အခု ကျွန်တော် ရေးမှာလည်းပဲ သီတဂူဆရာတော် တရားကို နာပြီး ရေးချင်တာ ရလာလို့ ချရေးလိုက်ပါတယ်.
ထေရ၀ါဒမှာ
ဘာမှ ထပ်ဖြည့်ခြင်း မလုပ်သင့်ဘူး
ဘာမှ နုတ်ပယ်ခြင်း မလုပ်သင့်ဘူး
ဘာမှ ပြင်ဆင်ခြင်း မလုပ်သင့်ဘူး ဆိုတာတွေကို အထောက်အထားတခုနဲ့ ပြောချင်ပါတယ်..
အဲလို ဘာမှ
ထပ်ဖြည့်
နုတ်ပယ်
တည်းဖြတ်ခြင်း မရှိတဲ့ ဘာသာကိုမှ ထေရ၀ါဒလို့ ခေါ်တွင်ခြင်း မည်ပါတယ်..
အဲတော့ အဲဒီ သုံးချက် လုပ်ထားလို့ကတော့ ထေရ၀ါဒ မမည်ဘူး မခေါ်တွင်နိုင်ပါဘူး.
ဘာလို့ ဒီလို ပြောလဲ ဆိုတော့ ..ဒီနေ့ ဆရာတော်ကြီးတရားကို နာလိုက်တာ မှတ်စရာတခု ရလာပြန်တယ်..
အဲဒါက..
မြတ်စွာဘုရားဟောထားခဲ့ တဲ့
ရဟန်း နဲ့ သာသနာ ကြီးပွားကြောင်း မပျက်စီးကြောင်း တရား ပါပဲ..
(၇)ချက် ရှိပါတယ်.

  • မပြတ်မပြတ် စည်းဝေးတိုင်ပင် ၍ စုပေါင်းဆောင်ရွက်ကြရမယ်
    (မကြာခဏ အကြိမ်များများ အစည်းအဝေးပြုလုပ်ကြရမယ်)

  • တပြိုင်နက်တည်း တညီတညွတ်တည်း စည်းဝေးကြရမယ်
    (ကိုယ်စိတ်နှစ်ရပ် ညီညွတ်စွာ ဆောင်ရွက်ကြရမယ်)

  • ကြီးသူကို ရိုသေကြရမယ်
    (သံဃာ အကြီးအကဲ မထေရ်ကြီးတို့ကို အရိုအသေအလေးအမြတ် ရှိရမယ်)

  • ရှေးမူ မပျက်ထားရမယ်
    မပညတ် ထားတာတွေကို အသစ်ထပ်ထည့်ခြင်း မပြုလုပ်ရ
    ပညတ်ထား ပြီးသားတွေကိုလည်း နုတ်ပယ်ခြင်း ပြင်ဆင်ခြင်း မပြုလုပ်ရ

  • ဆိတ်ငြိမ်မှုကို ပျော်ပိုက်ရမယ် မြတ်နိုးရမယ်

  • ဒုဏ္ခအမျိုးမျိုး ဖြစ်စေတဲ့ တဏှာကို အလိုမလိုက်ရ

  • သာသနာ ကို မြတ်နိုးတဲ့သူတွေကို ဖိတ်ခေါ်ရမယ်
    သာသနာ ကို မြတ်နိုးတဲ့သူတွေကို ပျော်အောင် ထားရမယ် စိတ်ညစ်အောင်မလုပ်ရ



ဒါဘုရားရှင် ဟောထားခဲ့တဲ့ သတိပေးခဲ့တဲ့ တရားပါပဲ.
ဘုရားရှင် ပရိနိဗ္ဗာန်မပြုမီ တနှစ်အလိုလေးမှာ မှာထားခဲ့တဲ့ တရားပါ.
အဓိကကတော့ ရဟန်းတွေကို ဟောခဲ့တာပါ.
ခေါင်းစဉ်ကိုက သာသနာတော် ကြီးပွားကြောင်းဆိုတော့..
အဲဒီ့ တရား (၇) ပါးအတိုင်း လိုက်နာ ကြမယ်ဆိုရင် သာသနာတော်ဟာ အစဉ်အမြဲ ခိုင်မြဲ နေမှာပါပဲ တိုးပွားနေမှာ ပါပဲလို့ အဓိပ္ပါယ်ရပါတယ်

ဒီ (၇) ရပ်တိုင်းမလိုက်နာခဲ့ရင် သာသနာတော် ခိုင်မြဲမှာ မဟုတ်ပါ ကိုးကွယ်သူ လျော့နည်း သွားမှာပါပဲ.
အဲတော့ ဒီတရား (၇) ပါးကို ကြည့် ခြင်းဖြင့် ကျွန်တော်တို့လည်းပဲ ထေရ၀ါဒ စစ်စစ်ကို ဘာမှ အပိုအလို မထည့်ပဲ ကိုးကွယ်သင့် ပါတယ်လို့ ဆိုချင်ပါတယ်.
ကျွန်တော် အရှေ့က ပိုစ့်မှာ ရေးထားခဲ့ တဲ့ အတိုင်းပဲ.
ထေရ၀ါဒဗုဒ္ဓဘာသာ ဆိုတာ ဗုဒ္ဓ၀ါဒ ဓမ္မ၀ါဒ အစစ်ပါ.
ဘုရားရှင် ရှိတုန်းကတော့ ဗုဒ္ဓ၀ါဒပေါ့ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နောက်ပိုင်းမှသာ ထေရ၀ါဒလို့ ခေါ်တွင်ခဲ့ပါတယ်.
ဘာလို့ ထေရ၀ါဒဟာ ဗုဒ္ဓရဲ့ ၀ါဒ အမှန်လည်း ဆိုတာတော့ ကျွန်တော် ပြောခဲ့ပြီးပါပြီ..သင်္ဂါယနာတင်တဲ့သမိုင်းပါပဲ
ဒီတော့ ဗုဒ္ဓဘာသာ အစစ်ဆိုတာ ထေရ၀ါဒ ပါပဲ
ထေရ၀ါဒ ဖြစ်ပြီဆိုရင်လည်း ဘာမှ အသစ် ထပ်ဖြည့်ခြင်း၊ နုတ်ပယ်ခြင်း၊ ပြင်ဆင်ခြင်းတွေမပြုသင့်ဘူးဆိုတာ ထင်ရှားပါတယ်.
ထေရ၀ါဒမှာ မပါတဲ့ အရာတို့ ကို အထူးရှောင်ရှားသင့်ပါကြောင်း ကျွန်တော် ပြောချင်ပါတယ်
ဘယ်အရာတွေက ထေရ၀ါဒမှာ မပါဝင်ဘူးဆိုတာတွေကို တော့ ဆရာတော်များရဲ့ တရားတွေနာယူပြီး ကိုယ်ရဲ့ ကိုးကွယ်မှုကို စစ်မှန်အောင် တိကျအောင် သန့်ရှင်းစေချင်ပါတယ်ဗျာ..
အဲဒါ ကျွန်တော့်  ဘလော့ဘ်ရဲ့ ရည်ရွယ်ချက် ပါပဲ.
ဒါကြောင့် အရှင်ကောသလ္လရဲ့ တရားတော်ထဲက အတိုင်း..ပြောရမယ်ဆိုရင်
သင်္ဂါယနာမှာ မပါတဲ့ ကိုးကွယ်မှု ယူဆမှုတွေကို ဖယ်ရှားသင့်ပါပြီ..ဘယ်လိုဟာမျိုးတွေလဲ

-ရှင်ဥပဂုတ္တ ကိုးကွယ်မှု
-နတ် တွေ ၀ိဇ္ဇာတွေကို အိမ်မှာ ပုံတွေ ရုပ်ထုတွေထားပြီး ကိုးကွယ်မှု
-သက်သက်လွတ်စားသုံးခြင်း..

- ဒါယေဘူယျ.အားဖြင့် မကျင့်သုံးသင့်သော ထေရ၀ါဒမဟုတ်သော လက်ခံယုံကြည်မှုတချို့ပါပဲ
ကျွန်တော်ပြောတာတွေမယုံရင် အရှင်ကောသလ္လ ရဲ့ တရားကို သေချာ အာရုံစိုက်နာလိုက်ပါ..
တရားတိုင်း နာဗျာ..အရှင်ကောသလ္လဆိုတာ အားလုံးသိတဲ့အတိုင်းပဲ သာသနာ ကို တိုးတက်အောင်ကြီးပွားအောင် ဆောင်ရွက်နေတဲ့ သာသနာ့အာဇာနည် တွေထဲက ရဟန်းမြတ် တပါးပဲ..
အဲဒီ့ မပညတ်ထားတာတွေ အကွန့် တက်ပြီး ကိုးကွယ်ယုံကြည်မှုမျိုး လက်ခံနေတဲ့စိတ်ထားမျိုး ရှိနေမယ်ဆိုတာဟာ သံသယပါပဲ..ဘယ်အပေါ်မှာ ဖြစ်သွားတဲ့သံသယလဲ ဆိုတော့ ဗုဒ္ဓဘာသာအပေါ်မှာလေ..
ဒါလေး ထပ်ဆောင်းကိုးကွယ် ယုံကြည်လိုက်မှ လုံခြုံသွားမယ်အားကိုးစရာဖြစ်သွားမယ်လို့ ယုံကြည်လိုက်တဲ့သံသယပါပဲ..
အဲဒီ့သံသယလေးဟာ အယူမှားခြင်း ရဲ့ အစပါပဲ..
ကိုယ်လုပ်နေတာကို အယူမှန်ခြင်ရင် ဘုရားဟောတာကို အတိအကျလေး လိုက်နာဖို့ ကောင်းတယ်..ဒါဆိုရင် ကိုယ့်ရဲ့ ဘ၀သံသရာကြီး ဟာ အယူမှန်ခြင်းကို ဦးတည်နိုင်သွားဖို့ အကူအညီ အထောက်အပံ့ဖြစ်သွားမှာ သေချာတယ်..

ထေရ၀ါဒမည်အောင် ကိုးကိုယ်ကြပါ..ထေရ၀ါဒ မမည်ရင်လည်း (အမှန်တရား) ဗုဒ္ဓ၀ါဒ အမှန်မဟုတ်တော့ပါ။
This entry was posted on 10:43 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: