နိဗ္ဗာန်
1:12 AM | Author: sankooo

ဗုဒ္ဓဘာသာအကြောင်းကိုရေးမယ်လို့ကြံလိုက်တော့ ပထမဆုံး အနေနဲ့ ဗုဒ္ဓဘာသာရဲ့ ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်အကြောင်းကိုစဖြစ်တယ်။ သိလို့တတ်လို့ ရေးတာမဟုတ်ပါ။ အမုန်တရားဖြစ်တဲ့ ဗုဒ္ဓဘာသာအကြောင်းကို ကြည်ညိုတာရယ် scan ဖတ်ထားသော Ebooks တွေမှာ စာသားများမှေးမှိန်နေတဲ့အတွက်ကြောင့် ဘလောဘ့်မှာ ပြန်ရေးတာပါ။ ဗုဒ္ဓဘာသာပြန့်ပွားခြင်းအတွက်ရည်ရွယ်ပါတယ်။


နိဗ္ဗာန်၏ ချမ်းသာအေးမြ သော သန္တိသုခ တမျိုးရှိပုံကို အဖန်ဖန် အောက်မေ့နေခြင်းသည် ဥပသမာနုဿတိဖြစ်သည်။ "ခန္ဓာကိုယ်တွင်း၌ အနှစ်အမတေအလား မြဲခိုင်သော နိစ္စတရားရှိ၏။ ရုပ်တရား နာမ်တရား ချုပ်ပျောက်သောအခါ ထိုအနှစ်အမြုတေသာ အဖတ်တင်ရစ်၏။ ထိုအနှစ်အမတေအဖြစ်ဖြင့် တည်နေရခြင်းသည်ပင် နိဗ္ဗာန်ဖြစ်သည်" ဟုလည်းကောင်း "နိဗ္ဗာန်၌ ရုပ်နာမ်မရှိ၍ ခံစားခွင့်မရလျှင် ဘယ်လို ချမ်းသာမှာလည်း" ဟုလည်းကောင်း မိမိထင်ရာမြင်ရာ ပြောဆိုကြသည်။
တစ်စုံတစ်ခုသော အာရုံ၏ အကြောင်းအရာကို ထိုအာရုံရဖူးသူသာ ပိုင်ပိုင်နိုင်နိုင် သိမြင်နိုင်သလို နိဗ္ဗာန်အကြောင်းကိုလည်း ထိုနိဗ္ဗာန်ကိုရပြီးသော အရိယာပုဂ္ဂိုလ်တို့သာ ပိုင်နိုင်စွာ သိနိုင်ပါသည်။ ပုထုဇဉ်တို့ အတွေးဖြင့်လေးနက်သော နိဗ္ဗာန်ကို အမှန်မထိမိနိုင်ပါ။
ခံစားမှုဟူသော ဝေဒယိတသုခသည် ခံစားစံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ်အသစ်ရအောင် ထူထောင်ရ၏။ ထိုအသစ်အသစ်ရအောင် ထူထောင်ရသော ဒုက္ခကားခံစားရသောသုခနှင့်အဆမတန်ပါ။ ထိုဒုက္ခဖြင့်ထူထောင်ပြီးနောက် ပေါ်ပေါက်ရရှိသော သုခကလေးဖြင့် မတင်းတိမ်နိုင်သောကြောင့်အပိုအကြွေးယူကာ မတရားခံစားမှုအတွက် အပါယ်လေးပါးသွား၍ သုခအကြွေးတွေကို အတိုးနှင့်တကွ ဒုက္ခဖြင့် ဆပ်ရသည်မှာ ၀မ်းနည်းစရာပါ။ ထိုကဲ့သို့ ခံစားမှုနှင့်မရောသော သန္တိသုခသဘောကား ရုပ်နာမ် သင်္ခါရတို့ ချုပ်ငြိမ်းသဖြင့် အေးမြငြိမ်းချမ်းခြင်း သဘော ဖြစ်သည်။ ဥပမာ - လောကီအာရုံ ကာမဂုဏ်တွေပြည့်စုံကြွယ်ဝသော သူဌေးတစ်ယောက်သည် အားပါးတရ အိပ်ပျော်နေစဉ် လောကီအာရုံများကို ပြင်ဆင်၍ အစေခံတို့က နှိုးလာသောအခါ အအိပ်ဖျက်ရမလား ဟု ကြိမ်းဝါး မောင်းမဲ မည်သာတည်း။ ထိုသူအိပ်နေစဉ် ခံစားမှု အထင်အရှားမရှိ။ သို့ပါလျက် ငြိမ်းချမ်းစွာ အိပ်နေရမှုကိုပင် ခံစားမှုသုခထက် နှစ်သက်ပေသေးသည်။ ထိုခံစားမှုမပါသော အိပ်ပျော်ခြင်းသုခကိုပင် အိပ်ရကောင်းလိုက်တာ ဟု အမွှမ်းတင်ကြသေး၏။ ထိုကြောင့် ရုပ်နာမ်ကင်း၍ ငြိမ်းချမ်းခြင်းသန္တိသုခကား မည်မျှလောက် မွန်မြတ်လိမ့်မည်ကို မုန်းဆသင့်သည်။
ကျေးဇူးတော်ရှင် အရှင်ဇနကာဘိဝံသ၏ကိုယ်ကျင့်အဘိဓမ္မာစာအုပ် စာမျက်နှာ (၃၂၈)မှ ကူးယူရေးသားသည်။
This entry was posted on 1:12 AM and is filed under , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On August 9, 2019 at 5:35 AM , Bunny Than Aye said...

Credit ပေးပြီး ပြန်လည်ကူားူဖေါ်ပြပါရစေခင်ဗျား