ထေရ၀ါဒ ဗုဒ္ဓဘာသာ
4:01 AM | Author: sankooo
ထေရ၀ါဒ ၏ အဓိပ္ပါယ်
(၁) ရှင်မဟာကဿပ အစရှိသော မထေရ်အရှင်မြတ်ကြီးများ၏ အယူဝါဒ
(၂) သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာ ဟူသော သိက္ခာ သုံးရပ်တို့ဖြင့် ခိုင်မြဲသော အယူဝါဒ
(၃) ပရိယတ္တိသာသနာ (ပါဠိတော် နှင့် အဋ္ဌကတာကျမ်းစာများ)
ပဋိပတ္တိသာသနာ (တရားတော်အတိုင်းကျင့်ကြံအားထုတ်မှု)
ပဋိဝေဓသာသနာ(မဂ် ဖိုလ် နိဗ္ဗာန် တရားကို သိကြ ရကြမှု)
ဟူသော သာသနာသုံးရပ်တို့ဖြင့်ခိုင်မြဲသော အယူဝါဒ
(၄) ပိဋက သုံးပုံ (၀ိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မပိဋက) နှင့် တုတ်နှောင်ထားသော ခိုင်မြဲနေသော အယူဝါဒ
ထိုလေးချက်ဖြင့် ညီညွတ်သော အယူဝါဒသည် ထေရ၀ါဒ ဖြစ်ပါသည်။
ထိုအချက် လေးချက်ဖြင့် မကိုက်ညီသော ကိုးကွယ်မှု ယုံကြည်နေမှုသည် ထေရ၀ါဒ မမှန်ပါ။

ထေရ၀ါဒနှင့်မကိုက်ညီသော ကိုးကွယ်မှု
ဥပမာ (၁)-
အများ ယုံကြည် နေသော အရှင် ဥပဂုတ္တ မထေရ်သည် ထေရ၀ါဒ ကျမ်းဂန်များတွင် မပါရှိဟု- အရှင် ကောသလ္လ သည် သူ့၏ တရားထဲတွင် အခိုင်အမာ အတည်ပြုထားပါသည်။
(ထိုတရားကို ကျွန်တော့် ဘလောဘ့် ၏ sidebar ရဲ့ mp3 player တွင် နာယူနိုင်ပါသည်-တရားတော်အမည် ထေရ၀ါဒမိတ်ဆက်)
ထိုကြောင့် အရှင် ဥပဂုတ္တကို ကိုးကွယ်နေခြင်းသည် ထေရ၀ါဒ ကိုးကွယ်ခြင်းမမည်ပါ..
သူ့၏ သမိုင်းသည် မဟာယာန ဘာသာ တွင်သာ ပါပါသည်..
(ထေရ၀ါဒကို သန့်ရှင်းစေရန် ထည့်ရေးခြင်းဖြစ်ပါသည်။)

ဥပမာ (၂)

arahan arahan
arahan arahan

ထိုဥပမာများကို ကြည့်ခြင်းအားဖြင့် ထေရ၀ါဒတွင် ဖြည့်စွက်ထပ်ဖြည့်မှုများ ရှိနေခြင်းတွေ့ရသည်။
ထေရ၀ါဒ ဗုဒ္ဓဘာသာ ၏ ထူးခြားသော အချက်များမှာ..
(၁) လွတ်လပ်မှုရှိသည် (လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်) (Freedom)
(၂) ကြောက်ရွံ့မှုကင်းသည် (Fearless)
(၃) မျှတမှုရှိသည် (Fairness)

ထို့အပြင် ဗုဒ္ဓဘာသာသည်
(၁) ပြုပြင်ပြောင်းလဲခြင်းမရှိ (no change & modify)
(၂) ထပ်ဖြည့်ခြင်းမရှိ (no added)
(၃) နုတ်ပယ်ခြင်းမရှိ (no omitted)
ထိုအချက်များကို ထောက်ခြင်းဖြင့် ဗုဒ္ဓဘာသာတိုင်း ထေရ၀ါဒ စစ်စစ်ဖြင့် အစဉ်အမြဲ ကိုးကွယ်သင့်ပါသည်။
တရားတော်များကို ပုံမှန်နာကြားပြီး ထေရ၀ါဒ စစ်စစ်ကို ကိုးကွယ်သင့်ပါသည်
ပြီးနောက် ထိုအမှန်တရားများကို ဖြန့်ဝေသင့်ပါသည်။
အခြား ကိုးကွယ်မှုအတုအယောင်များ ရောနှောလာလျှင် ထေရ၀ါဒစစ်စစ်များ မှေးမှိန်နိုင်ပါသောကြောင့် ဒီပို့စ်ကိုရေးလိုက်ပါသည်..

ထို စာသားများသည် အရှင်ကောသလ္လတရားမှ နာယူပြီး ကူးယူရေးသားလိုက်ပါသည်။
ထိုတရားကို ကျွန်တော်၏ ဘလောဘ့် sidebar တွင် နာယူနိုင်ပါသည်။
This entry was posted on 4:01 AM and is filed under , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

3 comments:

On July 24, 2009 at 4:54 AM , Bodyc said...

Can i take a one small photo from your site?
Thanks
Bodyc

 
On July 24, 2009 at 10:24 PM , admin said...

u mean which one photo?

 
On July 24, 2009 at 10:40 PM , admin said...

comment တွေအတွက် ကျေးဇူးပြန်တင်ပါတယ်
ကျွန်တော်လည်း အချိန်ရရင် ရသလိုဆက်ရေးပါ့မယ်..