ဘယ်အလုပ်မဆို ကိုးကားစရာ အားထားစရာ ရှိမှ ယုံစရာကောင်းပါတယ်..


ကိုးကားစရာ မရှိရင် မခိုင်မာဘူးလို့ ပြောလို့ရတယ်.


ဥပမာ- paper တစ်စောင် ရေးတဲ့အခါ references or bibliography ဆိုတာ ရှိကိုရှိရမယ်..


ဒါမှ ဒီလုပ်ရပ် ခိုင်မာတယ် လို့ ယုံကြည်လို့ ရတယ်..


ထေရ၀ါဒမှာ အားကိုးစရာ ကိုးကားစရာတွေ အများကြီးပဲ..


သမိုင်းကြောင်း ကြည့်မလား


ကျင့်စဉ်တွေကြည့်မလား


စည်းကမ်းတွေကြည့်မလား


အဲဒါတွေနဲ့ ပက်သက်တဲ့ အထောက်အထား တွေ ပြည့်စုံအောင် ရှိတယ်..


အခု ဗမာတွေ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာ ဟာ တကယ် ဗုဒ္ဓရဲ့ အယူဝါဒဘာဆိုတာ ဘယ်လိုသက်သေပြမလဲ..


အဲဒီ့အတွက် အဖြေရှိတယ်…


ဘယ်မှာမှ မရှိတဲ့ သင်္ဂါယနာ တင်တာ ထေရ၀ါဒမှာ အစဉ်အဆက်ရှိခဲ့တယ်..အဲဒါ အခိုင်အမာပဲ..









































သင်္ဂါယနာနေရာခုနှစ်
ပထမရာဇဂြိုဟ်ပြည်B.C 543
ဒုတိယဝေသာလီပြည်B.C 443
တတိယပါဋလိပုတ်ပြည်B.C 309
စတုတ္ထသီဟိုဠ်ကျွန်းB.C 94
ပဉ္စမမန္တလေး၊ မြန်မာကောဇာ-၁၂၂၂-၁၂၃၃
ဆဋ္ဌမရန်ကုန်၊ မြန်မာကောဇာ-၁၃၁၆


သံဃာတော် အရှင်သူမြတ်တွေ စုပေါင်းရွတ်ဆိုပြီး ထေရ၀ါဒကို ထိန်းသိမ်းခဲ့ကြတာ အဲလို မှတ်တမ်းတွေ
အခိုင်အမာရှိတယ်ဗျာ
..သိပ်အားရစရာကောင်းတယ်..
ဗုဒ္ဓ ပရိနိဗ္ဗာန်မပြုမီ ဗုဒ္ဓရှိနေဆဲ ကာလရဲ့အယူဝါဒကို ဗုဒ္ဓ၀ါဒ (သို့) ဗုဒ္ဓဓမ္မ လို့ ခေါ်တယ်..
ထေရ၀ါဒ ဆိုတာက ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီး အချိန်ကနေ စပြီး ဖြစ်ပေါ်လာတာပါ..
ဒါ ကြောင့် B.C (543) ကနေ ထေရ၀ါဒ ကို စပြီး ရေတွက်နိုင်ပါတယ်..
အဲဒီ့ နှစ်တွေကို သာသနာ နှစ်လို့ ခေါ်ဆိုပါတယ်..
အခုဆိုရင် သာသနာနှစ်ဟာ ၅၄၃ + ၂၀၀၉ = ၂၅၅၂ ရှိပါပြီ။

အဲလို ကြာရှည်တဲ့နှစ်တွေမှာ ဗုဒ္ဓရဲ့ ၀ါဒကို ထိန်းသိမ်းပေးခဲ့တာ ရဟန်းတွေပါပဲ..သိပ်ကို ကျေးဇူးတင်စရာကောင်းတယ်ဗျာ..

ကြားဖြတ် ထင်မြင်ချက်..
(အဲလို ကျေးဇူးကြီးတဲ့ ရဟန်းတွေကို အမြဲ လေးစားနေရမှာ မွေးရာပါ တာဝန်ပဲ..အပြင်မှာ ရဟန်းတချို့ ညစာ စားမိတာ တွေ့ ကောင်းတွေ့မိမယ်..
ဗီဒီယို ကြည့်တာတွေ တွေ့မိကောင်းတွေ့မိမယ်…လက်ဖက်ရည်ဆိုင်တွေမှာ တွေ့မိကောင်းတွေ့မိမယ်..
ဒါကို လူတွေက ဝေဖန်မိရင် ဝေဖန်တဲ့သူ ဟာ အပြစ် ရှိမှာပဲ..လူတွေအနေနဲ့ ရဟန်းတွေ အပေါ်မှာ ဘာမှ အပြစ် တင်စရာ စွမ်းအားမရှိဘူး..ပြောမိတဲ့သူ အပြစ် ကျမှာပဲ..ရဟန်းမှာ သီလ တွေ လူထက်စောင့်ထိန်းထားရတာ အများကြီး..လူတွေနဲ့ အကွာကြီးရယ်..
ဒါကြောင့် ရဟန်းကို စော်ကားရင် ဘယ်သူပဲ ဖြစ်ဖြစ် အပြစ်ကြီးမှာပဲ..)

ဒီသာသနာမှာ တကယ်လုပ်ပြီး နိဗ္ဗာန်ကို စံဝင်သွားတဲ့ ရဟန်းတော်တွေလည်း သက်သေ သာဓက အနေနဲ့လည်း ရှိတယ်ဗျာ..
အဲတော့ ပန်းတိုင် လည်းရှိတယ်..သမိုင်း လည်းရှိတယ်..ကျမ်းတွေလည်း ခိုင်ခိုင်မာမာရှိတယ်..ပြီးတော့ ဒီကျမ်းတွေဟာလည်း ထင်သလို ပြောင်းလဲ ထားတာမရှိဘူး..ဘယ်အချိန်မဆို မူရင်းအတိုင်းပဲ..
ဒါဟာ စစ်မှန်ကြောင်းပြတဲ့ သက်သေ အထောက်ထားတွေပဲ..
အဲလို သာသနာကို ကိုးကွယ်ရတာ သိပ်ဂုဏ်ယူစရာကောင်းတယ်..
အရှင်ကောသလ္လတရားထဲမှာ ပရိတ်သတ်ကို မေးထားတဲ့ မေးခွန်းရှိတယ်..ဘာလဲဆိုတော့..
ဒီလို ခိုင်မာတဲ့ ဗုဒ္ဓတရားဟာ ဘာလို့ ကိုးကွယ်တဲ့ဦးရေ ကမ္ဘာမှာ လျော့နည်းနေတာလဲ တဲ့..
ဒါကို ကျွန်တော် စမ်းဖြေကြည့်မယ်..
ဗုဒ္ဓဘာသာကို တန်ဖိုးထားရကောင်းမှန်း ဂုဏ်ယူရကောင်းမှန်းမသိတဲ့ သူတွေကြောင့်ပဲ..
လူငယ်ပိုင်းက ကြည့်မယ်ဆိုရင်..(ဗုဒ္ဓဘာသာဝင်ဖြစ်ပြီးသားပြောတာပါ)
အခုခေတ် လည်ပင်းမှာ Cross တွေ ချိတ်ဆွဲလာတာ များလာတယ်..
အဆိုတော်တွေက ချိတ်..တော့ ခေတ်မီတယ်ထင်လို့လားတော့ မသိဘူး ဒါကို ချိတ်ဆွဲလာတယ်..ကိုယ်ကိုယ်တိုင်က တော့ ဗုဒ္ဓဘာသာပါဆိုပြီး လည်ပင်းမှာတော့ cross ကိုဆွဲတယ်..အဲဒါ အပျော်လုပ်တာဆိုပေမယ့် ကိုယ့်ရဲ့ ဘာသာကို ယုံကြည်စိတ်နည်းသွားစေတာပဲ..ယုံကြည်စိတ်နည်းသွားလို့လဲ..ဒီလို Cross တွေ ဆွဲတာပဲလေ..ကိုယ့်ဘာသာကို တန်ဖိုးထားရကောင်းမှန်းသိတဲ့သူ ဗဟုသုတ ရှိတဲ့သူ ဘယ်တော့မှ ဒါမျိုးမဆွဲဘူး..အဆိုတော် သရုပ်ဆောင် တယောက်က ဆွဲတော့ ပရိတ်သတ်က လိုက်ဆွဲတယ်..
ကျွန်တော် ထင်တယ်..ဒါဟာ ထေရ၀ါဒကို ကိုးကွယ်သူတွေရဲ့ ယုံကြည်မှု ညှိုးနွမ်းလာတာပဲလေ..အဲလိုညှိုးနွမ်းလေတော့ အစစ်သမားတွေ နည်းနည်းလာတယ်..ဒါခန့်မှန်းကြည့်တာ..
ဘာလို့လဲ ဆိုတော့ အဲလိုယုံကြည်မှုအားနည်းတဲ့ သူတွေက တခြားဘာသာက ဆွယ်တဲ့ ဘက် ကို ရောက်လွယ်တယ်..အမှန်တိုင်းပြောရင် ခရစ်ယာန်ဘာသာက လည်း အဆွယ်က ကောင်း ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ သူတွေကလည်း ဗဟုသုတတွေ နည်းလေတော့ ပါသွားပါလေရော..
အဲတော့ ကိုးကွယ်တဲ့သူ နည်းပါးလာတာပဲ လို့ ထင်တယ်..
လူကြီးတွေပိုင်းက ကြည့်ရင် လည်း..
နတ်တွေ ၀ိဇ္ဇာတွေကို လာဘ်လိုချင်လို့ ကိုးကွယ်တယ်..
အဲတော့ အမှန်တရားထဲမှာ အတုအယောင်တွေ ၀င်လာရော..အဲလိုလူတွေက..အစစ်တွေ လုပ်ဖို့ မေ့နေပြီး..အတုယောင်တွေချည်း ငွေလိုချင်တာနဲ့ လုပ်လေတော့ ထေရ၀ါဒရဲ့ အမှန်တွေ မသိတဲ့သူ များများလာမှာပဲ..ဒါလည်း အမှန်တွေနည်းပြီး အမှားတွေ တိုးလာခြင်းရဲ့ အကြောင်းပဲ..
ကျွန်တော် ပြောချင်တာ ဒီပိုစ့်မှာ ထေရ၀ါဒမှာ အားကိုးစရာတွေ ရှိတယ်ဆိုတာ ရယ်..
ဒါတွေကို တန်းဖိုးထားစေချင်တာပါပဲ..
reference:
အရှင်ကောသလ္လတရား
သင်္ဂါယနာ သမိုင်းစုံ
ဒီပိုစ့်မှာ ကျွန်တော် ရေးထားတာ ကိုးကားစရာ ဒေတာ တချို့ နဲ့ ကျွန်တော်ယူဆချက်တွေ ကို ရေးထားတာပါ.
စာအုပ်ကောင်းတခု မျှလိုက်ပါတယ်..http://www.encyclodict.blogspot.com/ အဲဒီ့ ဘလောဘ့်မှာ တွေ့လို ပြန်တင်ပေးလိုက်ပါတယ်..
အဲဒီစာအုပ်ကတော့ သင်္ဂါယနာ သမိုင်းစုံ စာအုပ်ပါ..
This entry was posted on 1:28 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

4 comments:

On September 11, 2009 at 9:58 AM , buyvigrx said...

thanks !! very helpful post!

 
On October 7, 2009 at 5:21 AM , buyvigrx said...

Hey very nice blog!! Man .. Beautiful .. Amazing .. I will bookmark your blog and take the feeds also...

 
On October 10, 2009 at 12:04 PM , tioudx said...

bccCV1 qxnrjkpporur, [url=http://sfrtfbiqbxum.com/]sfrtfbiqbxum[/url], [link=http://etrontekrtky.com/]etrontekrtky[/link], http://mixqndkkepjs.com/

 
On November 1, 2009 at 5:15 AM , Pharmg110 said...

Very nice site!