေ ရလိုက်ပါတယ်..ဒါနဲ့..
ဆရာတော်ကြီး..အရှင်ဇနကာဘိဝံသ ရဲ့..အခြေပြုပဋ္ဌာန်း အီးဘွတ်လေးကို ခဏလောက် ဖွင့်ကြည့်ဖြစ်လိုက်တယ်..
အဲစာအုပ်ထဲက..စာပိုဒ်လေး တခုက.အရမ်းကို ထိမိပြီး..ကြည်ညိုဖွယ်ကောင်းတဲ့အတွက်..ဘလော့ဘ်ပေါ်ကို..
ချက်ချင်းပဲတင်ချင်စိတ်ဖြစ်သွားတယ်..
အဲစာပိုဒ်လေးက..မြတ်ဗုဒ္ဓ ရဲ့..သဗ္ဗညုတဉာဏ်တော်ကြီးကို ပူဇော်ထားတာပါ..ဖတ်ကြည့်လိုက်ရုံနဲ့တင်..
ဘုရားရှင်ကို ကြည်ညိုစိတ်တွေ တိုးပွားနိုင်တဲ့အတွက်ကြောင့်...မဖတ်မိဖူးတဲ့သူများ..ဖတ်ဖြစ်သွားအောင်..
ပြန်ရေးလိုက်တာပါ..
ကျက်မှတ်ထားစရာလည်းကောင်းသလို..ဘုရားရှိခိုးတဲ့အခါ..ထည့်သွင်းပြီး..မြတ်ဗုဒ္ဓကို.. ပူဇော်မယ်ဆိုရင်..
နေ့တိုင်း ကြည်ညိုစိတ်တွေတိုးပွားနိုင်ပါတယ်...
သဗ္ဗညုတဉာဏ်တော်စွမ်းအား “ပူဇော်”
- သိရန်မှန်က, မကျန်ရအောင်, လုံးဝစုံလင်,
အကုန်မြင်, သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။ - သိသည့်တရား, အများအပြား၌, ဟောထား
စဖွယ်, နည်းသွယ်သွယ်ကို, ခြယ်လှယ်စုံလင်,
အကုန်မြင်, သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။ - ကျွတ်ထိုက်ကြပေ, များဝေနေ၏, ဣနြေ္ဒ စရိုက်,
သူ့အကြိုက်ကို, နှိုက်ချွတ်စုံလင်, အကုန်မြင်,
သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။ - သဗ္ဗဉ် ဉာဏ်အား, စွမ်းသုံးပါးကြောင့်, အများဝေနေ,
ကျွတ်လွတ်စေဖို့, မနေမနား, သက်တော်အားဖြင့်,
ကြီးမားလေဘိ, ရှစ်ဆယ်ရှိ၍, ပရိနိဗ္ဗာန်,
စံသည့်တိုင်အောင်, သယ်ယူဆောင်, ဘုန်းခေါင်
ငါတို့ဘုရားတည်း။
စာ၃၃-အခြေပြုပဋ္ဌာန်း- အရှင်ဇနကာဘိဝံသ
အရှေ့က..ကျွန်တော်ရဲ့ ပို့စ်မှာလည်း ဘုရားရှင်သဗ္ဗညုဉာဏ်တော်စွမ်းအား သုံးပါးကို ရေးထားခဲ့ပါသေးတယ်..
အခု စာပိုဒ်လေးယှဉ်ကြည့်ခြင်းအားဖြင့် ပိုပြီး မှတ်ရလွယ်သွားပါလိမ့်မယ်။
0 comments: