ငရဲ
11:19 PM | Author: sankooo







ယခု လူ့ပြည်၌ ပြစ်မှုကျူးလွန်သူတို့၏ ကျရောက်ခံစားဖို့ရာ အကျဉ်းထောင်များ တည်ရှိသကဲ့သို့ သတ္တ၀ါတို့၏တည်နေရာ ဤကမ္ဘာတွင်း၌လည်း မကောင်းမှုဒုစရိုက် ကျူးလွန်သူတို့၏ ကျရောက်ခံနေဖို့ရာ ငရဲထောင်များ တည်ရှိကြသည်။ ထို ငရဲထောင်ကား သတ္တ၀ါတို့ကံလျှင် အရင်းခံ၍ ဥတုကြောင့်ဖြစ်နေသော ကမ္မမစ္စယ ဥတုဇရုပ်တရားတည်း။ ထိုငရဲသည် သတ္တ၀ါတို့ ကံအားလျော်စွာ အမျိုးမျိုးတည်ရှိနေရုံမျှသာမက လူ့ဘုံနှင့်နီးကပ်သော မြေအတွင်းမှာပင် လောဟကု မ္ဘီ သံရည်ငရဲရှိသည်။ ငရဲကြီးရှစ်ထပ်တို့မှာ..


(၁) သိဥ္စိုးငရဲ


(၂) ကာဠသုတ်ငရဲ


(၃) သံဃာတငရဲ


(၄) ရောရုဝငရဲ


(၅) မဟာရောရုဝငရဲ


(၆) တာပနငရဲ


(၇) မဟာတာပနငရဲ


(၈) အ၀ီစီငရဲ


ငရဲတစ်ထပ်တစ်ထပ်၌ ပါဝင်သောငရဲတို့မှာ..


(၁) ဘင်ပုပ်ငရဲ


(၂) ပြာပူငရဲ


(၃) လက်ပံတောငရဲ


(၄) သန်လျက်ရွက်တောငရဲ


(၅) ဝေတ္တရဏီ ခေါ် “သံရည်မြစ်ငရဲ” ဟူ ၍


ငရဲ (၅)ထပ်တို့ တံတိုင်းခတ်သကဲ့သို့ ရံပတ်၍ နေသည်။ ထိုငရဲ (၅) ထပ်ကို ဥဿဒငရဲဟုခေါ်သည်။

This entry was posted on 11:19 PM and is filed under , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: