တချို့သော သူများသည် မစဉ်းစားနိုင်သောအရာ များကို လိုက်ပြီး မလိုအပ်ဘဲစဉ်းစားပါသည်။ ကျွန်တော်ပြောချင်တာ ဒီလိုပါ။ ထိုသူတို့သည် မိမိဥာဏ်မမီသော အရာတို့ကိုအဟုတ်ကြီးမှတ်စဉ်းစားပြီး တသမတ်ကြီးတွက်ဆနေကြသည်။ ကျွန်တော်တနေ့က ဖတ်လိုက်မိသောစာသားတခုပါ။ ငရဲကိုမယုံဘူးဟူသော သဘောမျိုးနှင့်ရေးထားပါသည်။ ကိုယ်က ဘာဥာဏ်ထူးကိုမှ မရသေးပဲ ထင်ရာမြင်ရာ လျှောက်တွေးပြီး မှန်သရောင်ရောင်ပြောဆိုနေကြသည်။ ဆိုးကျိုးမှာ တခြားသူ ဗုဒ္ဓဘာသာကို ယုံကြည်သူတို့ကိုပါ ကူးစပ်ပြီး ထိုသူတို့ပါ သံသယဖြစ်လျှင် ကိုးကွယ်ထားသော သာသနာ ညှိုးနွမ်းသည်ထင်ပါသည်။ သံသယဆိုတာ ရှိမှာပါပဲ။ သံသယ ရှိလိုလဲ ကျွန်တော်တို့ဟာ အရိယာပုဂ္ဂိုလ်မဖြစ်နိုင်တာပဲလို့ယုံပါတယ်။ ကိုယ့်ရဲ့ကိုးကွယ်ထားတဲ့ ဗုဒ္ဓဘာသာ အပေါ်မှာ အပြည့်အ၀ယုံကြည်မှသာလျှင် ကိုယ်ရဲ့ သရဏဂုံဟာ ခိုင်မာနေမှာဖြစ်ပါတယ်။ သာသနာရေးမှာ ကိုယ်ထင်ရာကို လျှောက်တွေးပြီး ဖော်မြူလာထုတ်ဖို့ အသစ်တွေလျှောက်ထည့်စရာမလိုတော့ပါ။ ဗုဒ္ဓဘာသာ ဟာ အားလုံးကွက်တိပါ။ ဖြည့်စရာမလို နုတ်စရာမလိုပါ။ ကျွန်တော်အားလုံးကို တတ်သိလို့မဟုတ်ပါ ဆရာတော်တွေမှာထားချက်အတိုင်း ပြီးတော့ကိုယ်ကိုယ်တိုင် တချို့သော စာအုပ်တို့ကိုဖတ်ပြီးတဲ့အခါ ဗုဒ္ဓဘာသာနဲ့ပက်သက်တာ အားလုံးကိုယုံကြည်ပါတယ်။ ပြင်စရာမလိုသော ဗုဒ္ဓဘာသာကို တချို့သောသူများက ထက်ပြီးသိသလိုလို ကွန့်ချင်သလိုလို ဖြစ်အောင် ငရဲဆိုတာရှိပါ့မလား လို့ မယုံကြည်သလို ပြောနေခြင်းသည် အပြစ်ရှိသည် ထင်ပါသည်။ ထိုသူအတွက်လည်း နိဗ္ဗာန်နှင့်ဝေးသထက်ဝေးမည်သာဖြစ်သည်။လောကီသညာလေးတွေ တတ်သိရုံနဲ့ အဟုတ်ကြီးမှတ်ပြီး ရမ်းရော်နေခြင်းသည်လည်း မောဟတမျိုးပင်ဖြစ်သည် ထင်ပါသည်။ လောကီတွင်သင်နေသည့် အားလုံးသောအရာ (IT, Engineering, Medical,......) ရှိသမျှလောကီပညာအားလုံးတို့တွင်သာ ပြင်ဆင်လိုက် ထပ်ပေါင်းလိုက် နုတ်ပယ်လိုက် လုပ်နေလို့ရပါသည်။ လောကီဘက်ကတော့ ပြီးဆုံးသွားသည်လို့မရှိဘဲ ပြည့်စုံသွားသည်လို့မရှိဘဲ ပြောင်းလဲနေဦးမှာပါပဲ။ ဗုဒ္ဓဘာသာသည် ပန်းတိုင်မှန်ကိုရှိပြီး ပြီးပြည့်စုံပြီးသားပါ။ ဒါကိုဘာမှ ထွင်လုံး တွေးစရာ လုပ်စရာမလိုတော့ပါ။ ထိုထွင်လုံး တောင်တွေးမြောက်တွေး များသည် ဆိုးကျိုးများဖြစ်သည့်အတွက်လည်း ကျွန်တော် ဗုဒ္ဓဘာသာရဲ့စစ်မုန်သောတရားများကို Web စာမျက်နှာပေါ်တွင်ရေးခြင်တာပါ။

ငရဲကိုမယုံကြည်သူများအတွက် အရှင်ဇနကာဘိဝံသရဲ့ ကိုယ်ကျင့်အဘိဓမ္မာထဲမှ ငရဲခန်း ဟူသော အခန်းလေးကိုရေးခြင်မိပါသည်။
|
This entry was posted on 4:14 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: