Buddhism is Universal
4:31 AM | Author: sankooo
ဒီနေ့ သီတဂူဆရာတော် တရားကို နာယူပြီး မှတ်သားလိုက်ရတာလေးက..အားလုံးသိထားသင့်တာလေးပါ..
ကျွန်တော် ရေးလိုက်တာကို ဖတ်သင့်သလို ဆရာတော်ကြီးတရားကို လည်းနာဖြစ်အောင်နာသင့်ပါတယ်..

English Poem လေးတပိုဒ်ရဲ့ ပထမ အပုဒ်ကို စရေးချင်ပါတယ်..အဲဒါက..
James Shirley (1596-1666) က ရေးသွားတာပါ..အဲ သူ့ရဲကဗျာက..

Death the Leveller


"THE glories of our blood and state
Are shadows, not substantial things;
There is no armour against Fate;
Death lays his icy hand on kings:
Sceptre and Crown
Must tumble down,
And in the dust be equal made
With the poor crooked scythe and spade."

ကဗျာလေးက ကောင်းပါတယ်..
ကဗျာလေး ခေါင်းစဉ်ရဲ့သဘောကိုက သေခြင်းတရားသာပဲ အားလုံးကို ညှိပေးနိုင်ပါတယ်တဲ့..
ပထမ အပုဒ်လေးပါပဲ အကုန်မဟုတ်သေးပါဘူး..အကုန်လိုချင်ရင်တော့ Google မှာ ရိုက်ရှာပါတော့.
အကြမ်းပြင်း ဘာသာပြန်ကြည့်မယ်ဆိုရင်
ကျွန်တော်တို့ရဲ့ အောင်မြင်ကျော်ကြားမှုတွေဟာ အတုအယောင်တွေပါပဲ
တကယ်တော့ အရေးကြီးတဲ့ အရာတွေ မဟုတ်ပါ.
သေခြင်း ပျက်စီးခြင်း တို့အတွက် အကာအကွယ်တွေ ဖြစ်လာမှာမဟုတ်ပါဘူး..
အာဏာနှင်တံ ဒါမှမဟုတ် သရဖူကို ဆောင်းထားတဲ့ ဘုရင် ဘုရင်မဖြစ်ဖြစ်..
တံစဉ် ဂေါ်ပြား ကိုပဲ ကိုင်ဆောင်ထားတဲ့ ဆင်းရဲသားလေးပဲ ဖြစ်ဖြစ်..
သေခြင်းတရားဟာ အတူတူပါပဲ.

ဒါ ကျွန်တော် ဘာသာပြန်ကြည့်လိုက်တာပါ..လိုအပ်ချက် ရှိကောင်းရှိမယ်..
မိတ်ဆွေတို့ လည်း စိတ်ပါရင် ကဗျာ အစအဆုံးရှာပြီး ဘာသာပြန်ကြည့်ကြပေါ့.
အဓိက ကျွန်တော် ပြောချင်တာက..ဒီကဗျာလေးရဲ့ သဘော အရမ်းကောင်းပါတယ်..ဒါပေမယ့် ချီးကျူးမစောနဲ့ဦး..
အဲဒီ့ သဘောကို သူတို့ ဘယ်က ယူချပြီး ရေးထားသလဲ..ဆိုတာ စဉ်းစားစရာပါ..
ဘာလို့ လည်း ထေရ၀ါဒ သဘောနဲ့ တူနေတယ်လေ..
ထင်တဲ့အတိုင်းပါပဲ..
သီတဂူဆရာတော် ဟောထားတဲ့ တရားထဲမှာ ဗုဒ္ဓ က ဒီသဘောကို အရင်တည်းက ဟောထားပြီးသားပါ တဲ့
ဆရာတော်က တော့ ပါဠိ လိုလေး ရွတ်လိုက်တယ်ဗျ..ကျွန်တော်က ချမရေးတတ်လို့ အသံဖိုင်လေး တင်လိုက်တယ်.
နားထောင်ကြည့်ပါ..
(အောက်က player လေး ဖွင့်ရင် IDM ရှိနေရင် ဒေါင်းလုပ်ပဲ လုပ်ခိုင်းပါလိမ့်မယ်..အွန်လိုင်းနားထောင်ဖို့အတွက် တော့ IDM မရှိရင် ပိုအဆင်ပြေတယ်)


[audio:http://www.fileden.com/files/2009/6/5/2466828/dhamma.mp3|autostart=no]


ဒီဖိုင်လေးကို ဆရာတော်ကြီးရဲ့ တရားထဲက ပိုင်းဖြတ်ပြီး တင်ပေးလိုက်တာပါ..
ဗုဒ္ဓ ဟောတဲ့ ပါဠိရဲ့ အနက် မြန်မာ ပြန် အကျဉ်းချုပ်လေးကလည်း ..ဒီသဘောကိုပဲ ဟောထားခဲ့ပြီးသားပါ.

ငယ်တဲ့သူပဲဖြစ်စေ ကြီးတဲ့သူပဲဖြစ်စေ သေခြင်းတရားဟာအတူတူပါပဲ
လူမိုက်ဖြစ်စေ သူတော်ကောင်းဖြစ်စေ သေခြင်းတရားဟာအတူတူပါပဲ

အဲတော့ ဗုဒ္ဓဟောထားတာများကို သူတို့ တွေ ဘယ်လို ခိုးချ အသုံးချ အတုယူ ရေးထားတယ်ဆိုတာ သိနိုင်ပါတယ်..
အဲလိုပါပဲ ဆရာတော် တရားထဲမှာ
ဗုဒ္ဓတရားများကို ခရစ်ယာန်တွေ ယူသုံးထားတဲ့ ဥပမာ တခုက..
Donelson Christian Academy, Nashville State, U.S.A.
အဲဒီ့ အမေရိကန်ခရစ်ယာန်ကျောင်းက ချမှတ်ထားတဲ့ ခရစ်ယာန် ဘုန်းကြီးတွေအတွက် စည်းကမ်းအားလုံးကလည်းပဲ..
ဗုဒ္ဓရဲ့ ရဟန်းတော်များ စောင့်ထိန်းနေတဲ့ (၂၂၇) သိဏ္ခာပုဒ် တွေထဲက ၀ိနည်းတွေကို ယူသုံးထားတယ်လို့ ဆရာတော်ကြီး အတွေ့အကြုံရ ဟောထားပါသေးတယ်.
(ဆရာတော်က အဲဒီ့ ကျောင်းမှာ စာသင်ပေးခဲ့ဖူးပါတယ်)
သူတို့ ချမှတ်ထားတဲ့ စည်းကမ်းအချက်တွေက ၀ိနည်းတွေနဲ့လာတူနေပါတယ်

ဒါဟာ ထေရ၀ါဒရဲ့ တန်ဖိုးရှိတဲ့ ၀ိနည်းတွေကို အခွင့်မရှိ ယူသုံးခြင်းတွေပါပဲ..Reference မရှိပဲ ကိုယ်တိုင်ပဲ သိသလိုလိုနဲ့ ယူသုံးထားတာ သိနိုင်ပါတယ်..
အော်..ဗဟုသုတ ရစရာ လေး ထပ်ပြောလိုက်ဦးမယ်..

ဦးကောသလ္လဟောထားတဲ့တရားထဲကပါ..
Jesus Christ သည် ဗုဒ္ဓ နောက် နှစ်ပေါင်း ၆၂၃ နောက်ကျပြီးမှ ပေါ်လာတာပါ..

ဆရာတော်ကြီးဟောလိုက်တဲ့အချက် သိပ်ကောင်းတယ်..

Buddhism is universal
ဗုဒ္ဓ၀ါဒသည် အလွန်ကျယ်ပြန့်ပြီး ကမ္ဘာကုန် လူသားအားလုံးအတွက် ဖြစ်ပါသည်။



Reference:
သာသနာတော် ကြီးပွားတိုးတက်ကြောင်းတရားတော် - သီတဂူဆရာတော်ဘုရားကြီး
http://www.daypoems.net (The DayPoems Poetry Collection)
This entry was posted on 4:31 AM and is filed under , , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: