လိုတရနှလုံးသား
4:57 PM | Author: sankooo
lotaya
ဒီစာအုပ်လေးက အရမ်းကောင်းတဲ့အတွက် ကျွန်တော် သူငယ်ချင်းတစ်ယောက်ဆီကနေ..ငှားပြီး စကန်ဖတ်တင်ပေးလိုက်ပါတယ်။ ငှားပေးတဲ့သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်။
မဖတ်ဖူးသေးတဲ့အွန်လိုင်းက မိတ်ဆွေများ ဖတ်ရှုခွင့်ရအောင် တင်ပေးလိုက်ပါတယ်။ ဒီစာအုပ်လေးကို ရွှေပါရမီ ဆိုက်ဒ်မှာ
လည်း တင်ထားတာ မတွေ့သေးပါဘူး။
တခြားဆိုက်ဒ်တွေမှာလည်း တင်ထားတာ မတွေ့သေးပါဘူး။
မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော် များကို ဘယ်လို ပွားများရမယ် ဗုဒ္ဓါနုဿတိဘာဝနာဖြစ်အောင်
ဘယ်လို ဆင်ခြင်နှလုံးသွင်းရမယ် စတဲ့ ပွားပုံပွားနည်းများကို ဆရာတော်က. သေချာရှင်းပြ ရေးထားပါတယ်။ မိမိရဲ့ နှလုံးသားထဲမှာ စေတီတည်ခြင်းနဲ့ ဥပမာ ပေးရှင်းထားပါတယ်။ နှလုံးသားထဲမှာ
မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်တွေပွားများခြင်းနဲ့..ဂုဏ်တော်စေတီတော်တွေတည်ခြင်းများကို ရေးသားထားပါတယ်။
စာအုပ်ထဲက ကျွန်တော်ကြိုက်နှစ်သက်တဲ့ စာသားလေးတချို့ကတော့...
ဂုဏ်တော်ပွားသောအားဖြင့် ကိုယ့်နှလုံးသားမှာ တည်လိုက်တဲ့ဘုရားက ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံး ဘုရားပါပဲ။ ပြင်ပမှာ တည်ထားတဲ့ ဘုရားတွေက.
အလကားနေရင်း အလိုအလျောက်ကိုယ့်ကို လာပြီး ကောင်းကျိုးမပေးနိုင်ပါဘူး။ ကိုယ့်နှလုံးသားမှာ တည်ထားတဲ့ ဘုရားကမှ ကိုယ့်ကို ကောင်းကျိုးပေးနိုင်တာပါ။
ပြင်ပက တန်ခိုးကြီးဘုရားတွေကို ဖူးမြော်ပူဇော်တာဟာ အဲဒီ ဘုရားတွေကို အာရုံပြုပြီး ကိုယ့်နှလုံးသားမှာ ဘုရားတည်ဖို့အတွက်ပါပဲ။ ကိုယ့်နှလုံးသားမှာ ဘုရားပြောင်းမတည်ဘဲနဲ့တော့ ဘယ်တန်ခိုးကြီးဘုရားကမှ ကိုယ့်ကို မ မစနိုင်ပါဘူး။ (စာမျက်နှာ-၁၃၃)

စာအုပ်ထဲက..ဂုဏ်တော်ပွား စာမျက်နှာတွေကတော့..
lotaya_11

lotaya_2

lotaya_3

lotaya_4















လိုတရနှလုံးသား
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
စာအုပ်အပြည့်အစုံ Download လုပ်ရန်..
(ifile.it)
Download
OR
(Adrive.com)
Download
This entry was posted on 4:57 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On April 4, 2010 at 12:26 PM , Moe Thaike said...

အရှင်ဆန္ဒာဓိကစာအုပ်အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ ဖတ်ချင်နေတာနဲ့အတော်ဘဲ။
တရားအလှူကြောင့်စိတ်ချမ်းသာ၊ကိုယ်ကျန်းမာနှင့်လိုရာဆန္ဒပြည့်ဝပါစေ၊ နောင်လဲမြင့်မြတ်တဲ့တရားအလှူဒိထက်မကပြုနိုင်ပါစေ။